unicode
AR Ads များကို စမ်းသပ်နေတဲ့ Facebook
Augmented Reality နည်းပညာဟာ Facebook ပေါ် ရောက်လာပါပြီ။ ဒီနည်းပညာဟာ Facebook မှာ Shopping ထွက်ဖို့ အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။ Facebook က အမေရိကန်မှာ Augmented Reality Ads များကို စမ်းသပ်နေပြီး ÄR နည်းပညာကို အသုံးပြုထားတဲ့ ကြော်ညာများ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Virtual Fitting Room သဘောမျိုး ဖြစ်ပါတယ်။ ဥပမာအားဖြင့် Facebook မှာ မျက်မှန်ကြော်ညာ တစ်ခုကို တွေ့တဲ့ အခါ အဲဒီ မျက်မှန်ကို သင် ဝတ်ဆင်လိုက်ရင် ဘယ်လို ပုံသဏ္ဍာန် ရှိမလဲဆိုတာကို ပြသပေးပါတယ်။
အဲဒီအတွက် သင်နဲ့ မလိုက်ဖက်တဲ့ ကုန်ပစ္စည်းကို အွန်လိုင်းမှာ မှားယွင်း ဝယ်ယူမိတဲ့ အဖြစ်မျိုး မဖြစ်တော့ပါဘူး။ Users များဟာ အနာဂတ်မှာ Facebook မှာ ရောင်းချတဲ့ လူသုံးကုန် ပစ္စည်းများ၊ ပရိဘောဂများ၊ အလှကုန်များနဲ့ အခြား ထုတ်ကုန်များကို AR နည်းပညာဖြင့် စမ်းသပ် အသုံးပြုကြည့်ပြီးတော့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီက နာမည်ကျော် စတိုးဆိုင်များ ဖြစ်တဲ့ Sephora, Wayfair, Pottery Barn တို့ အပါအဝင် အခြား စတိုးဆိုင်များနဲ့ ပူးပေါင်းထားပြီး AR Ads များကို စမ်းသပ်ဖို့ ပြင်ဆင်နေပါတယ်။ Facebook ဟာ ၂၀၁၆ ခုနှစ်မှာ AR Face Filter App ဖြစ်တဲ့ MSQRD ကို ဝယ်ယူခဲ့ပြီးနောက်မှာ Facebook နဲ့ Messenger Camera Features များမှာ Filters များကို ပိုမို ထည့်သွင်းပေးခဲ့ပါတယ်။