Apple က သူရဲ့ နောက်ထွက်ရှိမဲ့ iPhone အသစ်တွေကို အပြာရောင်၊ လိမ္မော်ရောင်၊ ရွှေရောင်တွေဆိုပြီးအရောင်စုံ ထုတ်လုပ်မယ်လို့သတင်းရရှိ

0
1678

Zawgyi version

ထားပါသေးတယ်။

Unicode version

Apple က 6.5 လက်မအရွယ်ရှိ OLED iPhone တွေကို အနက်ရောင်၊ အဖြူရောင် နဲ့ ရွှေရောင်တွေထွက်မယ်ဆိုပြီး သတင်းပေါက်ကြားခဲ့ပါသေးတယ်။ နောက်သတင်းတစ်ခုကလဲ 6.1 လက်မ LED iPhone တွေကို မီးခိုးရောင်၊ အဖြူရောင်၊ အပြာရောင်နဲ့ အနီရောင် နဲ့ လိမ္မော်ရောင်တွေဆိုပြီး အရောင်စုံ ထုတ်လုပ် မယ်ဆိုပြီးလဲ သတင်းထွက်ရှိ
ထားပါသေးတယ်။
တစ်ကယ်လို့သာ အဲ့ဒီသတင်းတွေက မှန်ကန်တယ်ဆိုရင် Apple က ယခု 2018 မှာ အနည်းဆုံး အရောင် ၄ ရောင်နဲ့ထွက်ရှိမယ်လို့ ပြောပါတယ်။ Apple က အာဖရိကမှာရှိတဲ့ HIV နဲ့ AIDS ရောဂါသည်တွေကိုထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းရန်ပုံငွေ အတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ Red Edition လဲ ထွက်ရှိဦးမှာ ဖြစ်ပါတယ်။
Apple ကတော့ လိမ္မော်ရောင် version ကိုဘယ်တော့မှ ထုတ်မှာ မဟုတ်ပါဘူးတဲ့။ တစ်ကယ်လို့ လိမ္မော်ရောင်ကိုင်ချင်တယ်ဆိုရင်တော့ သူရဲ့ ထုတ်နေကျ မီးခိုးရောင် အနက်ရောင် နဲ့ အဖြူရောင်တွေကိုမှ အရောင် cover တွေနဲ့ပဲ တပ်ပြီး ကိုင်လို့ရမှာဖြစ်ပါတယ်တဲ့။
Apple က iPhone X ကိုရွှေရောင်နဲ့ ထွက်ရှိဖို့ အစီစဉ်ဆွဲနေပါတယ် တဲ့။ “iPhone X Plus” အသစ်ကိုလဲ screen 6.5 လက်မ OLED display ကို dual-SIM ရယ် မျက်နှာနဲ့ ဖွင့်လို့ရတဲ့ Face ID ပါရှိတဲ့ screen 6.1 လက်မ LCD iPhone ရယ်ထွက်မယ်ဆိုပြီးလဲ သတင်းတွေထွက်ရှိ ထားပါသေးတယ်။ ဒါ့အပြင် Apple က screen 5.8 လက်မရှိတဲ့ iPhone X ကိုလဲထွက်ရှိဖို့ ပြင်ဆင်နေ ပါသေးတယ်။

Leave a Reply