ကင္မရာ အေရွ႕ ၂ လံုး၊ အေနာက္ ၃ လံုး ပါလာမယ့္ Samsung Galaxy S10+

0
1483

Samsung က လာမယ့္ႏွစ္မွာ Galaxy S10 Series ၃ လံုးေတာင္ မိတ္ဆက္မွာပါ။ သူတို႔ရဲ႕ သတင္းအခ်က္အလက္မ်ားကလည္း မၾကာခဏ ထြက္ေပၚေနပါတယ္။ အခုထြက္လာတဲ့ သတင္းအရ Galaxy S10+ မွာ စုစုေပါင္း ကင္မရာ ၅ လံုးေတာင္ ပါမယ္လို႔ သိရပါတယ္။ အေရွ႕မွာ ၂ လံုး၊ အေနာက္မွာ ၃ လံုး ပါလာမွာပါ။ အေနာက္ကင္မရာ သံုးလံုးကေတာ့ 12MP Wide+12MP Tele + 16MP Fixed-Focus 120 Degree Super Wide Angle Camera မ်ား ျဖစ္ပါတယ္။

မၾကာခင္ကထြက္လာတဲ့ သတင္းမွာေတာ့ Samsung ဟာ Galaxy S10 + ကိုထြက္ရွိထားသမွ် ဖုန္းေတြထဲမွာ မ်က္ႏွာျပင္အႀကီးမားဆံုးျဖစ္တဲ့ 6.44-inch screen နဲ႔ထုတ္လုပ္လာမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Galaxy S10 နဲ႔ Galaxy S10 + ဖုန္းေတြအတြက္ code name ကိုေတာ့ Beyond လို႔သတ္မွတ္ထားပါတယ္။ Galaxy S9 တုန္းကေတာ့ code name ကို Star လို႔ေခၚဆိုခဲ့ၿပီး၊ Galaxy S8 မွာတုန္းက Dream လို႔အမည္ေပးခဲ့ပါတယ္။ Beyond 0 ဗားရွင္းဟာ 5.8-inch display မွာ ကင္မရာ၁လုံးတပ္ဆင္ထားမွာျဖစ္ၿပီး၊ Beyond 1 ဗားရွင္းကိုေတာ့ 5.8-inch display နဲ႔ dual camera တပ္ဆင္ထားမွာပါ။ Beyond 2 ကိုေတာ့ 6.2-inch display နဲ႔အတူ ေနာက္ေက်ာဘက္မွာ ကင္မရာ၃လုံးတပ္ဆင္ထားမယ္လို႔ သတင္းေတြေပါက္ၾကားထားပါတယ္။

Samsung Galaxy S10 ဖုန္းေတြဟာ Samsung စမတ္ဖုန္းေတြမွာ under-screen fingerprint လုပ္ေဆာင္ခ်က္ကို ပထမဆုံးသုံးလာမယ့္ ဖုန္းေတြျဖစ္ၿပီး သူ႕မွာ face recognition အတြက္ 3D camera လုပ္ေဆာင္ခ်က္ေပါင္း ထည့္ေပးႏိုင္ပါတယ္။ Samsung S10 အေနနဲ႔ 4K AMOLED ကိုအသုံးျပဳလာႏုိင္ၿပီး Qualcomm ရဲ႕ Snapdragon 855 မွာ 6GB RAM နဲ႔ 128GBအခ်က္အလက္သိုေလွာင္ႏုိင္စြမ္းကို သုံးစြဲလာပါလိမ့္မယ္။ Samsung အေနနဲ႔ Galaxy S10+ ဖုန္းကို Xiaomi MI8 explorer ဗားရွင္းလိုမ်ိဳး 3D structured light နဲ႔ထုတ္လာမယ္ဆိုတဲ့ သတင္းလဲထြက္ထားပါေသးတယ္။ Galaxy Sစီးရီးရဲ႕ ဆယ္ႏွစ္ျပည့္အထိမ္းအမွတ္ အျဖစ္ထြက္လာမယ့္ စမတ္ဖုန္းကို အေကာင္းဆုံးလုပ္ေဆာင္ခ်က္ေတြနဲ႔ ပဲြထုတ္လာဖို႔ ျပင္ဆင္လ်က္ရွိေနပါတယ္။

