
0
1390





unicode

19:9 FullView Display နဲ့ Dual Camera များ ပါတဲ့ Oppo A5 ကို ကြေညာ

Oppo က စွမ်းဆောင်ရည်သင့် စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Oppo A5 ဖြစ်ပါတယ်။ သူ့မှာ ၆.၂ လက်မ LCD 1520x720p Display တပ်ဆင်ထားပြီး 19:9 Aspect Ratio ဖြစ်ပါတယ်။ စကရင်ရဲ့ထိပ်မှာ Notch ထည့်သွင်းထားပါတယ်။

သူ့မှာ Octa-Core 1.8GHz Snapdragon 450 Chipset ထည့်သွင်းထားပါတယ်။ Oppo Official Website မှာ 4GB RAM လို့ ဖော်ပြထားပေမယ့် 3GB RAM Model ကိုလည်း ဝယ်ယူနိုင်မယ်လို့ ထင်ရပါတယ်။ Internal Storage အပိုင်းမှာ 64GB ထည့်သွင်းထားသလို microSD Card လည်း စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ နှစ်လုံး ထည့်သွင်းထားပြီး 13MP+2MP များ ဖြစ်ပါတယ်။ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ဖန်တီးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP Camera တစ်လုံးသာ ပါပါတယ်။ သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 156.2×75.6×8.2mm ဖြစ်ပြီး အလေးချိန်မှာ ၁၆၈ ဂရမ် ဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ 4230mAh Battery ထည့်သွင်းထားတဲ့အတွက် ဘက်ထရီ သက်တမ်း ကောင်းမွန်ပါတယ်။

Oppo A5 ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပါတယ်။ ယွမ် ၁၅၀၀ သတ်မှတ်ထားပြီး ၂၂၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Leave a Reply