အေမရိကန္မွာ ခ်မ္းသာျခင္းကို iPhone/ iPad ကိုင္ႏုိင္ျခင္းနဲ႔ တုိင္းတာ

0
1968

အေမရိကန္မွာေတာ့ အုိင္ဖုန္း ကိုင္ႏုိင္မွ အေကာင္ပါတဲ့။ ခ်ီကာဂို တကၠသိုလ္မွ စီးပြားေရး ပညာရွင္ Marianne Bertrand နဲ႔ Emir Kamenica တို႔ရဲ႕ သုေတသန စစ္တမ္းအရ အေမရိကန္မွာ ခ်မ္းသာျခင္းကို iPhone/ iPad ကိုင္ႏုိင္ျခင္းနဲ႔ တုိင္းတာတယ္လို႔ သိရပါတယ္။

“ အျခား စမတ္ဖုန္းမ်ား ကိုင္သူမ်ားထက္ အိုင္ဖုန္း ကိုင္သူမ်ားအား ၀င္ေငြ ပိုမိုေကာင္းတယ္လို႔ ထင္ျမင္ၾကပါတယ္။ ကြ်န္ေတာ္တို႔ ႏွစ္မ်ားစြာၾကာ ေကာက္ယူထားတဲ့ ေဒတာမ်ားအရ အျခား ဘရန္းမ်ားကို ကိုင္ရင္ ၀င္ေငြေကာင္းတယ္လို႔ လူေတြက သိပ္ မထင္ၾကပါဘူး။ “ လို႔ စစ္တမ္းက ေဖာ္ျပထားပါတယ္။ အိုင္ဖုန္း ကိုင္ႏုိင္မွ ၀င္ေငြေကာင္းတဲ့ လူလို႔ သတ္မွတ္ၾကတာ ၂၀၁၆ ခုႏွစ္က စတာ ျဖစ္ပါတယ္။

၁၉၉၂ ခုႏွစ္မွာ လူခ်မ္းသာလို႔ အထင္ခံၾကရတဲ့ လူမ်ားဟာ Grey Poupon Mustard ကို ၀ယ္ႏုိင္သူမ်ား ျဖစ္ပါတယ္။ ၂၀၀၄ ခုႏွစ္မွာေတာ့ Land O’ Lakes Butter နဲ႔ Kikkoman Soy Sauce တို႔ကို သံုးႏုိင္သူမ်ားက အေကာင္ပါတဲ့။ စစ္တမ္းက အေမရိကန္ Carrier တစ္ခုျဖစ္တဲ့ Verizon ကို သံုးသူမ်ားကိုလည္း လူခ်မ္းသာ အျဖစ္ ထင္ၾကေၾကာင္း ေဖာ္ျပထားပါတယ္။

Apple က ပထမဆံုး အိုင္ဖုန္းကို ၂၀၀၇ ခုႏွစ္မွာ စတင္ မိတ္ဆက္ခဲ့ပါတယ္။ အခုေတာ့ အိုင္ဖုန္းမ်ားဟာ အျခား ၿပိဳင္ဖက္ စမတ္ဖုန္းမ်ားထက္ ပိုိမို ေစ်းမ်ားၾကတဲ့ တန္ဖိုးႀကီး ထုတ္ကုန္ ျဖစ္လာပါၿပီ။ ေနာက္ဆံုးထုတ္ iPhone X ဟာ ေဒၚလာ ၁၀၀၀ ေတာင္ တန္ေၾကးရွိတဲ့အတြက္ ေတာ္ရံုလူ မ၀ယ္ႏုိင္ပါဘူး။

unicode

အမေရိကန်မှာ ချမ်းသာခြင်းကို iPhone/ iPad ကိုင်နိုင်ခြင်းနဲ့ တိုင်းတာ

အမေရိကန်မှာတော့ အိုင်ဖုန်း ကိုင်နိုင်မှ အကောင်ပါတဲ့။ ချီကာဂို တက္ကသိုလ်မှ စီးပွားရေး ပညာရှင် Marianne Bertrand နဲ့ Emir Kamenica တို့ရဲ့ သုတေသန စစ်တမ်းအရ အမေရိကန်မှာ ချမ်းသာခြင်းကို iPhone/ iPad ကိုင်နိုင်ခြင်းနဲ့ တိုင်းတာတယ်လို့ သိရပါတယ်။

“ အခြား စမတ်ဖုန်းများ ကိုင်သူများထက် အိုင်ဖုန်း ကိုင်သူများအား ဝင်ငွေ ပိုမိုကောင်းတယ်လို့ ထင်မြင်ကြပါတယ်။ ကျွန်တော်တို့ နှစ်များစွာကြာ ကောက်ယူထားတဲ့ ဒေတာများအရ အခြား ဘရန်းများကို ကိုင်ရင် ဝင်ငွေကောင်းတယ်လို့ လူတွေက သိပ် မထင်ကြပါဘူး။ “ လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ အိုင်ဖုန်း ကိုင်နိုင်မှ ဝင်ငွေကောင်းတဲ့ လူလို့ သတ်မှတ်ကြတာ ၂၀၁၆ ခုနှစ်က စတာ ဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ လူချမ်းသာလို့ အထင်ခံကြရတဲ့ လူများဟာ Grey Poupon Mustard ကို ဝယ်နိုင်သူများ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ Land O’ Lakes Butter နဲ့ Kikkoman Soy Sauce တို့ကို သုံးနိုင်သူများက အကောင်ပါတဲ့။ စစ်တမ်းက အမေရိကန် Carrier တစ်ခုဖြစ်တဲ့ Verizon ကို သုံးသူများကိုလည်း လူချမ်းသာ အဖြစ် ထင်ကြကြောင်း ဖော်ပြထားပါတယ်။

Apple က ပထမဆုံး အိုင်ဖုန်းကို ၂၀၀၇ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ အိုင်ဖုန်းများဟာ အခြား ပြိုင်ဖက် စမတ်ဖုန်းများထက် ပိုမို ဈေးများကြတဲ့ တန်ဖိုးကြီး ထုတ်ကုန် ဖြစ်လာပါပြီ။ နောက်ဆုံးထုတ် iPhone X ဟာ ဒေါ်လာ ၁၀၀၀ တောင် တန်ကြေးရှိတဲ့အတွက် တော်ရုံလူ မဝယ်နိုင်ပါဘူး။

Leave a Reply