Microsoft က လက္ပ္ေတာ့ ၊ တက္ဘလက္ ၂ မ်ိဳးသံုး Surface Go ကို ေရာင္းခ်

0
1005

Microsoft ရဲ႕ Surface Computer မ်ားဟာ မ်ားေသာအားျဖင့္ တန္ဖိုးႀကီးပါတယ္။ အခုေတာ့ မိုက္ကရိုေဆာ့ဖ္က တန္ဖိုးနည္း Surface Device တစ္ခုကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Surface Go ျဖစ္ၿပီး လက္ပ္ေတာ့လိုေရာ တက္ဘလက္လိုပါ အသံုးျပဳႏုိင္ပါတယ္။ ကီးဘုတ္ကို ဘလူးတု ဆက္သြယ္မႈျဖင့္ တက္ဘလက္နဲ႔ ခ်ိတ္ဆက္ အသံုးျပဳရမွာ ျဖစ္ပါတယ္။

ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ၿပီး ၾသဂုတ္လမွာ ေရာင္းမွာပါ။ 4GB RAM , 64GB SSD Model ကို ၃၉၉ ေဒၚလာနဲ႔ 8GB RAM , 128GB SSD Model ကို ၅၄၉ ေဒၚလာ သတ္မွတ္ထားပါတယ္။ သူ႔မွာ Dual-Core 7th Gen Intel Pentium Gold 4415Y Processor ထည့္သြင္းထားပါတယ္။ ၁၀ လက္မ 1800×1200 Touchscreen ပါပါတယ္။

S Mode ပါတဲ့ Windows 10 ထည့္သြင္းထားတဲ့အတြက္ Edge Browser နဲ႔ Microsoft Store မွ App မ်ားကိုသာ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ Windows 10 မွ Split-Screen နဲ႔ Multitasking Modes မ်ားလို Productivity ကို တိုးတက္ေစမယ့္ လုပ္ေဆာင္ခ်က္မ်ား ပါပါတယ္။ သူ႔ရဲ႕ ဒီဇိုင္းက အျခား Surface Device မ်ားနဲ႔ တူညီပါတယ္။ Kickstand က တက္ဘလက္ကို ပံုစံအေနအထားမ်ားစြာနဲ႔သံုးႏိုင္ေအာင္ ျပဳလုပ္ေပးႏုိင္ပါတယ္။ အေရွ႕ကင္မရာမွာ မ်က္ႏွာျဖင့္ Login ၀င္ႏုိင္တဲ့ စြမ္းရည္ပါပါတယ္။

Surface Connector Port ကေန အားသြင္းျခင္းနဲ႔ ဒတ္စေတာ့ကို ခ်ိတ္ဆက္ျခင္းမ်ား ျပဳလုပ္နုိင္ပါတယ္။ USB-C 3.1 Port တစ္ခုလည္း ပါပါတယ္။ အေစာပိုင္းမွာ ၀ိုင္ဖိုင္ေမာ္ဒယ္ကိုသာ ေရာင္းခ်မွာပါ။ LTE Model ကို ယခုႏွစ္ေႏွာင္းပိုင္းမွာ ၀ယ္ယူႏိုင္မွာပါ။

unicode

Microsoft က လက်ပ်တော့ ၊ တက်ဘလက် ၂ မျိုးသုံး Surface Go ကို ရောင်းချ

Microsoft ရဲ့ Surface Computer များဟာ များသောအားဖြင့် တန်ဖိုးကြီးပါတယ်။ အခုတော့ မိုက်ကရိုဆော့ဖ်က တန်ဖိုးနည်း Surface Device တစ်ခုကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Surface Go ဖြစ်ပြီး လက်ပ်တော့လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်ပါတယ်။ ကီးဘုတ်ကို ဘလူးတု ဆက်သွယ်မှုဖြင့် တက်ဘလက်နဲ့ ချိတ်ဆက် အသုံးပြုရမှာ ဖြစ်ပါတယ်။

ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး သြဂုတ်လမှာ ရောင်းမှာပါ။ 4GB RAM , 64GB SSD Model ကို ၃၉၉ ဒေါ်လာနဲ့ 8GB RAM , 128GB SSD Model ကို ၅၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ သူ့မှာ Dual-Core 7th Gen Intel Pentium Gold 4415Y Processor ထည့်သွင်းထားပါတယ်။ ၁၀ လက်မ 1800×1200 Touchscreen ပါပါတယ်။

S Mode ပါတဲ့ Windows 10 ထည့်သွင်းထားတဲ့အတွက် Edge Browser နဲ့ Microsoft Store မှ App များကိုသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows 10 မှ Split-Screen နဲ့ Multitasking Modes များလို Productivity ကို တိုးတက်စေမယ့် လုပ်ဆောင်ချက်များ ပါပါတယ်။ သူ့ရဲ့ ဒီဇိုင်းက အခြား Surface Device များနဲ့ တူညီပါတယ်။ Kickstand က တက်ဘလက်ကို ပုံစံအနေအထားများစွာနဲ့သုံးနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အရှေ့ကင်မရာမှာ မျက်နှာဖြင့် Login ဝင်နိုင်တဲ့ စွမ်းရည်ပါပါတယ်။

Surface Connector Port ကနေ အားသွင်းခြင်းနဲ့ ဒတ်စတော့ကို ချိတ်ဆက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ USB-C 3.1 Port တစ်ခုလည်း ပါပါတယ်။ အစောပိုင်းမှာ ဝိုင်ဖိုင်မော်ဒယ်ကိုသာ ရောင်းချမှာပါ။ LTE Model ကို ယခုနှစ်နှောင်းပိုင်းမှာ ဝယ်ယူနိုင်မှာပါ။

Leave a Reply