Surface Phone ထုတ္လုပ္ေရာင္းခ်ဖို႔ Microsoft အား ဖိအားေပးေနတဲ့ Fans မ်ား

0
1398

Microsoft ဟာ Surface Phone ကို ထုတ္လုပ္ေရာင္းခ်မယ့္ သတင္းမ်ား ထြက္လာခဲ့တာ ႏွစ္မ်ားစြာေတာင္ ၾကာေနပါၿပီ။ အခုေတာ့ Surface Phone ကို ကိုင္ခ်င္လို႔ ေစာင့္ေနတဲ့ လူမ်ားက ေဒါသထြက္ေနၾကပါၿပီ။ အဲဒီအတြက္ အြန္လိုင္းကေန လက္မွတ္မ်ားကို လိုက္လံ ေကာက္ခံတဲ့ အစီအစဥ္တစ္ခုကို ျပဳလုပ္လိုက္ပါတယ္။

လက္မွတ္ထိုးပြဲကို စတင္ခဲ့သူ Zachary Hinskyi က “ အဲဒီ ဖုန္းဟာ ေဒၚလာ ၁၀၀၀ ေလာက္ရွိရင္ေတာင္ ၀ယ္မွာပါ။ သူ႔ရဲ႕ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓါတ္ပံုမ်ားကို ေတြ႕ျမင္ခဲ့ရၿပီးပါၿပီ။ ဒီဖုန္းကို ထုတ္လုပ္ေရာင္းခ်ဖို႔ မိုက္ကရိုေဆာ့ဖ္ကို ဖိအားေပးမွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။ လက္ရွိမွာ လက္မွတ္ေပါင္း ၃၀၀၀ ေက်ာ္ရရွိေနၿပီ ျဖစ္ၿပီး လူမ်ားစြာ ထပ္မံ ပါ၀င္လာဦးမယ္လို႔ ထင္ရပါတယ္။

မိုက္ကရိုေဆာ့ဖ္ဟာ Windows Phone ထုတ္လုပ္ေရာင္းခ်မႈကို ရပ္နားခဲ့ၿပီးေနာက္မွာ ေအာင္ျမင္ေနတဲ့ Surface Brand ကေန စမတ္ဖုန္း ထုတ္လုပ္ေရာင္းခ်ဖို႔ စီစဥ္ခဲ့တာ ျဖစ္ႏုိင္ပါတယ္။ Microsoft Surface Phone ရဲ႕ သတင္းအခ်က္အလက္မ်ား ထြက္ေပၚေနတာ ႏွစ္မ်ားစြာ ၾကာေနပါၿပီ။ သူ႔ရဲ႕ ဓါတ္ပံုမ်ားဟာလည္း အြန္လိုင္းမွာ ထြက္ေပၚခဲ့ဖူးပါတယ္။ Microsoft က သူ႔ရဲ႕ Patent မ်ားစြာကိုလည္း မွတ္ပံုတင္ထားခဲ့ဖူးပါတယ္။

မၾကာခင္ကလည္း Surface Phone လို႔ထင္ရတဲ့ ဒီဇိုင္းတစ္ခု ထြက္ေပၚခဲ့ဖူးပါတယ္။ ဒီဇိုင္းအရ သူဟာ စမတ္ဖုန္း လိုေရာ တက္ဘလက္လိုပါ အသံုးျပဳႏုိင္တဲ့ ႏွစ္မ်ိဳးသံုး ကိရိယာ ျဖစ္ပါတယ္။ ထူးျခားတာက ၀င္းဒိုး OS မထည့္သြင္းထားဘဲ Andromeda အမည္ရ Operating System အသစ္ကုိ အသံုးျပဳထားတာ ျဖစ္ပါတယ္။

unicode

Surface Phone ထုတ်လုပ်ရောင်းချဖို့ Microsoft အား ဖိအားပေးနေတဲ့ Fans များ

Microsoft ဟာ Surface Phone ကို ထုတ်လုပ်ရောင်းချမယ့် သတင်းများ ထွက်လာခဲ့တာ နှစ်များစွာတောင် ကြာနေပါပြီ။ အခုတော့ Surface Phone ကို ကိုင်ချင်လို့ စောင့်နေတဲ့ လူများက ဒေါသထွက်နေကြပါပြီ။ အဲဒီအတွက် အွန်လိုင်းကနေ လက်မှတ်များကို လိုက်လံ ကောက်ခံတဲ့ အစီအစဉ်တစ်ခုကို ပြုလုပ်လိုက်ပါတယ်။

လက်မှတ်ထိုးပွဲကို စတင်ခဲ့သူ Zachary Hinskyi က “ အဲဒီ ဖုန်းဟာ ဒေါ်လာ ၁၀၀၀ လောက်ရှိရင်တောင် ဝယ်မှာပါ။ သူ့ရဲ့ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံများကို တွေ့မြင်ခဲ့ရပြီးပါပြီ။ ဒီဖုန်းကို ထုတ်လုပ်ရောင်းချဖို့ မိုက်ကရိုဆော့ဖ်ကို ဖိအားပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။ လက်ရှိမှာ လက်မှတ်ပေါင်း ၃၀၀၀ ကျော်ရရှိနေပြီ ဖြစ်ပြီး လူများစွာ ထပ်မံ ပါဝင်လာဦးမယ်လို့ ထင်ရပါတယ်။

မိုက်ကရိုဆော့ဖ်ဟာ Windows Phone ထုတ်လုပ်ရောင်းချမှုကို ရပ်နားခဲ့ပြီးနောက်မှာ အောင်မြင်နေတဲ့ Surface Brand ကနေ စမတ်ဖုန်း ထုတ်လုပ်ရောင်းချဖို့ စီစဉ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ Microsoft Surface Phone ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်နေတာ နှစ်များစွာ ကြာနေပါပြီ။ သူ့ရဲ့ ဓါတ်ပုံများဟာလည်း အွန်လိုင်းမှာ ထွက်ပေါ်ခဲ့ဖူးပါတယ်။ Microsoft က သူ့ရဲ့ Patent များစွာကိုလည်း မှတ်ပုံတင်ထားခဲ့ဖူးပါတယ်။

မကြာခင်ကလည်း Surface Phone လို့ထင်ရတဲ့ ဒီဇိုင်းတစ်ခု ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒီဇိုင်းအရ သူဟာ စမတ်ဖုန်း လိုရော တက်ဘလက်လိုပါ အသုံးပြုနိုင်တဲ့ နှစ်မျိုးသုံး ကိရိယာ ဖြစ်ပါတယ်။ ထူးခြားတာက ဝင်းဒိုး OS မထည့်သွင်းထားဘဲ Andromeda အမည်ရ Operating System အသစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Leave a Reply