Pixel 2 အစား OnePlus 6 ကို ဘာေၾကာင့္၀ယ္သင့္သလဲ

0
1422

Zawgyi Version

OnePlus က Google ကိ္ု အႏုိင္တုိက္ေတာ့မွာပါ။

ျပီးခဲ့တဲ့ေအာက္တုိဘာလတုန္းက Pixel 2 က ကၽြန္ေတာ့ရဲ႕ေန႕စဥ္သံုးဖုန္းေလးျဖစ္ခဲ့ျပီးေတာ့ အသံုးျပဳခ်င္တဲ့ စမတ္ဖုန္းေလးတစ္လံုးျဖစ္ခဲ့ပါတယ္။ အေတာ္ေလးျမန္ဆန္ျပီးေတာ့ ေစ်းကြက္မွာအေကာင္းဆံုးကင္မရာတစ္လံုးျဖစ္ပါတယ္။ ျမန္ဆန္တဲ့ software update နဲ႕ security patch ေတြလည္း ရႏုိင္ဦးမွာပါ။

Pixel 2 ဟာ ဖုန္းေကာင္းတစ္လံုးျဖစ္ျပီးေတာ့ သံုးရတာလည္း အဆင္ေျပပါတယ္။ ဒါေပမယ့္ ရက္သတၱပတ္ေပါင္းၾကာတဲ့အခါမွာ ကၽြန္ေတာ္ကေတာ့ OnePlus 6 ကို သံုးေနပါျပီ။

Pixel 2 ကို ၾကိဳက္ေနတုန္းပါပဲ။ Android P beta နဲ႕ အဆင္မေျပလို႕ အိတ္ေဆာင္အျဖစ္ေတာ့ OnePlus 6 ကို ေျပာင္းလိုက္ပါတယ္။ ဘာေၾကာင့္မ်ားလဲ။

OnePlus 6 က ကၽြန္ေတာ့အတြက္ ဘာေၾကာင့္မ်ားေကာင္းေနရသလဲ

နည္းလမ္းေပါင္းမ်ားစြာနဲ႕ OnePlus 6 နဲ႕ Pixel 2 တုိ႕ဟာ ျခားနားရမယ့္အစား တူညီေနတာကို ေတြ႕ရပါတယ္။ display ေကာင္းေကာင္္း၊ ျမန္ဆန္တဲ့ performance ရွိၾကေပမယ့္လည္း Pixel 2 ကေတာ့ အထက္တန္းဆန္တယ္။ OnePlus 6 ကေတာ့ ကင္မရာေကာင္းပါတယ္။

OnePlus 6 ကေတာ့ Pixel 3 ထက္ေတာ့ ပိုေကာင္းတယ္လို႕ ျမင္မိတယ္။ ပထမဆံုးကေတာ့ software experience ျဖစ္ပါတယ္။ Google ရဲ႕ Pixel ဖုန္းေတြက ultimate Android experience ေပးထားတာပါ။ ဒါေပမယ့္လည္း OnePlus ကေတာ့ ပိုေကာင္းေအာင္လုပ္ေဆာင္ေပးထားပါတယ္။

ႏွစ္ခုလံုးကိုသံုးျပီးေနာက္မွာ OnePlus software ကို ပိုၾကိဳက္လာမိပါတယ္။

OnePlus 6 မွာပါ၀င္တဲ့ OxygenOS က customization ပိုမ်ားတယ္ဆိုတာ ျမင္သာပါတယ္။ သူ႕မွာ custom accent colors ေရြးခ်ယ္ႏုိင္ျခင္း၊ on-screen navigation button စိတ္ၾကိဳက္ထားႏုိင္ျခင္း၊ icon pack ေလးေတြကို built-in launcher နဲ႕ သံုးႏုိင္ျခင္း၊ system-wide dark theme ကို အသံုးျပဳႏုိင္ျခင္းေတြ ရွိပါတယ္။

Android P ကို ေျပာရမယ္ဆုိရင္ OnePlus ရဲ႕ gesture system က Google ထက္ ဆယ္ဆေလာက္ပိုေကာင္းေနပါတယ္။ သံုးရတာလြယ္ျပီးေတာ့ Android ရဲ႕ navigation bar ကို 24/7 ၾကည့္မေနခ်င္တဲ့ ကၽြန္ေတာ့အတြက္ေတာ့ အဆင္ေျပပါတယ္။

