ဖုန္းျပဳတ္က်ရင္ လက္တံေတြထုတ္ျပီးကာကြယ္ေပးမယ့္ iPhone Case

0
2188

Zawgyi Version

စမတ္ဖုန္းျပဳတ္က်တယ္ဆိုတာက ကၽြန္ေတာ္တို႕အတြက္ အဆန္းတၾကယ္ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္$1000 iPhone ဆိုရင္ေရာ။ ၾကမ္းျပင္ေပၚကိုျပဳတ္က်သြားတဲ့အခိုက္အတံ့။ အိုး စဥ္းစားၾကည့္လုိက္ပါ။

AppleCare ဒါမွမဟုတ္ Case ေလးကို ေရြးခ်ယ္ထားဖို႕လိုပါလိမ့္မယ္။ Apple ရဲ႕ leather case ဖန္ေတြျဖစ္ေပမယ့္လည္း ဒီထက္ပိုျပီးအာမခံခ်က္လိုခ်င္တယ္ဆိုရင္ေတာ့ case ေလးတစ္ခုနဲ႕မိတ္ဆက္ေပးပါရေစ။

Philip Frenzel ဆုိတဲ့ ဂ်ာမနီ Aalen University က အင္ဂ်င္နီယာတစ္ေယာက္က ဖန္တီးခဲ့တာျဖစ္ျပီးေတာ့ German Society for Mechatronics ရဲ႕ အျမင့္ဆံုးဆုကို သိမ္းပိုက္ထားပါတယ္။ ဘာေၾကာင့္လဲဆိုတာ ၾကည့္လုိက္ရေအာင္။

သီအိုရီအရ အရမ္းမိုက္ပါတယ္။ ဖုန္းေလးကို တစ္ခ်ိန္္လံုးျပဳတ္က်ေအာင္ ကိုင္ေနတတ္တဲ့ကၽြန္ေတာ္တို႕အတြက္ ျပဳတ္က်ခ်ိန္မွာ လက္တံေလးေတြထုတ္ျပီးေတာ့ ကာကြယ္ေပးမွာပါ။ ဒီေတာ့ ဘာေၾကာင့္မ်ားအရင္တုန္းကတည္းက မလုပ္ခဲ့ၾကတာလဲဆိုတာ အံ့ၾသမိပါတယ္။

စစခ်င္းမွာေတာ့ ေလအိတ္ေတြထည့္ေပးမယ္လို႕ စိတ္ကူးခဲ့ေပမယ့္လည္း လက္တံရွစ္ခုထည့္လိုက္ျခင္းက လက္ေတြ႕ပိုဆန္သြားတာကိုေတြ႕ရပါတယ္။ ဒါေပမယ့္လည္း ထြက္လာခ်ိန္မွာ လက္တံရွစ္ခုက ေထာင့္ေလးေထာင့္မွာ တြယ္ကပ္ထားမွာဆိုေတာ့ ၾကမ္းျပင္ေပၚကေန ဖမ္းမယ့္သူမရွိလည္း အဆင္ေျပေစပါတယ္။ ၾကမ္းျပင္နဲ႕တုိက္ရုိက္ ဖုန္းကိုမထိေစတဲ့အတြက္ေၾကာင့္ ကြဲတာမ်ိဳးလည္း မျဖစ္ေတာ့ပါဘူး။

ဒီနည္းပညာအတြက္ patent တင္ထားျပီးျဖစ္ပါတယ္။ အခုဆိုရင္ ဖုန္းျပဳတ္က်သလားဆိုတာသိႏုိင္တဲ့ အာရံုခံစနစ္ေတြကို တပ္ဆင္ဖို႕အတြက္ၾကိဳးစားေနပါတယ္။ ဘယ္အခ်ိ္န္မွာ အိတ္ကပ္ထဲကိုေရာက္လာမလဲဆိုတာကေတာ့ မေျပာႏုိင္ေသးပါဘူး။

မၾကာခင္ Kickstarter မွာ ျမင္ရေတာ့မယ္လို႕ ထင္ပါတယ္။

Unicode Version

စမတ်ဖုန်းပြုတ်ကျတယ်ဆိုတာက ကျွန်တော်တို့အတွက် အဆန်းတကြယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့်$1000 iPhone ဆိုရင်ရော။ ကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားတဲ့အခိုက်အတံ့။ အိုး စဉ်းစားကြည့်လိုက်ပါ။
AppleCare ဒါမှမဟုတ် Case လေးကို ရွေးချယ်ထားဖို့လိုပါလိမ့်မယ်။ Apple ရဲ့ leather case ဖန်တွေဖြစ်ပေမယ့်လည်း ဒီထက်ပိုပြီးအာမခံချက်လိုချင်တယ်ဆိုရင်တော့ case လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။
Philip Frenzel ဆိုတဲ့ ဂျာမနီ Aalen University က အင်ဂျင်နီယာတစ်ယောက်က ဖန်တီးခဲ့တာဖြစ်ပြီးတော့ German Society for Mechatronics ရဲ့ အမြင့်ဆုံးဆုကို သိမ်းပိုက်ထားပါတယ်။ ဘာကြောင့်လဲဆိုတာ ကြည့်လိုက်ရအောင်။
သီအိုရီအရ အရမ်းမိုက်ပါတယ်။ ဖုန်းလေးကို တစ်ချိန်လုံးပြုတ်ကျအောင် ကိုင်နေတတ်တဲ့ကျွန်တော်တို့အတွက် ပြုတ်ကျချိန်မှာ လက်တံလေးတွေထုတ်ပြီးတော့ ကာကွယ်ပေးမှာပါ။ ဒီတော့ ဘာကြောင့်များအရင်တုန်းကတည်းက မလုပ်ခဲ့ကြတာလဲဆိုတာ အံ့သြမိပါတယ်။
စစချင်းမှာတော့ လေအိတ်တွေထည့်ပေးမယ်လို့ စိတ်ကူးခဲ့ပေမယ့်လည်း လက်တံရှစ်ခုထည့်လိုက်ခြင်းက လက်တွေ့ပိုဆန်သွားတာကိုတွေ့ရပါတယ်။ ဒါပေမယ့်လည်း ထွက်လာချိန်မှာ လက်တံရှစ်ခုက ထောင့်လေးထောင့်မှာ တွယ်ကပ်ထားမှာဆိုတော့ ကြမ်းပြင်ပေါ်ကနေ ဖမ်းမယ့်သူမရှိလည်း အဆင်ပြေစေပါတယ်။ ကြမ်းပြင်နဲ့တိုက်ရိုက် ဖုန်းကိုမထိစေတဲ့အတွက်ကြောင့် ကွဲတာမျိုးလည်း မဖြစ်တော့ပါဘူး။
ဒီနည်းပညာအတွက် patent တင်ထားပြီးဖြစ်ပါတယ်။ အခုဆိုရင် ဖုန်းပြုတ်ကျသလားဆိုတာသိနိုင်တဲ့ အာရုံခံစနစ်တွေကို တပ်ဆင်ဖို့အတွက်ကြိုးစားနေပါတယ်။ ဘယ်အချိန်မှာ အိတ်ကပ်ထဲကိုရောက်လာမလဲဆိုတာကတော့ မပြောနိုင်သေးပါဘူး။
မကြာခင် Kickstarter မှာ မြင်ရတော့မယ်လို့ ထင်ပါတယ်။

Leave a Reply