ေဒၚလာ ၂၇၀၀၀ ေက်ာ္ဖုိး MacBook နဲ႔ iPhone မ်ားကို Apple Store ကေန လုယူမႈျဖစ္ပြား

0
1433

Apple ဟာ တန္ဖိုးႀကီး လက္ပ္ေတာ့နဲ႔ အိုင္ဖုန္းမ်ားကို ထုတ္လုပ္ေနတဲ့ ကုမၸဏီ ျဖစ္တဲ့အတြက္ သူခိုးမ်ားကလည္း သူ႔ရဲ႕ ထုတ္ကုန္မ်ားကို မ်က္စိက်ၾကပါတယ္။ ယခင္ကလည္း Apple ထံကေန ကုန္ပစၥည္းမ်ား ခိုးယူခံရတဲ့ သတင္းမ်ားထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း Apple Store ကေန လက္ပ္ေတာ့နဲ႔ အိုင္ဖုန္းမ်ားကို လူေလးဦးက လုယူ ထြက္ေျပးသြားခဲ့ပါတယ္။

အေမရိကန္ ျပည္ေထာင္စု ကယ္လီဖိုးနီးယား ျပည္နယ္၊ ဖရက္စႏိုရွိ Fashion Fair Mall အတြင္းမွ Apple Store ကေန iPhone 6,7,8 , X မ်ားနဲ႔ လက္ပ္ေတာ့မ်ားကို လုယူမႈ ျဖစ္ပြားခဲ့ပါတယ္။ တန္ဖိုးအားျဖင့္ ေဒၚလာ ၂၇၀၀၀ ေက်ာ္ဖိုး ရွိပါတယ္။ ျမန္မာေငြ အားျဖင့္ သိန္း ၃၈၀ ေက်ာ္ ရွိပါတယ္။

ရဲတပ္ဖြဲ႕က အသက္အားျဖင့္ ၁၆ ကေန ၁၈ ႏွစ္အတြင္းရွိတဲ့ လူမည္း ေလးဦး ျဖစ္ႏုိင္တယ္လို႔ တြက္ဆထားၾကပါတယ္။ အျခား တစ္ဦးက အျပင္ကေန ကားနဲ႔ ေစာင့္ေနပံုေပၚပါတယ္။ လံုျခံဳေရး ကင္မရာကေန လုယူမႈကို ဗီဒီယို ရိုက္ကူးႏိုင္ခဲ့ပါတယ္။ သူတို႔ဟာ စတိုးမွ လက္ေတာ့နဲ႔ ဖုန္းမ်ားကို ခ်ိတ္ဆက္ထားတဲ့ ႀကိဳးမ်ားအား လွ်င္ျမန္စြာ ျဖဳတ္ၿပီးတာနဲ႔ ပစၥည္းမ်ားကို ကိုင္ကာ စတိုးထဲကေန ေျပးထြက္သြားခဲ့တာပါ။ အခင္းျဖစ္ပြားခ်ိန္ဟာ စကၠန္႔ ၆၀ ပဲ ၾကာျမင့္ခဲ့ပါတယ္။

ဇြန္လ ၂၁ ရက္ေန႔ ကယ္လီိဖိုးနီးယား ျပည္နယ္ ၊ San Luis Obispo မွာ ျဖစ္ပြားခဲ့တဲ့ Apple Store လုယက္မႈနဲ႔ ဆက္စပ္ႏုိင္ပါတယ္။ ရဲဌာနက “ အလားတူ လုယက္မႈမ်ား ကယ္လီဖိုးနီးယားရဲ႕ အျခား ၿမိဳ႕မ်ားနဲ႔ တည္ေနရာမ်ားမွာ ျဖစ္ပြားေနပါတယ္။ အဲဒီ အမႈမ်ားနဲ႔ ဒီအမႈ ပတ္သက္ေနလားဆိုတာ စံုစမ္းေနပါတယ္။ “ လို႔ ေျပာပါတယ္။

unicode

ဒေါ်လာ ၂၇၀၀၀ ကျော်ဖိုး MacBook နဲ့ iPhone များကို Apple Store ကနေ လုယူမှုဖြစ်ပွား

Apple ဟာ တန်ဖိုးကြီး လက်ပ်တော့နဲ့ အိုင်ဖုန်းများကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်တဲ့အတွက် သူခိုးများကလည်း သူ့ရဲ့ ထုတ်ကုန်များကို မျက်စိကျကြပါတယ်။ ယခင်ကလည်း Apple ထံကနေ ကုန်ပစ္စည်းများ ခိုးယူခံရတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း Apple Store ကနေ လက်ပ်တော့နဲ့ အိုင်ဖုန်းများကို လူလေးဦးက လုယူ ထွက်ပြေးသွားခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်၊ ဖရက်စနိုရှိ Fashion Fair Mall အတွင်းမှ Apple Store ကနေ iPhone 6,7,8 , X များနဲ့ လက်ပ်တော့များကို လုယူမှု ဖြစ်ပွားခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၂၇၀၀၀ ကျော်ဖိုး ရှိပါတယ်။ မြန်မာငွေ အားဖြင့် သိန်း ၃၈၀ ကျော် ရှိပါတယ်။

ရဲတပ်ဖွဲ့က အသက်အားဖြင့် ၁၆ ကနေ ၁၈ နှစ်အတွင်းရှိတဲ့ လူမည်း လေးဦး ဖြစ်နိုင်တယ်လို့ တွက်ဆထားကြပါတယ်။ အခြား တစ်ဦးက အပြင်ကနေ ကားနဲ့ စောင့်နေပုံပေါ်ပါတယ်။ လုံခြုံရေး ကင်မရာကနေ လုယူမှုကို ဗီဒီယို ရိုက်ကူးနိုင်ခဲ့ပါတယ်။ သူတို့ဟာ စတိုးမှ လက်တော့နဲ့ ဖုန်းများကို ချိတ်ဆက်ထားတဲ့ ကြိုးများအား လျှင်မြန်စွာ ဖြုတ်ပြီးတာနဲ့ ပစ္စည်းများကို ကိုင်ကာ စတိုးထဲကနေ ပြေးထွက်သွားခဲ့တာပါ။ အခင်းဖြစ်ပွားချိန်ဟာ စက္ကန့် ၆၀ ပဲ ကြာမြင့်ခဲ့ပါတယ်။

ဇွန်လ ၂၁ ရက်နေ့ ကယ်လီဖိုးနီးယား ပြည်နယ် ၊ San Luis Obispo မှာ ဖြစ်ပွားခဲ့တဲ့ Apple Store လုယက်မှုနဲ့ ဆက်စပ်နိုင်ပါတယ်။ ရဲဌာနက “ အလားတူ လုယက်မှုများ ကယ်လီဖိုးနီးယားရဲ့ အခြား မြို့များနဲ့ တည်နေရာများမှာ ဖြစ်ပွားနေပါတယ်။ အဲဒီ အမှုများနဲ့ ဒီအမှု ပတ်သက်နေလားဆိုတာ စုံစမ်းနေပါတယ်။ “ လို့ ပြောပါတယ်။

Leave a Reply