Dash Charge ထြက္ရွိျပီးေနာက္ပိုင္းကတည္းက ေျပာင္းလဲသြားေစခဲ့တာလည္း အားလံုးအသိပါပဲ။ Pixel 2 ရဲ႕ အားအျမန္သြင္းကလည္း ျမန္ဆန္တယ္ဆိုေပမယ့္ OnePlus 6 နဲ႕ Dash Charge တို႕ေပါင္းစပ္မႈကို မႏုိင္ပါဘူး။ ဘတ္ထရီလုပ္ေဆာင္ခ်က္ကေတာ့ OnePlus 6 မွာ သိပ္မေကာင္းဘူးဆိုေပမယ့္လည္း Dash Charge ကေတာ့ ၁၀၀% ျပည့္မီပါတယ္။

Reading Mode က screen ကို grayscale ေျပာင္းေပးတဲ့အတြက္ေၾကာင့္ မ်က္လံုးကိုမထိခိုက္ေစပါဘူး။ physical alert slider ေလးကလည္း notification sounds on/off လုပ္ႏုိင္ပါတယ္။ အရမ္းကိုျမန္ဆန္တဲ့ Face Unlock system ေတြနဲ႕ဆိုေတာ့ ေပ်ာ္စရာေကာင္းျပီး လက္ေတြ႕ဆန္တဲ့ ဖုန္းေကာင္းတစ္လံုးျဖစ္ပါတယ္။

Pixel 2 ကေန လြမ္းမိတဲ့အရာေတြ

OnePlus 6 က ကၽြန္ေတာ့အတြက္ပိုေကာင္းတယ္လို႕ ျပသေနေပမယ့္လည္း Pixel 2 ဆီက လြမ္းဆြတ္မိတာေလးေတြေတာ့ ရွိပါတယ္။

Pixel 2 feature ေလးမွာ ေနာက္ကြက္မွာဖြင့္ေနတဲ့သီခ်င္းကို အလိုအေလ်ာက္သိျပီးေတာ့ lock screen မွာ ျပသေပးတာမ်ိဳးရွိပါတယ္။ လေပါင္းမ်ားစြာအသံုးျပဳခဲ့ေတာ့ မသံုးရတဲ့အခ်ိန္မွာ တစ္မ်ိဳးပါပဲ။ feature အေသးစားေလးဆိုေပမယ့္လည္း အျခားဖုန္းေတြက မေပးႏုိင္ေသးတာေတာ့ အမွန္ပါပဲ။ လိုက္လုပ္ေစခ်င္ပါတယ္။

Feature ေတြျဖစ္တဲ့ unlimited Google Photos cloud backup နဲ႕ Now Playing တို႕က သူ႕ကို unique ျဖစ္ေနေစပါတယ္။

Pixel 2 exclusive ေနာက္တစ္ခုကေတာ့ squeeze gesture ေလးျဖစ္ျပီးေတာ့ Google Assistant ဖြင့္ေပးႏုိင္တာပါ။ နည္းနည္းမက္လံုးေပးထားတယ္လို႕ထင္ရေပမယ့္လည္း ေန႕တုိင္းသံုးေနတဲ့အခါမွာေတာ့ အဆင္ေျပတာျဖစ္ပါတယ္။

ေနာက္ဆံုးတစ္ခုကေတာ့ ကၽြန္ေတာ္ကဓါတ္ပံုနဲ႕ဗြီဒီယို အမ်ားၾကီးမရိုက္ေပမယ့္လည္း Google ရဲ႕ unlimited cloud backup မွာ မူလအရည္အေသြးအတုိင္း သိမ္းေပးထားလို႕ သေဘာက်မိပါတယ္။ ဒါက ဖုန္းမမ္မိုရီကို သက္သာေစႏုိင္တဲ့အတြက္ေၾကာင့္ သေဘာက်မိမွာပါ။ ဒါေၾကာင့္လည္း Pixel ကို ၾကိဳက္ႏွစ္သက္တာပါ။

Pixel ထက္ပိုေကာင္းေအာင္ လုပ္ေဆာင္ေနတဲ့ OnePlus

OnePlus One က 2014 ကတည္းက ထြက္ထားျပီးေတာ့ အရည္အေသြးျမင့္စမတ္ဖုန္းေတြကို ျမန္ဆန္၊ ၾကည့္ေကာင္း၊ software မိုက္မိုက္နဲ႕ ထုတ္လုပ္ေပးေနပါတယ္။ Google ရဲ႕ hardware ကိုလည္း ျပိဳင္ဆုိင္ေနပါတယ္။

