China 3C ခြင့္ျပဳခ်က္ရရွိသြားၿပီျဖစ္တဲ့ Samsung Galaxy Note9 စမတ္ဖုန္း

0
1771

ကိုရီးယားအေျခစိုက္ကုမၸဏီ Samsung အေနနဲ႔ Galaxy Note9 စမတ္ဖုန္း ကုိ နယူးေယာက္မွာ ေၾကညာၿပီးတ့ဲေနာက္မွာေတာ့ တ႐ုတ္ေစ်းကြက္မွာလည္း မိတ္ဆက္ေရာင္းခ်လာဖုိ႔ ေသခ်ာေနၿပီ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္  Samsung ဟာ Galaxy Note9 ကုိ တ႐ုတ္ႏုိင္ငံရဲ႕တယ္လီကြန္ျမဴနီေကးရွင္းအာဏာပုိင္ 3C မွာ ခြင့္ျပဳခ်က္ ရယူလာၿပီ ျဖစ္တာေၾကာင့္ ဒီဖုန္းကို ကမၻာ့အႀကီးမားဆံုး စမတ္ဖုန္းေစ်းကြက္မွာလည္း ေရာင္းခ်လာဖို႔ ေသခ်ာေနပါတယ္။

Samsung Galaxy Note9 ကုိ တ႐ုတ္မွာ ေမာ္ဒယ္အမည္ SM-N9608 ႏွင့္ တင္ထားတာျဖစ္ၿပီး လက္ရွိ Samsung အဆင့္ျမင့္ဖုန္းမ်ားမွာ သံုးေနတဲ့ အလွ်င္အျမန္အားသြင္းစနစ္မ်ဳိး သံုးလာမွာမဟုတ္ပါဘူး။ 9V/1.67A,5A/2A Charger ပဲ သံုးလာပါလိမ့္မယ္။ အေမရိကန္ႏွင့္ ေတာင္ကုိးရီးယားေစ်းကြက္မ်ားမွာ ေရာင္းခ်မယ့္ ဖုန္းမ်ားမွာ Snapdragon 845 သံုးလာမွာျဖစ္ၿပီး က်န္ေစ်းကြက္မ်ားမွာ ေရာင္းခ်မယ့္ဖုန္းမ်ားမွာ Exynos 9810 သံုးလာဖို႔ရွိပါတယ္။ RAM6GB ၊ RAM8GB ဗားရွင္းတို႔ႏွင့္ ေၾကညာလာမွာျဖစ္ၿပီး 64GB ၊ 128GB ၊ 256GB ႏွင့္ 512GB ဗားရွင္းတို႔နဲ႔ ထြက္လာမွာပါ။

အေရာင္ ၅မ်ိဳးနဲ႔ ထြက္လာမွာျဖစ္ၿပီး Black၊ Gray၊Violet / Purple၊Blue နဲ႔ Brown တို႔ပဲျဖစ္ပါတယ္။ Samsung ဟာ Galaxy Note9 ကုိ Galaxy Note8 ကုိ အေျခခံၿပီး ဖန္တီးလာမွာ ျဖစ္ပါတယ္။ အထူးျခားဆံုး ဖန္တီးလာမယ့္အရာကေတာ့ S Pen ျဖစ္လာပါမယ္။ ပုိမိုအသံုးတြင္လာေစမယ့္ စနစ္သစ္အခ်ဳိ႕ ထည့္သြင္းလာပါမယ္။  S Pen ဟာသီခ်င္းထိန္းခ်ဳပ္ႏိုင္မႈေတြပါ လုပ္ေဆာင္လာႏိုင္ပါလိမ့္မယ္။ ဒါ့အျပင္ Bixyby 2.0 ဗားရွင္းကိုလည္း တစ္ပါတည္း ေၾကညာလာပါမယ္။

Unicode

ကိုရီးယားအခြေစိုက်ကုမ္ပဏီ Samsung အနေနဲ့ Galaxy Note9 စမတ်ဖုန်း ကို နယူးယောက်မှာ ကြေညာပြီးတဲ့နောက်မှာတော့ တရုတ်ဈေးကွက်မှာလည်း မိတ်ဆက်ရောင်းချလာဖို့ သေချာနေပြီ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်  Samsung ဟာ Galaxy Note9 ကို တရုတ်နိုင်ငံရဲ့တယ်လီကွန်မြူနီကေးရှင်းအာဏာပိုင် 3C မှာ ခွင့်ပြုချက် ရယူလာပြီ ဖြစ်တာကြောင့် ဒီဖုန်းကို ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းဈေးကွက်မှာလည်း ရောင်းချလာဖို့ သေချာနေပါတယ်။

Samsung Galaxy Note9 ကို တရုတ်မှာ မော်ဒယ်အမည် SM-N9608 နှင့် တင်ထားတာဖြစ်ပြီး လက်ရှိ Samsung အဆင့်မြင့်ဖုန်းများမှာ သုံးနေတဲ့ အလျှင်အမြန်အားသွင်းစနစ်မျိုး သုံးလာမှာမဟုတ်ပါဘူး။ 9V/1.67A,5A/2A Charger ပဲ သုံးလာပါလိမ့်မယ်။ အမေရိကန်နှင့် တောင်ကိုးရီးယားဈေးကွက်များမှာ ရောင်းချမယ့် ဖုန်းများမှာ Snapdragon 845 သုံးလာမှာဖြစ်ပြီး ကျန်ဈေးကွက်များမှာ ရောင်းချမယ့်ဖုန်းများမှာ Exynos 9810 သုံးလာဖို့ရှိပါတယ်။ RAM6GB ၊ RAM8GB ဗားရှင်းတို့နှင့် ကြေညာလာမှာဖြစ်ပြီး 64GB ၊ 128GB ၊ 256GB နှင့် 512GB ဗားရှင်းတို့နဲ့ ထွက်လာမှာပါ။

အရောင် ၅မျိုးနဲ့ ထွက်လာမှာဖြစ်ပြီး Black၊ Gray၊Violet / Purple၊Blue နဲ့ Brown တို့ပဲဖြစ်ပါတယ်။ Samsung ဟာ Galaxy Note9 ကို Galaxy Note8 ကို အခြေခံပြီး ဖန်တီးလာမှာ ဖြစ်ပါတယ်။ အထူးခြားဆုံး ဖန်တီးလာမယ့်အရာကတော့ S Pen ဖြစ်လာပါမယ်။ ပိုမိုအသုံးတွင်လာစေမယ့် စနစ်သစ်အချို့ ထည့်သွင်းလာပါမယ်။  S Pen ဟာသီချင်းထိန်းချုပ်နိုင်မှုတွေပါ လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။ ဒါ့အပြင် Bixyby 2.0 ဗားရှင်းကိုလည်း တစ်ပါတည်း ကြေညာလာပါမယ်။

Leave a Reply