OPPO က စမတ္ဖုန္းေလာကၾကီးကို ဘယ္လိုမ်ိဳး ေျပာင္းလဲေစခဲ့သလဲ

0
1852

Zawgyi Version

OPPO ရဲ႕ ေနာက္ဆံုးထြက္ထားတဲ့ flagship ကေတာ့ ၂၀၁၄ခုႏွစ္မွာပါ။ Find 7 ကို launch လုပ္အျပီး ေလးႏွစ္အၾကာမွာေတာ့ တရုတ္ျပင္ပကိုေျခဆန္႕တဲ့အေနနဲ႕ Find X ဆိုတဲ့ အမိုက္စားစမတ္ဖုန္းကို ဆန္းသစ္တီထြင္ျပီးေတာ့ ျပသခဲ့ပါတယ္။ OPOP နဲ႕ Find X တို႕အေၾကာင္း မေျဖရွင္းနိုင္ေသးတဲ့ ေမးခြန္းေပါင္းမ်ားစြာက်န္ေနပါေသးတယ္။ ဒါေၾကာင့္ ထုတ္ကုန္မန္ေနဂ်ာ Venus Dang နဲ႕ ဒီဇုိင္းနာမန္ေနဂ်ာ Fan Xiaoyu တို႕ကို အင္တာဗ်ဴးျပီးေတာ့ ေမးျမန္းခဲ့ပါတယ္။

OPPO က အင္တာေနရွင္နယ္ကို ဘာေၾကာင့္သြားခ်င္တာလဲ။
အခ်ိဳ႕အတြက္ကေတာ့ OPPO ဆိုတဲ့နာမည္ေလးက အသစ္အဆန္းျဖစ္ေနႏုိင္ပါတယ္။ တရုတ္ႏုိင္ငံမွာ ၂၀၀၄ခုႏွစ္တည္းက စတင္ေနတဲ့လုပ္ငန္းျဖစ္ျပီးေတာ့ သူတို႕နဲ႕အတူ OnePlus၊ Vivo တို႕ကလည္း အုပ္စုတစ္ခုတည္းမွာ ရွိေနပါတယ္။ ၂၀၀၉ ခုႏွစ္မွာ OPPO ဟာ အင္တာေနရွင္နယ္ေစ်းကြက္ကို၀င္ေရာက္လာတာဆိုေတာ့ အခုဆိုရင္ ၁၀ႏွစ္နီးပါးေတာင္ ရွိေနျပီေလ။
OPPO က သံုးစြဲသူေတြကို အသစ္အဆန္း၊ ရင့္က်က္ျခင္းနဲ႕ ဖန္တီးႏုိင္စြမ္းေတြကို Find X နဲ႕ ႏႈတ္ခြန္းဆက္ဖို႕ အဆင္သင့္ျဖစ္ေနပါျပီ။ လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက တရုတ္ႏုိင္ငံရဲ႕ အၾကီးမားဆံုးစမတ္ဖုန္းထုတ္္လုပ္သူတစ္ေယာက္အျဖစ္နဲ႕ ၂၀၁၆ ဂၽြန္လမွာ ျဖစ္လာခဲ့ျပီး ကမာၻ႕စမတ္ဖုန္းထုတ္လုပ္သူေနရာမွာလည္း ၂၀၁၇ အကုန္ပိုင္းက နံပါတ္ေလးေနရာကို ခ်ိတ္ခဲ့ပါတယ္။

OPPOEVENT1
ေလ့လာခ်က္ေတြအရ ၂၀၁၈ အစပိုင္းေလာက္မွာ ကမာၻ႕စမတ္ဖုန္းျဖန္႕ခ်ိမႈက ၂% ေလာက္ က်ဆင္းသြားခဲ့ပါတယ္။ Samsung က ၂၂.၆%၊ Apple က ၁၅.၁% နဲ႕ Huawei က ၁၁.၄% အသီးသီး ေစ်းကြက္ကိုေနရာယူထားပါတယ္။ Xiaomi ကေတာ့ နံပါတ္ေလးေနရာကို ၈%၊ Oppo ကေတာ့ နံပါတ္ငါးေနရာကို ၇% နဲ႕ ေနရာခ်ိတ္ထားၾကပါတယ္။
OPPO က ယူအက္စ္ကိုေရာက္လာမွာမဟုတ္ေပမယ့္လည္း ဥေရာပကိုေတာ့ ျပန္ေရာက္လာပါျပီ။ ေစ်းၾကီးတဲ့ Find X ေလးဟာ ဒီလိုအခြင့္အေရးေတြအတြက္ ထုတ္လုပ္ထားတာျဖစ္ပါတယ္။ ဥေရာပေစ်းကြက္အခ်ိဳ႕ကို မၾကာခင္မွာ ဒီဖုန္းေလးက ေရာက္လာေတာ့မွာပါ။

