ကမာၻအ၀န္းမွာ ေရာင္းခ်ေပးလိုက္တဲ့ Vivo Nex

0
943

Notch ေတာင္ မပါတဲ့ တကယ့္ ေဘာင္ေပ်ာက္ စမတ္ဖုန္းကို Vivo က ဇြန္လက ေၾကညာခဲ့ၿပီး စမတ္ဖုန္း နယ္ပယ္မွာ အုတ္ေအာ္ေသာင္းနင္း ျဖစ္ကုန္ၾကပါတယ္။ သူ႔ရဲ႕ အမည္မွာ Vivo Nex ျဖစ္ပါတယ္။ Notch မပါတဲ့အတြက္ Selfie Camera ကို Pop-Up အေနျဖင့္ ထည့္သြင္းေပးထားတာက ဒီဇိုင္းဆန္းပါ။ အခုေတာ့ သူ႔ကို ကမာၻအ၀န္းမွာ ေရာင္းခ်ေတာ့မယ္လို႔ ကုမၸဏီက ေၾကညာလိုက္ပါတယ္။

ယခုလကုန္မွာ ရုရွား၊ အိႏၵိယ၊ မေလးရွား၊ ေဟာင္ေကာင္နဲ႔ ထိုင္၀မ္တို႔မွာ ပထမဆံုး ေရာင္းခ်မွာ ျဖစ္ပါတယ္။ သူ႔ကို ေမာ္ဒယ္ႏွစ္မ်ိဳးထုတ္လုပ္ေပးထားၿပီး Nex S နဲ႔ Nex A တို႔ ျဖစ္ပါတယ္။ Nex S ကို တရုတ္မွာ ယြမ္ ၄၄၉၈ နဲ ၄၉၉၈ အၾကား သတ္မွတ္ထားၿပီး ေဒၚလာ ၇၀၀ နဲ ၇၈၀ အၾကားရွိပါတယ္။ Nex A ဟာ ယြမ္ ၃၉၉၈ ရွိၿပီး ၆၀၅ ေဒၚလာ တန္ေၾကးရွိပါတယ္။ အျခား ႏိုင္ငံမ်ားမွာ ေရာင္းခ်မယ့္ ေစ်းမ်ားဟာလည္း ဒီေစ်း ၀န္းက်င္ပဲ ရွိမွာပါ။

Nex S မွာ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာနဲ႔ Snapdragon 845 Chipset ပါပါတယ္။ Vivo Nex A မွာ သာမာန္ လက္ေဗြရာ ကိရိယာနဲ႔ Snapdragon 710 Chipset ထည့္သြင္းထားပါတယ္။ ဖုန္းႏွစ္လံုးရဲ႕ တူညီတဲ့ အခ်က္က Pop-up Camera ျဖစ္ပါတယ္။

အျခား Specs မ်ားကေတာ့ တူညီၾကပါတယ္။ အဲဒီဖုန္းမ်ားမွာ မ်က္ႏွာျပင္အခ်ိဳး 19.3:9 ပါတဲ့ ၆.၅၉ လက္မ Super AMOLED FHD+ Display (2316x1080p) တပ္ဆင္ထားပါတယ္။ Pop-Up Selfie Camera ကေတာ့ 8MP ျဖစ္ပါတယ္။ အေနာက္မွာ 12MP+5MP Camera မ်ား ပါပါတယ္။ 8GB RAM , 128GB or 256GB Storage မ်ား ထည့္ထားပါတယ္။

unicode

ကမ္ဘာအဝန်းမှာ ရောင်းချပေးလိုက်တဲ့ Vivo Nex

Notch တောင် မပါတဲ့ တကယ့် ဘောင်ပျောက် စမတ်ဖုန်းကို Vivo က ဇွန်လက ကြေညာခဲ့ပြီး စမတ်ဖုန်း နယ်ပယ်မှာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြပါတယ်။ သူ့ရဲ့ အမည်မှာ Vivo Nex ဖြစ်ပါတယ်။ Notch မပါတဲ့အတွက် Selfie Camera ကို Pop-Up အနေဖြင့် ထည့်သွင်းပေးထားတာက ဒီဇိုင်းဆန်းပါ။ အခုတော့ သူ့ကို ကမ္ဘာအဝန်းမှာ ရောင်းချတော့မယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

ယခုလကုန်မှာ ရုရှား၊ အိန္ဒိယ၊ မလေးရှား၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာ ပထမဆုံး ရောင်းချမှာ ဖြစ်ပါတယ်။ သူ့ကို မော်ဒယ်နှစ်မျိုးထုတ်လုပ်ပေးထားပြီး Nex S နဲ့ Nex A တို့ ဖြစ်ပါတယ်။ Nex S ကို တရုတ်မှာ ယွမ် ၄၄၉၈ နဲ ၄၉၉၈ အကြား သတ်မှတ်ထားပြီး ဒေါ်လာ ၇၀၀ နဲ ၇၈၀ အကြားရှိပါတယ်။ Nex A ဟာ ယွမ် ၃၉၉၈ ရှိပြီး ၆၀၅ ဒေါ်လာ တန်ကြေးရှိပါတယ်။ အခြား နိုင်ငံများမှာ ရောင်းချမယ့် ဈေးများဟာလည်း ဒီဈေး ဝန်းကျင်ပဲ ရှိမှာပါ။

Nex S မှာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ Snapdragon 845 Chipset ပါပါတယ်။ Vivo Nex A မှာ သာမာန် လက်ဗွေရာ ကိရိယာနဲ့ Snapdragon 710 Chipset ထည့်သွင်းထားပါတယ်။ ဖုန်းနှစ်လုံးရဲ့ တူညီတဲ့ အချက်က Pop-up Camera ဖြစ်ပါတယ်။

အခြား Specs များကတော့ တူညီကြပါတယ်။ အဲဒီဖုန်းများမှာ မျက်နှာပြင်အချိုး 19.3:9 ပါတဲ့ ၆.၅၉ လက်မ Super AMOLED FHD+ Display (2316x1080p) တပ်ဆင်ထားပါတယ်။ Pop-Up Selfie Camera ကတော့ 8MP ဖြစ်ပါတယ်။ အနောက်မှာ 12MP+5MP Camera များ ပါပါတယ်။ 8GB RAM , 128GB or 256GB Storage များ ထည့်ထားပါတယ်။

Leave a Reply