unicode

ကင်မရာ အရှေ့ ၂ လုံး၊ အနောက် ၃ လုံး ပါလာမယ့် Samsung Galaxy S10+

Samsung က လာမယ့်နှစ်မှာ Galaxy S10 Series ၃ လုံးတောင် မိတ်ဆက်မှာပါ။ သူတို့ရဲ့ သတင်းအချက်အလက်များကလည်း မကြာခဏ ထွက်ပေါ်နေပါတယ်။ အခုထွက်လာတဲ့ သတင်းအရ Galaxy S10+ မှာ စုစုပေါင်း ကင်မရာ ၅ လုံးတောင် ပါမယ်လို့ သိရပါတယ်။ အရှေ့မှာ ၂ လုံး၊ အနောက်မှာ ၃ လုံး ပါလာမှာပါ။ အနောက်ကင်မရာ သုံးလုံးကတော့ 12MP Wide+12MP Tele + 16MP Fixed-Focus 120 Degree Super Wide Angle Camera များ ဖြစ်ပါတယ်။

မကြာခင်ကထွက်လာတဲ့ သတင်းမှာတော့ Samsung ဟာ Galaxy S10 + ကိုထွက်ရှိထားသမျှ ဖုန်းတွေထဲမှာ မျက်နှာပြင်အကြီးမားဆုံးဖြစ်တဲ့ 6.44-inch screen နဲ့ထုတ်လုပ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Galaxy S10 နဲ့ Galaxy S10 + ဖုန်းတွေအတွက် code name ကိုတော့ Beyond လို့သတ်မှတ်ထားပါတယ်။ Galaxy S9 တုန်းကတော့ code name ကို Star လို့ခေါ်ဆိုခဲ့ပြီး၊ Galaxy S8 မှာတုန်းက Dream လို့အမည်ပေးခဲ့ပါတယ်။ Beyond 0 ဗားရှင်းဟာ 5.8-inch display မှာ ကင်မရာ၁လုံးတပ်ဆင်ထားမှာဖြစ်ပြီး၊ Beyond 1 ဗားရှင်းကိုတော့ 5.8-inch display နဲ့ dual camera တပ်ဆင်ထားမှာပါ။ Beyond 2 ကိုတော့ 6.2-inch display နဲ့အတူ နောက်ကျောဘက်မှာ ကင်မရာ၃လုံးတပ်ဆင်ထားမယ်လို့ သတင်းတွေပေါက်ကြားထားပါတယ်။

Samsung Galaxy S10 ဖုန်းတွေဟာ Samsung စမတ်ဖုန်းတွေမှာ under-screen fingerprint လုပ်ဆောင်ချက်ကို ပထမဆုံးသုံးလာမယ့် ဖုန်းတွေဖြစ်ပြီး သူ့မှာ face recognition အတွက် 3D camera လုပ်ဆောင်ချက်ပေါင်း ထည့်ပေးနိုင်ပါတယ်။ Samsung S10 အနေနဲ့ 4K AMOLED ကိုအသုံးပြုလာနိုင်ပြီး Qualcomm ရဲ့ Snapdragon 855 မှာ 6GB RAM နဲ့ 128GBအချက်အလက်သိုလှောင်နိုင်စွမ်းကို သုံးစွဲလာပါလိမ့်မယ်။ Samsung အနေနဲ့ Galaxy S10+ ဖုန်းကို Xiaomi MI8 explorer ဗားရှင်းလိုမျိုး 3D structured light နဲ့ထုတ်လာမယ်ဆိုတဲ့ သတင်းလဲထွက်ထားပါသေးတယ်။ Galaxy Sစီးရီးရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ်ထွက်လာမယ့် စမတ်ဖုန်းကို အကောင်းဆုံးလုပ်ဆောင်ချက်တွေနဲ့ ပွဲထုတ်လာဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

Leave a Reply