Gadget Trending

Elon Musk က ဂူထဲ ပိတ္မိေနတဲ့ ကေလးမ်ားကို ကယ္တင္ဖို႔ အရြယ္ေသး ေရငုပ္သေဘၤာကို တည္ေဆာက္ေန

SpaceX နဲ႔ Boring Company မွ အင္ဂ်င္နီယာမ်ားဟာ Tham Luang ဂူထဲ ပိတ္မိေနတဲ့ ေဘာလံုး အသင္းကို ကယ္တင္ရာမွာ ကူညီဖို႔ ထိုင္းကို ထြက္သြားၾကတာ ရက္အနည္းငယ္ ရွိပါၿပီ။ အခုေတာ့ စီအီးအို အီလြန္မတ္စ္က Falcon 9 Rocket မွ အစိတ္အပိုင္းမ်ားျဖင့္ ကေလး တစ္ကိုယ္စာ ၀င္ႏုိင္တဲ့ ေရငုပ္သေဘၤာကို တီထြင္ေနတယ္လို႔ ေျပာလိုက္ပါတယ္။

ယခုတစ္ပတ္ အေစာပိုင္းက မတ္ခ္ဟာ ဂူကို အေပါက္ေဖာက္ျခင္း၊ ေလမႈတ္သြင္းႏုိင္တဲ့ Tube ကို တည္ေဆာက္ျခင္း ကေန Kevlar Escape Pod ကို တီထြင္ျခင္းအထိ နည္းလမ္းမ်ားကို စဥ္းစားခဲ့ေသးတယ္လို႔ ေျပာပါတယ္။ အခုေတာ့ သူက က်ဥ္းေျမာင္းတဲ့ ဂူထဲ၀င္ႏုိင္မယ့္ အရြယ္ေသး ေရငုပ္သေဘၤာကိုသာ ေရြးခ်ယ္ထားတယ္လို႔ ေျပာပါတယ္။ သေဘၤာမ်ား တည္ေဆာက္ဖို႔ အခ်ိန္ ၈ နာရီပဲ လိုပါတယ္လို႔ သူက ေျပာပါတယ္။

သေဘၤာရဲ႕ အေရွ႕နဲ႔ အေနာက္ဘက္မွာ လက္ကိုင္မ်ားလည္း ပါမွာ ျဖစ္ၿပီး သေဘၤာေလးစီးအထိ ခ်ိတ္ဆက္ထားႏုိင္တယ္လို႔ သူက ေျပာပါတယ္။ ကယ္ဆယ္ေရး သမားမ်ားဟာ လက္ကိုင္မ်ားကေန သေဘၤာမ်ားကို ဆြဲသြားၾကမယ္လို႔ ထင္ရပါတယ္။ သေဘၤာမ်ားကို ေပါ့ပါးေအာင္လည္း ဖန္တီးထားမွာ ျဖစ္ပါတယ္။

ကေလးမ်ားကို ကယ္ဆယ္ဖို႔ ႀကိးုစားရင္းနဲ႔ Royal Thai Navy မွ ေရငုပ္သမား အရာရွိ Saman Gunan ဟာ အသက္ေသဆံုးခဲ့ရပါတယ္။ ကေလး ၁၂ ေယာက္နဲ႔ နည္းျပျဖစ္သူ တို႔ဟာ လက္ရွိမွာ က်န္းမာေရးေကာင္းေနေပမယ့္ အႏၱရာယ္ရွိတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဂူထဲမွာ ေအာက္ဆီဂ်င္ကလည္း နည္းပါးလာေနပါတယ္။ ကြ်မ္းက်င္တဲ့ ေရငုပ္သမားမ်ားေတာင္ ဂူအေပါက္၀ကေန ကေလးမ်ားရွိရာသို႔ သြားရတဲ့ အခ်ိန္ဟာ ၆ နာရီ ၾကာျမင့္ပါတယ္။

