2018 အတွက် ဆင်းကဒ်နှစ်ကဒ်ထိုးလို့ရတဲ့ အကောင်းဆုံး Android ဖုန်းများ

0
1891

Zawgyi Version

Winner : OnePlus 6

OnePlus 6 ကတော့ feature တွေအများကြီးနဲ့ပွဲထွက်လာခဲ့တာပါ။ ဒါပေမယ့်လည်း Galaxy S9+, Pixel 2 လောက်တော့ ဈေးမြင့်ခြင်းမရှိပါဘူး။ Samsung နဲ့ Google တို့လို တူညီတဲ့ hardware တွေကို ဈေးသက်သာစွာအသုံးပြုနိုင်စေမှာပါ။ OnePlus ရဲ့ပုံစံကတော့ အရင်လိုပါပဲ။

OnePlus 6 မှာ ၆.၂၈လက်မ Super AMOLED display နဲ့ Snapdragon 845 chipsetတို့ ပါဝင်ပါတယ်။ 6GB RAM ၊ 64GB storage ကို standard အဖြစ်နဲ့ထုတ်ပေးထားပြီး 8GB RAM နဲ့ 256GB storage ကိုလည်း ရနိုင်အောင်လုပ်ဆောင်ပေးထားပါတယ်။

16MP + 20MP အနောက်ကင်မရာကလည်း အလင်းအားနည်းချိန်မှာ ရိုက်ကူးတဲ့ပုံတွေကို အလန်းစားဖြစ်စေပါတယ်။ 16MP အရှေ့ကင်မရာ ၊ Wi-Fi ac ၊ Bluetooth 5.0 ၊ aptX HD audio codecs ၊ 3.5mm jack ၊ 3300mAh ဘတ်ထရီ၊ Dash Charge တို့ကိုလည်း တွေ့မြင်ခံစားရမှာပါ။

OnePlus 6 မှာ အကောင်းဆုံး manufacturer skin ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Google ရဲ့ Android ကို ဒီဇိုင်းပိုင်းမှာ သွေဖည်သွားခြင်းမရှိဘဲ customization option အတော်များများကိုထည့်သွင်းပေးထားပါတယ်။

စဉ်းစားသင့်တဲ့အချက် – ပေးသလောက်တော့ ပြန်ရတဲ့အပြင် ပိုနေတယ်။

နောက်တစ်ချက် – OnePlus 6 က GSM-only device ဖြစ်ပါတယ်။

ဘာကြောင့် OnePlus 6 က အကောင်းဆုံးဖြစ်နေရတာလဲ။

လွန်ခဲ့တဲ့သုံးနှစ်အတွင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင် OnePlus က စွမ်းဆောင်ရည်မြင့် hardware တွေကို ဈေးသက်သက်သာသာနဲ့ ထုတ်ပေးတဲ့အကျင့်ကိုစခဲ့ပါတယ်။ ဒါကြောင့် ဖန်တွေကိုနှစ်ခြိုက်လာစေခဲ့ပြီးတော့ OnePlus 6 မှာလည်း ဒီအတိုင်းတွေ့မြင်ရမှာပါ။

ဒီဖုန်းမှာ ဒီနေ့ရှာတွေ့နိုင်တဲ့အကောင်းဆုံး hardware အချို့ကိုထည့်သွင်းထားပါတယ်။ ဖန်သားပြင်ဒီဇိုင်းနဲ့ပေါင်းစပ်ပြီး ဒီဇိုင်းကိုလည်း သပ်ရပ်အောင်လုပ်ဆောင်ထားပါတယ်။ OnePlus က limited-edition ဖြစ်တဲ့ Avenger ကိုလည်း ထုတ်လုပ်ထားပါတယ်။

အဓိက feature ကတော့ 6.28-inch Super AMOLED panel ပါပဲ။ အခုဆိုရင်တော့ notch ကို တွေ့မြင်ရမှာပါ။ အရမ်းမိုက်တဲ့ contrast and vibrant colors တွေကိုခံစားနိုင်မှာပါ။

ကင်မရာကလည်း ၂၀၁၈အတွက် မိုက်လွန်းနေပါတယ်။ အလင်းအားနည်းတဲ့အခြေအနေတွေမှာလည်း ရိုက်ကူးလို့အဆင်ပြေပါတယ်။ ဒါဟာ အရင်နှစ်တွေတုန်းက အခက်အခဲတစ်ခုဖြစ်ပေမယ့်လည်း အခုအချိန်မှာ အေးဆေးဖြစ်သွားပါပြီ။ ဒီတော့ Pixel 2 လောက်မကောင်းပေမယ့်လည်း ပေးရသလောက်တော့ ရနိုင်မှာပါ။

Snapdragon 845 ကို 6GB/64GB or 8GB/256GB နဲ့ တွဲဖက်ထားတဲ့အတွက်ကြောင့် ဈေးကွက်ထဲက အမြန်ဆန်ဆုံးဖုန်းတစ်လုံး ဖြစ်လာပါတယ်။ OxygenOS ကတော့ efficiency နဲ့ customizability တို့ကြားမှာ ဟန်ချက်ညီညီလုပ်ဆောင်နိုင်စေခဲ့ပါတယ်။