Google ရဲ႕ Pixel ကလည္း ေကာင္းမြန္တယ္ဆိုေပမယ့္ အမ်ားစုစဥ္းစားၾကတာကေတာ့ software update ပါပဲ။ Nexus ကတည္းက အျခားေသာ OEM ေတြ လိုက္မလုပ္ႏိုင္တဲ့ကိစၥရပ္တစ္ခုပါပဲ။

OnePlus ကေတာ့ Pixel ရဲ႕ တစ္ဖက္လွည့္စဥ္းစားစရာျဖစ္လာပါတယ္။

ဒါေပမယ့္လည္း သူ႕နည္းသူ႕ဟန္နဲ႕ အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေဆာင္ထားပါတယ္။

ဂၽြန္ ၂၈ရက္ေန႕မွာ OnePlus က Software Maintenance Schedule ကို ေၾကညာခဲ့ပါတယ္။ OnePlus က ထြက္ရွိျပီးေနာက္ ၂ႏွစ္အထိ software update ေပးသြားမွာျဖစ္ျပီး security patch ကိုေတာ့ သံုးႏွစ္ေပးသြားမွာပါ။ security patch ကို ႏွစ္လတစ္ခါ ထုတ္ေပးသြားဦးမွာပါ။ ဒါဟာ Google ရဲ႕ သံုးႏွစ္တာ software update ေပးမႈေလာက္ေတာ့ မက္စရာမရွိေပမယ့္လည္း လမ္းမွန္ေပၚကိုတက္လာတယ္လို႕ ေျပာရမွာပါ။

OnePlus 5 နဲ႕ 5T အတြက္ OxygenOS Open Beta ကို Project Treble support ထဲကို ထည့္္လုိက္ပါတယ္။

OnePlus က OS update ေတြနဲ႕ပတ္သတ္ရင္ ၾကာတတ္ေပမယ့္လည္း Project Treble က ပိုေကာင္းေအာင္လုပ္ေဆာင္ေပးမွာျဖစ္ျပီး Software Maintenance Scheduleအသစ္နဲ႕ဆိုေတာ့ ေရရွည္အတြက္ စိတ္ပူစရာမလိုေတာ့ပါဘူး။ Google နဲ႕ေတာင္ အေတာ္ေလးျပိဳင္ရေတာ့မွာပါ။

software package မွာ ရွင္းလင္းေနတဲ့အတြက္ေၾကာင့္ Pixel ဖုန္းေတြက ေရြးသင့္တဲ့အထဲမွာ ပါေနတုန္းျဖစ္ႏုိင္ပါတယ္။

သင္ေရာဘယ္လိုထင္လဲ

OnePlus ဖုန္းေတြက Pixel လိုင္းမဟုတ္ဘဲ ေရြးခ်ယ္စရာတစ္ခုအေနနဲ႕ ျဖစ္ေနျပီလား။ Google က Android မွာ ထိပ္တန္းတစ္ေယာက္ျဖစ္ေနတုန္းလား။ ဘယ္လိုထင္မိလဲ။

