2018မှုာ ၀ယ်သင့်တဲ့ အကောင်းဆုံး iPhone Accessories လေးတွေ
0
1223
Zawgyi version
20100mAh Power Bank
ဆက်သွယ်ရန်ဖုန်း  09-794555888
Best Grip: PopSock
ဆက်သွယ်ရန်ဖုန်း  09-794555888
Unicode version
သင့်ရဲ့ iPhone လေးအတွက် Accessoriesကောင်းကောင်းလေးတွေ ရှာနေတယ် ဆိုရင်တော့ အောက်က list လေးကမင်းအတွက် အဆင်ပြေမှာပါ။
Best Selfie Stick: MpowSelfie Stick
ရောင်းအားအကောင်းဆုံးselfie stick တွေထဲကတစ်ခုလဲ ဖြစ်ပါတယ်။ MpowSelfie Stick က 270 ဒီဂရီလှည့်လို့ရပြီးအကောင်းဆုံးရိုက်ချက်တွေကိုရိုက်နိုင်မှာပဲ ဖြစ်ပါတယ်။ အရှည်ကတော့ 31.5 လက်မထိဆွဲဆန့်နိုင်ပြီး 7.1 လက်မအထိလဲခေါက်သိမ်းနိုင်တယ်ဆိုတော့ ပိုက်ဆံအိတ်ထဲလွယ်လွယ်ကူကူပေါ့ပေါ့ပါးပါးသယ်သွားနိုင်ပါသေးတယ်။ သူက ၁၈ လ အာမခံပေးထားပါသေးတယ်။
Best Portable Charger: Anker PowerCore
20100mAh Power Bank
မင်းကတစ်ကယ်လို့ တစ်လကိုတစ်ခေါက် ဒါမှမဟုတ် တစ်နှစ်ကိုတစ်ခေါက်လောက် အနည်းဆုံးခရီးသွားဖြစ်တယ် ဆိုရင်တော့ မင်းဖုန်းအတွက် သယ်ရလွယ်ကူတဲ့ charger လေးကတော့ မရှိမဖြစ်လိုအပ်နိုင်ပါတယ်။ Anker ဆိုတဲ့ charger လေးကတော့ ဈေးကွက်မှာနာမည်ရပြီးသားတံဆိပ်လေးလဲဖြစ်ပါတယ်။ Anker PowerCore 20100mAh Power Bank လေးကသင့်ဖုန်းလေးအတွက် တော်တော်ကိုအဆင်ပြေစေမှာပါ။ သူ့ရဲ့ ဘက်ထရီအားရယ် ဈေးလေးရယ် ဒီဇိုင်းနဲ့ အရွယ်အစားလေးကလဲပေးရတာနဲ့ တန်ပါတယ်။ သူက 6.5 x 2.3 x 0.9-inch high-capacity deviceလေးဖြစ်ပြီးတော့ iPhone 7 ကို ၇ ကြိမ်လောက်ထိအားသွင်းနိုင်ပါတယ်။ သူက USB ၂ ပေါက်ပါရှိတာဆိုတော့ တစ်ပြိုင်နက်ထဲဖုန်းနှစ်လုံးကိုအားသွင်းနိုင်ပါသေးတယ်။ သင့်ဖုန်းအားလေးအတွက် စိတ်ချရနိုင်တဲ့ gadget လေးတစ်ခုပါပဲ။
Anker Product များကို ၈၄ လမ်း ၃၃* ၃၄ကြား MMAS ဖုန်းဆိုင်တွင် လာရောက်ကြည့်ရှုနိုင်ပါသည်။
09-794555888
Best Grip: PopSock
ခုနောက်ပိုင်း iPhoneတွေကတစ်ဖြည်းဖြည်းနဲ့ နည်းပညာတွေက မြင့်လာပြီပဲ ဖြစ်ပါတယ်။ ကင်မရာ၊ ဘက်ထရီနဲ့ display တွေကလဲ ပိုပို ကောင်းလာကြပါပြီ။
