3000 mAh ဘက်ထရီအကွေးအသုံးပြုလာမယ့် Samsung Galaxy X

0
1587




unicode

Samsung အနေနဲ့ ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းဖြစ်တဲ့ Galaxy X ကို ၂၀၁၉ခုနှစ်လောက်မှာ ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ ယခုနှစ်အတွင်းမှာတော့ ဘယ်လိုနည်းလမ်းနဲ့ ထွက်မလာနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်မှာ ကွေးခေါက်နိုင်တဲ့ display panels တွေကို အများအပြား ထုတ်လုပ်နိုင်ဖို့အတွက် ပြင်ဆင်နေတုံးအချိန်သာ ရှိသေးလို့ပါ။ မျက်နှာပြင်ပိုင်းကလည်း ဖုန်းကိုဖွင့်ထားတဲ့ အချိန်မှာ  7.3″ လက်မရှိနေပြီး၊ ခေါက်ထားတဲ့ အချိန်မှာ 4.5″ လက်မရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

အခုတော့ ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းမှာပါဝင်မယ့် ဘက်ထရီပမာဏ အချက်အလက်အချို့ပေါက်ကြားလာပါတယ်။ Samsung ရဲ့ကုမ္ပဏီခွဲလို့ ဆိုနိုင်မယ့် Samsung SDI က နေဖြစ်ပါတယ်။ Samsung SDI က Samsung ပိုင်ကုမ္ပဏီများထဲမှ ဘက်ထရီပိုင်းကို အဓိကထားထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ Samsung SDI ဟာကွေးနိုင်တဲ့ ဘက်ထရီထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်လာခဲ့တာ နှစ်အတန်ကြာမြင့်ပြီ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက Samsung SDI က ဖန်တီးနိုင်ခဲ့တဲ့ ခေါက်နိုင်တဲ့ ဘက်ထရီပမာဏက 210 mAh ပဲရှိပါတယ်။

အခုတော့ Samsung SDI  ဟာပမာဏများတဲ့ ဘက်ထရီစွမ်းအားကို ထုတ်လုပ်လာနိုင်ပါပြီ။ သတင်းမှာတော့ Galaxy X ဖုန်းမှာ ဘက်ထရီ capacity စွမ်းအား 3,000 mAh နဲ့ 6,000 mAh ကြားစွမ်းအားပမာကို သုံးလာမယ်လို့ သိရပါတယ်။ ဓာတ်ပုံရိုက်ကူးဖို့အတွက် ကင်မရာပိုင်းမှာ dual 20MP တပ်ဆင်ထားနိုင်ပြီး၊ အခြားစွမ်းဆောင်ချက်တွေအနေနဲ့ လက်ဗွေဖတ်စနစ်အတွက် ဖုန်းရဲ့ Screen မှာ under display fingerprint scanner လိုလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးလာမှာပါ။ မျက်နှာမှတ်မိသိရှိမှု စနစ်နဲ့ဖုန်းကိုဖွင့်နိုင်ဖို့ face ID နဲ့ဖုန်းကိုအားသွင်းဖို့  wireless charging စနစ်ပါဝင်လာဖို့ကတော့ လုံးဝသေချာနေပါတယ်။ ဈေးနှုန်းကတော့ $1,850 ဝန်းကျင်လောက် ကျသင့်နိုင်ပါတယ်။

Leave a Reply