Unicode Version

OnePlus က Google ကို အနိုင်တိုက်တော့မှာပါ။
ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက Pixel 2 က ကျွန်တော့ရဲ့နေ့စဉ်သုံးဖုန်းလေးဖြစ်ခဲ့ပြီးတော့ အသုံးပြုချင်တဲ့ စမတ်ဖုန်းလေးတစ်လုံးဖြစ်ခဲ့ပါတယ်။ အတော်လေးမြန်ဆန်ပြီးတော့ ဈေးကွက်မှာအကောင်းဆုံးကင်မရာတစ်လုံးဖြစ်ပါတယ်။ မြန်ဆန်တဲ့ software update နဲ့ security patch တွေလည်း ရနိုင်ဦးမှာပါ။
Pixel 2 ဟာ ဖုန်းကောင်းတစ်လုံးဖြစ်ပြီးတော့ သုံးရတာလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ရက်သတ္တပတ်ပေါင်းကြာတဲ့အခါမှာ ကျွန်တော်ကတော့ OnePlus 6 ကို သုံးနေပါပြီ။
Pixel 2 ကို ကြိုက်နေတုန်းပါပဲ။ Android P beta နဲ့ အဆင်မပြေလို့ အိတ်ဆောင်အဖြစ်တော့ OnePlus 6 ကို ပြောင်းလိုက်ပါတယ်။ ဘာကြောင့်များလဲ။
OnePlus 6 က ကျွန်တော့အတွက် ဘာကြောင့်များကောင်းနေရသလဲ
နည်းလမ်းပေါင်းများစွာနဲ့ OnePlus 6 နဲ့ Pixel 2 တို့ဟာ ခြားနားရမယ့်အစား တူညီနေတာကို တွေ့ရပါတယ်။ display ကောင်းကောင်း၊ မြန်ဆန်တဲ့ performance ရှိကြပေမယ့်လည်း Pixel 2 ကတော့ အထက်တန်းဆန်တယ်။ OnePlus 6 ကတော့ ကင်မရာကောင်းပါတယ်။
OnePlus 6 ကတော့ Pixel 3 ထက်တော့ ပိုကောင်းတယ်လို့ မြင်မိတယ်။ ပထမဆုံးကတော့ software experience ဖြစ်ပါတယ်။ Google ရဲ့ Pixel ဖုန်းတွေက ultimate Android experience ပေးထားတာပါ။ ဒါပေမယ့်လည်း OnePlus ကတော့ ပိုကောင်းအောင်လုပ်ဆောင်ပေးထားပါတယ်။
နှစ်ခုလုံးကိုသုံးပြီးနောက်မှာ OnePlus software ကို ပိုကြိုက်လာမိပါတယ်။
OnePlus 6 မှာပါဝင်တဲ့ OxygenOS က customization ပိုများတယ်ဆိုတာ မြင်သာပါတယ်။ သူ့မှာ custom accent colors ရွေးချယ်နိုင်ခြင်း၊ on-screen navigation button စိတ်ကြိုက်ထားနိုင်ခြင်း၊ icon pack လေးတွေကို built-in launcher နဲ့ သုံးနိုင်ခြင်း၊ system-wide dark theme ကို အသုံးပြုနိုင်ခြင်းတွေ ရှိပါတယ်။
Android P ကို ပြောရမယ်ဆိုရင် OnePlus ရဲ့ gesture system က Google ထက် ဆယ်ဆလောက်ပိုကောင်းနေပါတယ်။ သုံးရတာလွယ်ပြီးတော့ Android ရဲ့ navigation bar ကို 24/7 ကြည့်မနေချင်တဲ့ ကျွန်တော့အတွက်တော့ အဆင်ပြေပါတယ်။
Dash Charge ထွက်ရှိပြီးနောက်ပိုင်းကတည်းက ပြောင်းလဲသွားစေခဲ့တာလည်း အားလုံးအသိပါပဲ။ Pixel 2 ရဲ့ အားအမြန်သွင်းကလည်း မြန်ဆန်တယ်ဆိုပေမယ့် OnePlus 6 နဲ့ Dash Charge တို့ပေါင်းစပ်မှုကို မနိုင်ပါဘူး။ ဘတ်ထရီလုပ်ဆောင်ချက်ကတော့ OnePlus 6 မှာ သိပ်မကောင်းဘူးဆိုပေမယ့်လည်း Dash Charge ကတော့ ၁၀၀% ပြည့်မီပါတယ်။
Reading Mode က screen ကို grayscale ပြောင်းပေးတဲ့အတွက်ကြောင့် မျက်လုံးကိုမထိခိုက်စေပါဘူး။ physical alert slider လေးကလည်း notification sounds on/off လုပ်နိုင်ပါတယ်။ အရမ်းကိုမြန်ဆန်တဲ့ Face Unlock system တွေနဲ့ဆိုတော့ ပျော်စရာကောင်းပြီး လက်တွေ့ဆန်တဲ့ ဖုန်းကောင်းတစ်လုံးဖြစ်ပါတယ်။
Pixel 2 ကနေ လွမ်းမိတဲ့အရာတွေ
OnePlus 6 က ကျွန်တော့အတွက်ပိုကောင်းတယ်လို့ ပြသနေပေမယ့်လည်း Pixel 2 ဆီက လွမ်းဆွတ်မိတာလေးတွေတော့ ရှိပါတယ်။