OnePlus က IP rating မပြောထားပေမယ့်လည်း နေ့စဉ်သုံးအတွက်ကတော့ ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်ပါတယ်။ ရေကန်ထဲကိုယူမသွားဖို့ ပြောချင်ပေမယ့်လည်း ရေစင်တာလောက်တော့ ခံနိုင်လောက်ပါတယ်။

single SKU worldwide နဲ့လာတာဖြစ်လို့ ဘယ်နေရာကပဲဝယ်ဝယ် ဆင်းနှစ်ကဒ်ထိုးနဲ့ global LTE bands တွေကို အသုံးပြုနိုင်မှာပါ။ နှစ်ကဒ်ထိုးမှာလည်း 4G connectivity ၊ dual VoLTE တို့ကို အသုံးပြုနိုင်မှာပါ။

Runner-up – Samsung Galaxy S9+

See the source image

Galaxy S9+ ကတော့ ဒီဇိုင်းပိုင်းမှာ မနှစ်က Galaxy S8+ နဲ့ အတူတူလောက်ပါပဲ။ ဒါပေမယ့်လည်း ဒါက မကောင်းတာမျိုးတော့မဟုတ်ပြန်ပါဘူး။ ဒီဇိုင်းက dual curved screen နဲ့ဆိုတော့ ထူးခြားနေတုန်းပါပဲ။

Display အကြောင်းပြောတဲ့အခါမှာ Samsung က သူ့ရဲ့ AMOLED panel တွေနဲ့ဦးဆောင်ထားဆဲဖြစ်ပြီးတော့ Galaxy S9+ ဟာ မနှစ်ကထက် ပိုမိုတောက်ပ၊ vivid ပိုဖြစ်တယ်လို့ပြောရမှာပါ။ ဒီတော့ ဒီနေ့ခေတ်မှာရနိုင်တဲ့ အကောင်းဆုံး display ဖြစ်လာပါတယ်။

ကင်မရာပိုင်းမှာဆိုရင်လည်း aperture ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ secondary camera မှာ 2x optical zoom ပေးထားတော့ အရည်အသွေးမလျော့ဘဲ Zoom လို့ရပြီလေ။

S9+ မှာ 6GB RAM ကို standard အနေနဲ့ရနိုင်ပြီးတော့ 256GB အထိလည်း ရနိုင်ပါတယ်။ ခြုံပြောရမယ်ဆိုရင်တော့ S9+ ဟာ မနှစ်ကဖုန်းထက် ကင်မရာပိုင်းမှာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ထားပါတယ်။

စဉ်းစားသင့်တဲ့အချက် – feature-rich phone လိုချင်တယ်ဆိုရင်တော့ Galaxy S9+ ကလွဲပြီး မစဉ်းစားပါနဲ့။

နောက်တစ်ချက် – Galaxy S9+ ရဲ့ နှစ်ကဒ်ထိုးမှာတော့ Exynos 9810 ကို သုံးထားခြင်းပါပဲ။

ဘတ်ထရီအကောင်းဆုံး –  Huawei P20 Pro

See the source image

ဒေါ်လာ ၈၀၀ကျော်နဲ့ Huawei P20 Pro ကတော့ ဈေးအသက်သာဆုံးဖုန်းလို့ပြောရမယ်။ ၂၀၁၈အတွက် အကောင်းဆုံးဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ကင်မရာသုံးလုံးကို တပ်ဆင်ထားပြီး primary 40MP camera ၊ 20MP monochrome module နဲ့ 8MP telephoto sensor တို့ကို ပေါင်းစပ်ထားတာပါ။

စိတ်ကူးထားတဲ့အတိုင်းပါပဲ။ 68MP ကို ပေါင်းစပ်အသုံးပြုနိုင်မှာပါ။ P20 Pro ကင်မရာဟာ အလွန်မိုက်ပါတယ်။ အမိုက်ဆုံးကတော့ Night Mode ပါပဲ။ four-second window အတွင်းမှာ exposure ပေါင်းများစွာနဲ့ရိုက်ကူးထားပြီးတော့ တစ်ပုံတစ်ပုံတည်းဖြစ်အောင် ပေါင်းစပ်ပေးမှာပါ။

P20 Pro ကတော့ AI ပိုင်းမှာ သေချာလေးလုပ်ဆောင်ထားပါတယ်။ scene တမျိုးအတွက် shooting mode ကို သေချာလေးလုပ်ဆောင်ပေးထားပါတယ်။ Kirin 970 chipset ထဲက Neural Processing Unit ကိုအသုံးပြုပြီးလုပ်ဆောင်ထားတဲ့ AI feature်ကတော့ Qualcomm ပေးနိုင်သလောက်နီးပါးပါပဲ။