မျက်နှာပြင်ကြီးတဲ့ ဖုန်းတွေဆိုလက်တစ်ဖက်ထဲနဲ့ ကိုင်ဖို့ကခက်ခဲနိုင်ပါတယ်။ ဒီaccessorieလေးကသင့်ဖုန်းရဲ့ နောက်ကျောဘက်ကနေကပ်ခွာပုံစံမျိုးနဲ့ ကပ်ထားပေးမှာဖြစ်ပါတယ်။ ဒီဇိုင်းတွေကလဲblack marble, pink donut, palm trees ဆိုပြီးဒီဇိုင်းအမျိုးမျိုးရှိပါတယ်။ သူကခရီးသွားတဲ့အချိန် ကားပေါ်တို့ ရထားပေါ်တို့မှာပိုအဆင်ပြေနိင်ပါတယ်။ ကားမောင်းရင်းနဲ့ လက်တစ်ဖက်ထဲ အားတဲ့ချိန်တို့ဆိုလက်တစ်ဖက်ပဲသုံးလို့ အဆင်ပြေပါတယ်။
Best Qi Wireless Charger: Anker PowerPort Wireless 5 Pad
ဒါလေးကေတော့ iPhone X, iPhone 8 နဲ့ 8 Plus အတွက် wireless charger လေးပါ။Anker ဆိုတဲ့ wireless charger လေးကတော့ Qi-certified ဖြစ်ပြီးတော့ ကြိုးမလိုဘဲ ကြိုမဲ့အားသွင်းစနစ်ကိုလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ သူကပုံမှန်ကြိုးမဲ့ အားသွင်းစနစ်တွေထက် 10-percentပိုပြီးမြန်ပါတယ်။ သူကအပူချိန်ကိုထိန်းညှိပေးမှာဖြစ်ပြီးovervoltage ဖြစ်ခြင်းကိုလဲကာကွယ်ပေးဦးမှာဖြစ်ပါတယ်။ သူက3-foot micro USB cable ပါဝင်တာဆိုတော့ တော်တော်အဆင်ပြေပါတယ်။ သူကလဲ ၁၈ လ အာမခံပေးထားပါသေးတယ်။
Best Bluetooth Headphones: SoundPEATS Bluetooth Earbuds
SoundPEATS Bluetooth Earbuds လေးကဖုန်းနှစ်လုံးကိုတစ်ပြိုင်နက်ထဲ Bluetooth နဲ့ ချိတ်ဆက်လို့ရပါတယ်။ earbudsလေးကတစ်ခါအားသွင်းထားရင် ၇ နာရီထိသုံးလို့ရပါသေးတယ်။ သူက Gym ဆော့တဲ့အချိန်တွေမှာတောင် တော်ရုံတန်ရုံချွေးစိုတဲ့ဒဏ်ကိုခံနိုင်ရည် ရှိပါတယ်။ သူကအသုံးမပြုတဲ့ အချိန် မှာဆိုရင်လဲလည်ပင်းမှာချိတ်ဆွဲထားလို့ ရပါသေးတယ်။ လည်ပင်းမှာချိတ်ဆွဲထားတဲ့ အချိန်ဆိုရင် ပြုတ်မကျအောင်လို့ အစွန်းနှစ်ခုမှာသံလိုက်ဓာတ်လေးထည့်ပေးထားတဲ့အတွက်ကြောင့် တစ်ခုနဲ့ တစ်ခုကပ်နေပြီးတော့ ဆွဲကြိုးပုံစံဖြစ်နေမှာပါ။ noise-cancelation technologyကိုသုံးထားပြီးတေ့ာsound qualityကလဲတော်တော်လေးကောင်းမွန်ပါတယ်။
Best Case: Spigen Ultra Hybrid iPhone 7/8 Case