Pixel 2 feature လေးမှာ နောက်ကွက်မှာဖွင့်နေတဲ့သီချင်းကို အလိုအလျောက်သိပြီးတော့ lock screen မှာ ပြသပေးတာမျိုးရှိပါတယ်။ လပေါင်းများစွာအသုံးပြုခဲ့တော့ မသုံးရတဲ့အချိန်မှာ တစ်မျိုးပါပဲ။ feature အသေးစားလေးဆိုပေမယ့်လည်း အခြားဖုန်းတွေက မပေးနိုင်သေးတာတော့ အမှန်ပါပဲ။ လိုက်လုပ်စေချင်ပါတယ်။
Feature တွေဖြစ်တဲ့ unlimited Google Photos cloud backup နဲ့ Now Playing တို့က သူ့ကို unique ဖြစ်နေစေပါတယ်။
Pixel 2 exclusive နောက်တစ်ခုကတော့ squeeze gesture လေးဖြစ်ပြီးတော့ Google Assistant ဖွင့်ပေးနိုင်တာပါ။ နည်းနည်းမက်လုံးပေးထားတယ်လို့ထင်ရပေမယ့်လည်း နေ့တိုင်းသုံးနေတဲ့အခါမှာတော့ အဆင်ပြေတာဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ကျွန်တော်ကဓါတ်ပုံနဲ့ဗွီဒီယို အများကြီးမရိုက်ပေမယ့်လည်း Google ရဲ့ unlimited cloud backup မှာ မူလအရည်အသွေးအတိုင်း သိမ်းပေးထားလို့ သဘောကျမိပါတယ်။ ဒါက ဖုန်းမမ်မိုရီကို သက်သာစေနိုင်တဲ့အတွက်ကြောင့် သဘောကျမိမှာပါ။ ဒါကြောင့်လည်း Pixel ကို ကြိုက်နှစ်သက်တာပါ။
Pixel ထက်ပိုကောင်းအောင် လုပ်ဆောင်နေတဲ့ OnePlus
OnePlus One က 2014 ကတည်းက ထွက်ထားပြီးတော့ အရည်အသွေးမြင့်စမတ်ဖုန်းတွေကို မြန်ဆန်၊ ကြည့်ကောင်း၊ software မိုက်မိုက်နဲ့ ထုတ်လုပ်ပေးနေပါတယ်။ Google ရဲ့ hardware ကိုလည်း ပြိုင်ဆိုင်နေပါတယ်။
Google ရဲ့ Pixel ကလည်း ကောင်းမွန်တယ်ဆိုပေမယ့် အများစုစဉ်းစားကြတာကတော့ software update ပါပဲ။ Nexus ကတည်းက အခြားသော OEM တွေ လိုက်မလုပ်နိုင်တဲ့ကိစ္စရပ်တစ်ခုပါပဲ။
OnePlus ကတော့ Pixel ရဲ့ တစ်ဖက်လှည့်စဉ်းစားစရာဖြစ်လာပါတယ်။
ဒါပေမယ့်လည်း သူ့နည်းသူ့ဟန်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားပါတယ်။
ဂျွန် ၂၈ရက်နေ့မှာ OnePlus က Software Maintenance Schedule ကို ကြေညာခဲ့ပါတယ်။ OnePlus က ထွက်ရှိပြီးနောက် ၂နှစ်အထိ software update ပေးသွားမှာဖြစ်ပြီး security patch ကိုတော့ သုံးနှစ်ပေးသွားမှာပါ။ security patch ကို နှစ်လတစ်ခါ ထုတ်ပေးသွားဦးမှာပါ။ ဒါဟာ Google ရဲ့ သုံးနှစ်တာ software update ပေးမှုလောက်တော့ မက်စရာမရှိပေမယ့်လည်း လမ်းမှန်ပေါ်ကိုတက်လာတယ်လို့ ပြောရမှာပါ။
OnePlus 5 နဲ့ 5T အတွက် OxygenOS Open Beta ကို Project Treble support ထဲကို ထည့်လိုက်ပါတယ်။
OnePlus က OS update တွေနဲ့ပတ်သတ်ရင် ကြာတတ်ပေမယ့်လည်း Project Treble က ပိုကောင်းအောင်လုပ်ဆောင်ပေးမှာဖြစ်ပြီး Software Maintenance Scheduleအသစ်နဲ့ဆိုတော့ ရေရှည်အတွက် စိတ်ပူစရာမလိုတော့ပါဘူး။ Google နဲ့တောင် အတော်လေးပြိုင်ရတော့မှာပါ။
software package မှာ ရှင်းလင်းနေတဲ့အတွက်ကြောင့် Pixel ဖုန်းတွေက ရွေးသင့်တဲ့အထဲမှာ ပါနေတုန်းဖြစ်နိုင်ပါတယ်။
သင်ရောဘယ်လိုထင်လဲ
OnePlus ဖုန်းတွေက Pixel လိုင်းမဟုတ်ဘဲ ရွေးချယ်စရာတစ်ခုအနေနဲ့ ဖြစ်နေပြီလား။ Google က Android မှာ ထိပ်တန်းတစ်ယောက်ဖြစ်နေတုန်းလား။ ဘယ်လိုထင်မိလဲ။

Leave a Reply