အနာဂတ်မရေရာတဲ့ HTC smartphone နဲ့ ကြိုးစားနေဆဲ Vive
0
1435
Zawgyi Version
Unicode Version
HTC ကတော့ ဝန်ထမ်း ၁၅၀၀ လောက်ကို ဖြုတ်ဖို့ စဉ်းုစားနေပါတယ်။ ဒါကိုတော့ company ကနေ ကြေညာထားတာဖြစ်ပါတယ်။ လမ်းမှန်ကိုရောက်မလား။ ဒါမှမဟုတ် အခေါင်းကိုအချောသတ်တဲ့နောက်ဆုံးသံရိုက်ချက်ဖြစ်လား။
စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်ပါပဲ။ HTC ဟာ ဝန်ထမ်းစီမံခန့်ခွဲမှုအပိုင်းမှာ ပိုကောင်းလာမယ်လို့ မျှော်လင့်ထားပါတယ်။ HTC ဟာ စမတ်ဖုန်းတွေရောင်းချမှု တဖြည်းဖြည်းနည်းလာတယ်။ Google ကလည်း သူ့ရဲ့ Pixel စမတ်ဖုန်းတွေကို အခြားထုတ်လုပ်သူနဲ့ စာချုပ်ချုုပ်တော့မယ်။ ဒီတော့ HTC အတွက် ပိုကောင်းသွားတယ်လို့ တွေးပေးရမှာပါ။
ဝန်ထမ်းတွေအတွက်ကတော့ သတင်းဆိုးဖြစ်နိုင်ပါတယ်။ ပြီးတော့ HTC ဖန်တွေအတွက်လည်း သတင်းဆိုးပါပဲ။ HTC ဟာ စမတ်ဖုန်းလုပ်ငန်းကို အောင်မြင်ချင်ခဲ့ပါတယ်။ U11 နဲ့ U12+ အတွက် အကောင်းမြင်တဲ့သုံးသပ်ချက်တွေရခဲ့ပေမယ့်လည်း စမတ်ဖုန်းဈေးကွက်ကတော့ ဈေးကွက်ရှယ်ယာအတွက် အပြိုင်အဆိုင်လုနေကြဆဲပါ။ ဒီတော့ HTC အနေနဲ့ အောင်မြင်မယ့်လုပ်ငန်းကို ဦးတည်အာရုံစိုက်ဖို့လိုအပ်နေပါတယ်။
HTC အာရုံစိုက်နေတဲ့ VR
smartphone နဲ့ VR နယ်ပယ်အတွက် ပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ ဖော်ပြထားတာကိုလည်း ဖတ်လိုက်ရတယ်။ HTC က အရင်တုန်းကတည်းက ကြေညာထားပြီးသား ဖြစ်ပါတယ်။
HTC ထုတ်ကုန်တွေ ဘယ်လိုတွေ့မြင်ရမလဲ၊ HTC Exodus လား။ စမတ်ဖုန်းတွေ တွေ့မြင်ရမလား။ HTC U12+ လို flagship တွေနဲ့ သုံးစွဲသူတွေကို ဆွဲဆောင်ဦးမှာလား။
VR ဈေးကွက်ကို Vive Focus ၊ Vive Pro တို့နဲ့ ပြန်လည်ဝင်ရောက်လာနိုင်ပါတယ်။ အဲဒီအတွက် အတော်လေးကိုရင်းနှီးမြှုပ်နှံထားတာပါ။ Google ကလည်း ၁ဘီလျံဒေါ်လာအတွက် ဝန်ထမ်းပေါင်း ၂၀၀၀ လောက်ကို ထောက်ပံ့ထားပါတယ်။ သူတို့ကတော့ Pixel အတွက် လုပ်ဆောင်ပေးကြမှာပါ။
တစ်ဖက်မှာလည်း AR, VR, AI တို့အတွက် လုပ်ဆောင်နေကြပါတယ်။ 5G supplier ဆိုတာကတော့ စီးပွားရေးနယ်ပယ်အတွက် ငွေရလမ်းတစ်ခုပါပဲ။ နောက်နှစ်အနည်းငယ်လောက်မှ သုံးစွဲသူတွေက HTC ရဲ့အသီးအပွင့်တွေကို တွေ့မြင်ရမှာပါ။
မေးခွန်းကတော့ HTC က တောင့်ခံနိုင်ပါ့မလား။ ဖြစ်နိုင်တာကတော့ စမတ်ဖုန်းတွေအတွက် မဖြစ်နိုင်ပါဘူး။ တောင့်ခံနိုင်တယ်ဆိုရင်တောင် Vive အပိုင်းကပဲ ဖြစ်မှာပါ။
စာဖတ်သူတွေရော ဘယ်လိုထင်လဲ။ စမတ်ဖုန်းတွေကို နှုတ်ဆက်ရတော့မှာလား။ VR ကရော ဈေးကွက်ဖောက်နိုင်မှာလား။
Leave a Reply