6GB RAM ၊ 128GB storage ကို standard အနေနဲ့ ရနိုင်ပြီးတော့ 6.1-inch AMOLED FHD+ display ၊ Wi-Fi ac, 24MP front shooter နဲ့ 4000mAh ကလည်း နှစ်ရက်လောက်အသုံးခံပါတယ်။ Android 8.1 Oreo ကိုအခြေခံထားတဲ့ EMUI 8.1 ကို အသုံးပြုထားတာပါ။

စဉ်းစားသင့်တဲ့အချက် – ဒီနေ့ခေတ်အတွက် အကောင်းစားကင်မရာဖုန်းပါပဲ။

နောက်တစ်ချက် – ယူအက်စမှာ မရပေမယ့်လည်း Amazon ကနေ ၀ယ်လို့ရပါတယ်။

ခပ်မိုက်မိုက်ဖုန်းလေးနောက်တစ်လုံး – Xiaomi Mi Mix 2S

See the source image

Mi Mix 2S ကလည်း global LTE band နဲ့ ပွဲထွက်လာတဲ့ ဖုန်းကောင်းတစ်လုံးပါပဲ။ ဒါဟာ Xiaomi အတွက် ပထမဆုံးဖုန်းတစ်လုံးတော့ မဟုတ်ပါဘူး။ 5.99-inch screen ကိုဘောင်နည်းဒီဇိုင်းနဲ့ဆိုတော့ ခံ့ညားလွန်းပါတယ်။

ကြွေသားတောက်တောက်လေးနဲ့ဆိုတော့ ကျောပြင်ဟာလည်း စွဲမက်ဖွယ်အတိပါပဲ၊ Snapdragon 845 ၊ 6GB RAM နဲ့ 128GB storage ကိုအသုံးပြုထားပါတယ်။

12MP + 12 MP camera configuration ကတော့ Xiaomi ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ ပြောရမှာပါ။ ဒေါ်ာ၅၀၀ လောက်ပဲ သုံးထားတာဆိုတော့ အဆင်ပြေပါတယ်။

Oreo ကို ပြန်ပြင်ထားတဲ့ MIUI 9.5 ကလည်း အရင်နှစ်ကထက်ပိုပြီးတော့ တောက်ပြောင်ခံ့ညားလာပါတယ်။ gesture-based navigation တွေကလည်း အကောင်းဆုံးတစ်ခုစာရင်းမှာ ထည့်သွင်းလို့ရပါတယ်။

စဉ်းစားသင့်တဲ့အချက် – Mi Mix 2S က ဒေါ်လာ၅၀၀ တန်းမှာ အကောင်းဆုံးဖုန်းပါ။

နောက်တစ်ချက် – ယူအက်စ်မှာမရနိုင်သေးပေမယ့်လည်း reseller တွေရှိပါတယ်။

ဘတ်ဂျက်ဖုန်း – Nokia 6.1 2018

See the source image

HMD Global ရဲ့ Nokia brand ပြန်လည်ရှင်သန်ရေးလုပ်ဆောင်မှုရဲ့ ရလဒ်တစ်ခုအနေနဲ့ Nokia 6.1 2018 ကတော့ ဒီနေ့ခေတ်အတွက် အတောင့်တင်းဆုံးဖုန်းဖြစ်ပါတယ်။

5.5-inch Full HD panel နဲ့ထွက်ရှိလာပြီးတော့ Snapdragon 630 နဲ့ အားဖြည့်ထားပါတယ်။ 3GB RAM ၊ 32GB storage ကို အသုံးပြုထားပြီး 16MP rear camera, 8MP front shooter, 3000mAh battery ၊ USB-C နဲ့ အားအမြန်သွင်းစနစ်ပါဝင်လို့ မိနစ်၃၀နဲ့ အားတစ်ဝက်သွင်းစေနိုင်မှာပါ။

Nokia 6.1 2018ကတော့ Android One program ထဲမှာပါနေလို့ security update တွေကို အမြန်ဆုံးရမှာပါ။

စဉ်းစားသင့်တဲ့အချက် – Nokia 6.1 2018 က ကြံ့ခိုင်တယ်။ update တွေကိုလည်း မြန်မြန်ရနိုင်တယ်။

နောက်တစ်ချက် – Amazon မှာလည်း unlock အလုံးအနေနဲ့ ရနိုင်တယ်။

အနှစ်ချုပ်

OnePlus ကတော့ အရည်အသွေးထက် ဈေးနှုန်းကို ဦးစားပေးယှဉ်ထားပါတယ်။ OnePlus 6 ရဲ့ ဖန်သားပြင်ဒီဇိုင်းကလည်း အထက်ဈေးကွက်ကို ထိစေပြီးတော့ အမြန်ဆန်ဆုံးဖုန်းအဖြစ်လည်း တွေ့မြင်ရမှာပါ။ AMOLED display ကလည်း မိုက်ပါတယ်။ ကင်မရာပိုင်းမှာလည်း ပြင်ဆင်ထားသလို headphone jack ကိုလည်း မြင်ရမှာပါ။ ဒီတော့ ဒီဈေးနဲ့ တန်တာမတွေ့နိုင်တော့ပါဘူး။

Unicode Version

Leave a Reply