HD+ LCD DISPALY သုံးလာမယ့္ XIAOMI MI MAX 3

0
1522

Xiaomi ရဲ႕ Max 3 စမတ္ဖုန္းဟာ FCC, TENAA တို႔ရဲ႕အသိအမွတ္ျပဳမႈကိုလည္း ရရွိထားၿပီး ျဖစ္ပါတယ္။ သတင္းေတြအရ စမတ္ဖုန္းသစ္ကို ယခုလအတြင္းမွာတင္ မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။ Max စမတ္ဖုန္းေတြဟာ ႀကီးမားတဲ့ဘက္ထရီစြမ္းအားနဲ႔ က်ယ္ျပန္တဲ့ display ေတြသုံးၿပီးထုတ္တဲ့ Xiaomi ရဲ႕ phablet ဖုန္းေတြျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ MI MAX 3 ရဲ႕LCD DISPALY ထြက္ေပၚလာပါတယ္။

ျမင္ေတြ႕ခဲ့ရတဲ့ပုံအရသူ႕မွာ Notch လုံးဝမပါပါဘူး။သိုေပမယ့္ အရမ္းႀကီး Full-view ျဖစ္မေနနဲ႔ဘဲ ေအာက္ဘက္က chin ကနည္းနည္းထူေနပါတယ္။ TENAA မွာထြက္ရွိထားတဲ့ အခ်က္အလက္ေတြအရ သူ႕မွာ  6.9 လက္ Full HD+ LCD screen နဲ႔ျဖစ္ၿပီး  2160 x 1080 pixels ေဖာ္ျပႏုိင္စြမ္းနဲ႔လာမွာပါ။ ပါဝါစြမ္းအားအတြက္ အျမန္ႏႈန္း 1.8GHz  ရွိတဲ့ Snapdragon 710 SoC ကိုသုံးထားမွာျဖစ္ပါတယ္။ 3GB/4GB/6GB RAM ေတြနဲ႔ျဖစ္ၿပီး၊ အခ်က္အလက္သိုေလွာင္မႈအတြက္ 32 GB/64GB/128GB ဆိုၿပီးေရြးခ်ယ္ႏုိင္မွာပါ။ သူ႕မွာ Android 8.1 Oreo  ကိုတပါတည္း ထည့္သြင္းထားမွာျဖစ္ၿပီး 5400 mAh ဘက္ထရီစြမ္းအားအသုံးျပဳထားမွာျဖစ္ကာ ေဒၚလာ၂၅၀ဝန္းက်င္ေလာက္နဲ႔ စတင္ေရာင္းခ်ႏုိင္ပါတယ္။

Xiaomi အေနနဲ႔ Mi MAX 3 Pro ကိုတစ္ၿပိဳင္တည္း မိတ္ဆက္သြားဖို႔ ရွိေနၿပီး၊ သူ႕မွာ Snapdragon 710 (octa-core up to 2.2 GHz) နဲ႔ 6GB  RAM ပါဝင္ၿပီး အခ်က္အလက္သိုေလွာင္ႏုိင္စြမ္းအတြက္ 128GB storage အထိေပးထားပါတယ္။ ဘက္ထရီစြမ္းအား၊မ်က္ႏွာျပင္ပိုင္းနဲ႔ ကင္မရာပိုင္းမွာေတာ့  Mi MAX 3 ထက္ပိုေကာင္းမယ္လို႔ ဆိုပါတယ္။ ဓာတ္ပုံမွာ ျပသထားတဲ့ အခ်က္အလက္ေတြမွာေတာ့ မ်က္ႏွာျပင္ 6.9လက္မနဲ႔ျဖစ္ၿပီး ဘက္ထရီစြမ္းအားအတြက္ 5400mAh ကိုသုံးထားပါတယ္။ ကင္မရာေတြအတြက္ Sony IMX363 ဆင္ဆာေတြကို သုံးထားမွာပါ။ TENAA မွာေတာ့ သူ႕ကို M1804E4T ဆိုၿပီး စာရင္းသြင္းထားပါတယ္။

