ဖုန္းေတြက ပိုင္ရွင္ ေျပာစကားမ်ားကို ခိုးနားေထာင္ရံု သာမက ကင္မရာမ်ားကေနပါ ေစာင့္ၾကည့္ေန

0
2008

ဖုန္းေတြက ပိုင္ရွင္ ေျပာစကားမ်ားကို ခိုးနားေထာင္ၿပီး သူတို႔ ႀကိဳက္တဲ့ ကုန္ပစၥည္းေၾကာ္ညာမ်ားကို ျပသေပးတယ္ဆိုတာကို သက္ေသျပထားတဲ့ YouTube Video မ်ား ျမင္ခဲ့ၾကရၿပီးပါၿပီ။ ဥပမာအားျဖင့္ Facebook App က ပိုင္ရွင္ ေျပာစကားမ်ားကို ခိုးနားေထာင္ၿပီး သူ စကားမ်ားမွာ ပါတဲ့ ကုန္ပစၥည္းမ်ားကို Newsfeed မွာ ျပသေပးပါတယ္။ အခုေတာ့ Northeastern University မွ သုေတသန ပညာရွင္မ်ားက ဖုန္းေတြဟာ ကင္မရာမ်ားကေန အရာအားလံုးကို ခိုးၾကည့္ေနတယ္လို႔ ေျပာပါတယ္။ သူတို႔ဟာ တစ္ႏွစ္ၾကာ သုေတသန ျပဳလုပ္ခဲ့ၾကတာပါ။

ပညာရွင္ အဖြဲ႕က နာမည္ႀကီး Ändroid App ၁၇၀၀၀ ေက်ာ္ကို စမ္းသပ္ခဲ့ၾကတာပါ။ App မ်ားဟာ ဖုန္းရဲ႕ မိုက္ကရိုဖုန္းကေန ေျပာစကားမ်ားကို ခိုးနားေထာင္ ေနလားဆိုတာ ေလ့လာခဲ့ၾကပါတယ္။ အဲဒီအထဲမွ အခ်ိဳ႕ဟာ Facebook ဖန္တီးထားတဲ့ App မ်ား ျဖစ္ပါတယ္။ App ၈ ေထာင္ေက်ာ္ဟာ သတင္းအခ်က္အလက္မ်ားကို Facebook ထံ ေပးပို႔ႏုိင္တဲ့ စြမ္းရည္ ရွိၾကပါတယ္။

App မ်ားရဲ႕ ထက္၀က္ေက်ာ္ဟာ ဖုန္းရဲ႕ ကင္မရာနဲ႔ မိုက္ကရိုဖုန္းကို ထိန္းခ်ဳပ္ႏုိင္ၾကတယ္လို႔ စစ္တမ္းက ေဖာ္ျပထားပါတယ္။ လူေတြရဲ႕ ေျပာစကားမ်ားကို ခိုးနားေထာင္ႏုိင္ပါတယ္။ ဒါေပမယ့္ အသံဖိုင္မ်ားကို Third-Party မ်ားထံ ေပးပို႔ျခင္း မရွိဘူးလို႔ ပညာရွင္မ်ားက ေျပာပါတယ္။ သူတို႔က Automated System ျဖင့္ စမ္းသပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီအတြက္ ျပင္ပ ကမာၻမွာေတာ့ အသံဖုိင္မ်ားကို ေပးပို႔ေကာင္း ေပးပို႔ၾကမွာပါ။

ပညာရွင္မ်ားက App မ်ားစြာဟာ လူေတြ ဘာလုပ္ေနသလဲဆိုတာကို ဗီဒီယိုရိုက္ကူးျခင္း၊ စကရင္ေရွာ့မ်ား ရိုက္ျခင္းျဖင့္ ေစာင့္ၾကည့္ေနတယ္ဆိုတာကို ေတြ႕ခဲ့ၾကပါတယ္။ အဲဒီေနာက္မွာ စကရင္ေရွာ့မ်ားကို Third-Party မ်ားသို႔ ေပးပို႔ခဲ့ၾကပါတယ္။ အဲဒီအထဲမွ Delivery App တစ္ခုျဖစ္တဲ့ GoPuff ဟာ App Screen ကို ဗီဒီယို ရိုက္ကူးခဲ့ၿပီး Mobile Analytics Company ျဖစ္တဲ့ Appsee ကို ေပးပို႔ခဲ့ပါတယ္။ Delivery App မ်ားမွာ ခရက္ဒစ္ကဒ္နဲ႔ လိပ္စာတို႔လို အေရးႀကီးတဲ့ သတင္းအခ်က္အလက္မ်ား ပါတဲ့အတြက္ အလြန္ စိုးရိမ္ရပါတယ္။ GoPuff ရဲ႕ Privacy Policy မွာ စကရင္ကို ဗီဒီယို ရိုက္ကူးမယ္ဆိုတာကို မေဖာ္ျပထားပါဘူး။

unicode

ဖုန်းတွေက ပိုင်ရှင် ပြောစကားများကို ခိုးနားထောင်ရုံ သာမက ကင်မရာများကနေပါ စောင့်ကြည့်နေ