အေစာပိုင္းက ကေလးမ်ားကို ေရငုပ္ သင္ေပးၿပီး ေခၚထုတ္လာဖို႔ စဥ္းစားခဲ့ၾကေပမယ့္ အလြန္ အႏၱရာယ္မ်ားတဲ့အတြက္ လက္ေလ်ာ့လိုက္ၾကတယ္လို႔ ထင္ပါတယ္။ Musk ရဲ႕ ေရငုပ္သေဘၤာက ကေလးမ်ားရဲ႕ အသက္ကို ကယ္တင္ႏုိင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

unicode

Elon Musk က ဂူထဲ ပိတ်မိနေတဲ့ ကလေးများကို ကယ်တင်ဖို့ အရွယ်သေး ရေငုပ်သင်္ဘောကို တည်ဆောက်နေ

SpaceX နဲ့ Boring Company မှ အင်ဂျင်နီယာများဟာ Tham Luang ဂူထဲ ပိတ်မိနေတဲ့ ဘောလုံး အသင်းကို ကယ်တင်ရာမှာ ကူညီဖို့ ထိုင်းကို ထွက်သွားကြတာ ရက်အနည်းငယ် ရှိပါပြီ။ အခုတော့ စီအီးအို အီလွန်မတ်စ်က Falcon 9 Rocket မှ အစိတ်အပိုင်းများဖြင့် ကလေး တစ်ကိုယ်စာ ဝင်နိုင်တဲ့ ရေငုပ်သင်္ဘောကို တီထွင်နေတယ်လို့ ပြောလိုက်ပါတယ်။

ယခုတစ်ပတ် အစောပိုင်းက မတ်ခ်ဟာ ဂူကို အပေါက်ဖောက်ခြင်း၊ လေမှုတ်သွင်းနိုင်တဲ့ Tube ကို တည်ဆောက်ခြင်း ကနေ Kevlar Escape Pod ကို တီထွင်ခြင်းအထိ နည်းလမ်းများကို စဉ်းစားခဲ့သေးတယ်လို့ ပြောပါတယ်။ အခုတော့ သူက ကျဉ်းမြောင်းတဲ့ ဂူထဲဝင်နိုင်မယ့် အရွယ်သေး ရေငုပ်သင်္ဘောကိုသာ ရွေးချယ်ထားတယ်လို့ ပြောပါတယ်။ သင်္ဘောများ တည်ဆောက်ဖို့ အချိန် ၈ နာရီပဲ လိုပါတယ်လို့ သူက ပြောပါတယ်။

သင်္ဘောရဲ့ အရှေ့နဲ့ အနောက်ဘက်မှာ လက်ကိုင်များလည်း ပါမှာ ဖြစ်ပြီး သင်္ဘောလေးစီးအထိ ချိတ်ဆက်ထားနိုင်တယ်လို့ သူက ပြောပါတယ်။ ကယ်ဆယ်ရေး သမားများဟာ လက်ကိုင်များကနေ သင်္ဘောများကို ဆွဲသွားကြမယ်လို့ ထင်ရပါတယ်။ သင်္ဘောများကို ပေါ့ပါးအောင်လည်း ဖန်တီးထားမှာ ဖြစ်ပါတယ်။

ကလေးများကို ကယ်ဆယ်ဖို့ ကြိးုစားရင်းနဲ့ Royal Thai Navy မှ ရေငုပ်သမား အရာရှိ Saman Gunan ဟာ အသက်သေဆုံးခဲ့ရပါတယ်။ ကလေး ၁၂ ယောက်နဲ့ နည်းပြဖြစ်သူ တို့ဟာ လက်ရှိမှာ ကျန်းမာရေးကောင်းနေပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂူထဲမှာ အောက်ဆီဂျင်ကလည်း နည်းပါးလာနေပါတယ်။ ကျွမ်းကျင်တဲ့ ရေငုပ်သမားများတောင် ဂူအပေါက်ဝကနေ ကလေးများရှိရာသို့ သွားရတဲ့ အချိန်ဟာ ၆ နာရီ ကြာမြင့်ပါတယ်။

အစောပိုင်းက ကလေးများကို ရေငုပ် သင်ပေးပြီး ခေါ်ထုတ်လာဖို့ စဉ်းစားခဲ့ကြပေမယ့် အလွန် အန္တရာယ်များတဲ့အတွက် လက်လျော့လိုက်ကြတယ်လို့ ထင်ပါတယ်။ Musk ရဲ့ ရေငုပ်သင်္ဘောက ကလေးများရဲ့ အသက်ကို ကယ်တင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.