ပြီးပြည့်စုံတဲ့ iPhone caseဆိုတာကလဲဒီဇိုင်းရောလုပ်ဆောင်ချက်ရော ပြီးပြည့်စုံ နေမှသာအဆင်ပြေမှာပဲ ဖြစ်ပါတယ်။ Spigen Ultra Hybrid Case လေးဟာiPhone 7 နဲ့ 8အတွက် ထုတ်လုပ်ထားပြီးတော့ ဒီဇိုင်းလေးကလဲ ပေါ့ပေါ့ပါးပါးလေးနဲ့ ဆန်းဆန်းလေးလဲဖြစ်ပါတယ်။ သူက ဘေးဘောင်တွေကို အဓိကကာကွယ်ပေးမှာပဲ ဖြစ်ပါတယ်။ ချော်ကျတာတွေလဲကာကွယ်ပေးနိုင်ပါတယ်။ သူကအရောင် ၅ ရောင်ရှိပါတယ်။ အနက်ရောင်၊ အနီရောင်၊ crystal clear ၊ mint နဲ့ rose crystalဆိုပြီးရွေးချယ်နိုင်ပါသေးတယ်။ နောက်ခံက အကြည်ဆိုတော့ သင့်ဖုန်းရဲ့ original အရောင်ကိုလဲ ကွယ်ပျောက်သွားမှာ မဟုတ်ပါဘူး။ ဘေးဘောင်တွေက သင့်ဖုန်းလေးလွတ်ကျခဲ့ရင်တောင် သူက air cushion technology ကိုအသုံးပြုထားတာကြောင့် ဖုန်းကို အလွယ်တကူ မထိခိုက်နိုင်ပါဘူး။
Spigen Case များကို ၈၄ လမ်း ၃၃* ၃၄ကြား MMAS ဖုန်းဆိုင်တွင် လာရောက်ကြည့်ရှုနိုင်ပါသည်။
09-794555888
Best Bluetooth Car Kit: iCleverHimbox HB01 Bluetooth 4.0 Hands-Free Car Kit
သင့်ရဲ့တစ်နေ့တာဟာ တော်တော်များများ ကားမောင်းရင်းနဲ့ပဲ ကုန်ဆုံးနေတယ် ဆိုရင်တော့ ဒါလေးကတော်တော်အသုံးဝင်မှာပါ။ သူက သင့်ဖုန်းကိုအားသွင်းနေရင်းနဲ့ သီချင်းဖွင့်တာတို့ ဖုန်းခေါ်တာတို့နဲ့ တစ်ခြား app တော်တော်များများကိုသုံးဖို့အတွက် Bluetooth ဖွင့်ဖို့တော့လိုပါတယ်။
Best Camera Kit: Olloclip Core Lens Set
ခုခေတ်မှာ ဓာတ်ပုံတွေကို စမတ်ဖုန်းတွေနဲ့ပဲ ရိုက်လာကြတာများပါတယ်။ Olloclip Core Lens Set လေးဟာ ရှိပြီးသား original iPhone ကင်မရာကို ပိုမို ကောင်းမွန်အောင်လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ Fisheye lens က 180-degree spherical effect ပါဝင်ပြီးတော့ သူက မြင်ကွင်းအကျယ်ကြီးတွေအတွက် တော်တော် ကောင်းမွန်ပါတယ်။ Super-Wide lens ကတော့ 120 degrees လှည့်နိုင်ပြီးတော့ သူငယ်ချင်းတွေနဲ့ ပုံကောင်းကောင်းလေးတွေရိုက်နိုင်ပါတယ်။ သူကိုအသုံပြုချင်ရင်တော့ တစ်ခြားခက်ခက်ခဲခဲတွေလုပ်စရာမလိုဘဲ ဖုန်းကင်မရာမှာ တပ်ဆင်လိုက်ရုံနဲ့ ရပါပြီ။ app တွေလဲ download ဆွဲစရာမလိုပါဘူး။
Best Bluetooth Speaker: Anker A7908
သင်သာ သီချင်းနားထောင်ရတာသဘောကျတဲ့သူဆိုရင်တော့ Anker Bluetooth Speaker လေးကို မမေ့ပါနဲ့။ ၂ လက်မအရွယ်ရှိတဲ့ ဒီ စပီကာလေးက ဘက်ထရီ 2100mAh ပါဝင်တဲ့အတွက် နာရီ ၂၀ တိုင်အောင် အသုံးပြုနိုင်ပါတယ်။ သင်က နားကြပ်နဲ့ နားထောင်ချင်တယ်ဆိုရင်လဲ 3.5mm (AUX) audio port ပါဝင်ပါသေးတယ်။
Leave a Reply