ဖုန်းတွေက ပိုင်ရှင် ပြောစကားများကို ခိုးနားထောင်ပြီး သူတို့ ကြိုက်တဲ့ ကုန်ပစ္စည်းကြော်ညာများကို ပြသပေးတယ်ဆိုတာကို သက်သေပြထားတဲ့ YouTube Video များ မြင်ခဲ့ကြရပြီးပါပြီ။ ဥပမာအားဖြင့် Facebook App က ပိုင်ရှင် ပြောစကားများကို ခိုးနားထောင်ပြီး သူ စကားများမှာ ပါတဲ့ ကုန်ပစ္စည်းများကို Newsfeed မှာ ပြသပေးပါတယ်။ အခုတော့ Northeastern University မှ သုတေသန ပညာရှင်များက ဖုန်းတွေဟာ ကင်မရာများကနေ အရာအားလုံးကို ခိုးကြည့်နေတယ်လို့ ပြောပါတယ်။ သူတို့ဟာ တစ်နှစ်ကြာ သုတေသန ပြုလုပ်ခဲ့ကြတာပါ။

ပညာရှင် အဖွဲ့က နာမည်ကြီး Ändroid App ၁၇၀၀၀ ကျော်ကို စမ်းသပ်ခဲ့ကြတာပါ။ App များဟာ ဖုန်းရဲ့ မိုက်ကရိုဖုန်းကနေ ပြောစကားများကို ခိုးနားထောင် နေလားဆိုတာ လေ့လာခဲ့ကြပါတယ်။ အဲဒီအထဲမှ အချို့ဟာ Facebook ဖန်တီးထားတဲ့ App များ ဖြစ်ပါတယ်။ App ၈ ထောင်ကျော်ဟာ သတင်းအချက်အလက်များကို Facebook ထံ ပေးပို့နိုင်တဲ့ စွမ်းရည် ရှိကြပါတယ်။

App များရဲ့ ထက်ဝက်ကျော်ဟာ ဖုန်းရဲ့ ကင်မရာနဲ့ မိုက်ကရိုဖုန်းကို ထိန်းချုပ်နိုင်ကြတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ လူတွေရဲ့ ပြောစကားများကို ခိုးနားထောင်နိုင်ပါတယ်။ ဒါပေမယ့် အသံဖိုင်များကို Third-Party များထံ ပေးပို့ခြင်း မရှိဘူးလို့ ပညာရှင်များက ပြောပါတယ်။ သူတို့က Automated System ဖြင့် စမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြင်ပ ကမ္ဘာမှာတော့ အသံဖိုင်များကို ပေးပို့ကောင်း ပေးပို့ကြမှာပါ။

ပညာရှင်များက App များစွာဟာ လူတွေ ဘာလုပ်နေသလဲဆိုတာကို ဗီဒီယိုရိုက်ကူးခြင်း၊ စကရင်ရှော့များ ရိုက်ခြင်းဖြင့် စောင့်ကြည့်နေတယ်ဆိုတာကို တွေ့ခဲ့ကြပါတယ်။ အဲဒီနောက်မှာ စကရင်ရှော့များကို Third-Party များသို့ ပေးပို့ခဲ့ကြပါတယ်။ အဲဒီအထဲမှ Delivery App တစ်ခုဖြစ်တဲ့ GoPuff ဟာ App Screen ကို ဗီဒီယို ရိုက်ကူးခဲ့ပြီး Mobile Analytics Company ဖြစ်တဲ့ Appsee ကို ပေးပို့ခဲ့ပါတယ်။ Delivery App များမှာ ခရက်ဒစ်ကဒ်နဲ့ လိပ်စာတို့လို အရေးကြီးတဲ့ သတင်းအချက်အလက်များ ပါတဲ့အတွက် အလွန် စိုးရိမ်ရပါတယ်။ GoPuff ရဲ့ Privacy Policy မှာ စကရင်ကို ဗီဒီယို ရိုက်ကူးမယ်ဆိုတာကို မဖော်ပြထားပါဘူး။

Leave a Reply