Unicode

Xiaomi ရဲ့ Max 3 စမတ်ဖုန်းဟာ FCC, TENAA တို့ရဲ့အသိအမှတ်ပြုမှုကိုလည်း ရရှိထားပြီး ဖြစ်ပါတယ်။ သတင်းတွေအရ စမတ်ဖုန်းသစ်ကို ယခုလအတွင်းမှာတင် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Max စမတ်ဖုန်းတွေဟာ ကြီးမားတဲ့ဘက်ထရီစွမ်းအားနဲ့ ကျယ်ပြန်တဲ့ display တွေသုံးပြီးထုတ်တဲ့ Xiaomi ရဲ့ phablet ဖုန်းတွေဖြစ်ပါတယ်။ ဒီနေ့မှာတော့ MI MAX 3 ရဲ့LCD DISPALY ထွက်ပေါ်လာ

ပါတယ်။ မြင်တွေ့ခဲ့ရတဲ့ပုံအရသူ့မှာ Notch လုံးဝမပါပါဘူး။သိုပေမယ့် အရမ်းကြီး Full-view ဖြစ်မနေနဲ့ဘဲ အောက်ဘက်က chin ကနည်းနည်းထူနေပါတယ်။ TENAA မှာထွက်ရှိထားတဲ့ အချက်အလက်တွေအရ သူ့မှာ  6.9 လက် Full HD+ LCD screen နဲ့ဖြစ်ပြီး  2160 x 1080 pixels ဖော်ပြနိုင်စွမ်းနဲ့လာမှာပါ။ ပါဝါစွမ်းအားအတွက် အမြန်နှုန်း 1.8GHz  ရှိတဲ့ Snapdragon 710 SoC ကိုသုံးထားမှာဖြစ်ပါတယ်။ 3GB/4GB/6GB RAM တွေနဲ့ဖြစ်ပြီး၊ အချက်အလက်သိုလှောင်မှုအတွက် 32 GB/64GB/128GB ဆိုပြီးရွေးချယ်နိုင်မှာပါ။ သူ့မှာ Android 8.1 Oreo  ကိုတပါတည်း ထည့်သွင်းထားမှာဖြစ်ပြီး 5400 mAh ဘက်ထရီစွမ်းအားအသုံးပြုထားမှာဖြစ်ကာ ဒေါ်လာ၂၅၀ဝန်းကျင်လောက်နဲ့ စတင်ရောင်းချနိုင်ပါတယ်။

Xiaomi အနေနဲ့ Mi MAX 3 Pro ကိုတစ်ပြိုင်တည်း မိတ်ဆက်သွားဖို့ ရှိနေပြီး၊ သူ့မှာ Snapdragon 710 (octa-core up to 2.2 GHz) နဲ့ 6GB  RAM ပါဝင်ပြီး အချက်အလက်သိုလှောင်နိုင်စွမ်းအတွက် 128GB storage အထိပေးထားပါတယ်။ ဘက်ထရီစွမ်းအား၊မျက်နှာပြင်ပိုင်းနဲ့ ကင်မရာပိုင်းမှာတော့  Mi MAX 3 ထက်ပိုကောင်းမယ်လို့ ဆိုပါတယ်။ ဓာတ်ပုံမှာ ပြသထားတဲ့ အချက်အလက်တွေမှာတော့ မျက်နှာပြင် 6.9လက်မနဲ့ဖြစ်ပြီး ဘက်ထရီစွမ်းအားအတွက် 5400mAh ကိုသုံးထားပါတယ်။ ကင်မရာတွေအတွက် Sony IMX363 ဆင်ဆာတွေကို သုံးထားမှာပါ။ TENAA မှာတော့ သူ့ကို M1804E4T ဆိုပြီး စာရင်းသွင်းထားပါတယ်။

Leave a Reply