ဆန္းသစ္မႈမွာ နံပါတ္တစ္
Find X က ဆန္းသစ္တဲ့စမတ္ဖုန္းအေနနဲ႕ တင္ျပလိုက္တဲ့အခါမွာ ဒါေလးက ပထမဆံုးမဟုတ္ဘူးလုိ႕ စိတ္ထဲမွာမထင္မိဘူးလား။ OPPO က ကင္မရာပိုင္းကို အေလးေပးျပီးေတာ့ ထုတ္ထားတာေလးေတြက အရင္ကတည္းကပါ။ မွတ္မိလား။ OPPO N1, OPPO N3 တို႕ရွိေသးတယ္ေလ။ အဲဒီမွာ ကင္မရာတစ္လံုးတည္းကိုပဲ အေရွ႕အေနာက္ေျပာင္းသံုးတာ။။

ကင္မရာေတြအျပင္ brand နာမည္ၾကားလုိက္တာနဲ႕ O Touch လို႕ေခၚတဲ့ touch-sensitive panel ေလးကိုလည္း ျမင္ေယာင္မိၾကပါတယ္။ သူဟာ 5G နဲ႕ပတ္သတ္တဲ့နည္းပညာေတြကိုလည္း လုပ္ေဆာင္ေနျပီးေတာ့ artificial intelligence နဲ႕ ကင္မရာပုိင္းမွာလည္း တုိးတက္ေအာင္ ၾကိဳးစားေနပါတယ္။ Find X မွာ O Face လို႕ေခၚတဲ့ iPhone X နဲ႕ ဆင္တူတဲ့ 3D facial recognition unlocking system ကို မိတ္ဆက္လိုက္ပါတယ္။ အားအျမန္သြင္းစနစ္ VOOC ၊ Super VOOC (Lamborghini Editionမွာသာရႏုိင္) တုိ႕ကိုလည္း ျပသထားပါတယ္။ မ်က္ႏွာျပင္ကိုယ္ထည္အခ်ိဳးကေတာ့ ၉၃.၈% ျဖစ္ပါတယ္။

oppofindx6

OPPO Find X အေၾကာင္း အေသးစိတ္

အသြင္းအထုတ္အတြက္ ခံႏုိင္ရည္ရွိပါ့မလား။
Find X အတြက္ အေမးအမ်ားဆံုးကေတာ့ အခ်ိန္ၾကာလာရင္ photo module ေလးက ခံႏုိင္ရည္ရွိပါ့မလားဆိုတဲ့အခ်က္ပါပဲ။ သူဟာ မ်က္ႏွာျပင္အတြက္ ေဘာင္ေတြကန္႕သတ္မထားေအာင္ ဒီဇိုင္းထုတ္ထားတဲ့ စက္ယႏၱရားပုိင္းျဖစ္ပါတယ္။ စမတ္ဖုန္းကို unlock လုပ္ခ်ိန္ ဒါမွမဟုတ္ ကင္မရာကိုဖြင့္လုိက္တဲ့အခ်ိန္မွာ camera module ေလးက ၀.၀၆စကၠန္႕အတြင္းမွာ ေပၚလာမွာပါ။
OPPO ကေတာ့ အၾကိမ္ေပါင္း ၃၀၀ ၀၀၀ ေလာက္ ဖြင့္ပိတ္စမ္းသပ္ခဲ့ပါတယ္။ ေလ့လာခ်က္ေတြအရ ဒီပမာဏဟာ သာမန္လူတစ္ေယာက္အတြက္ သင့္ေတာ္ပါပတယ္။ ဖုန္းလြတ္က်မယ္ဆုိရင္ေရာ၊ အလိုအေလ်ာက္ပိတ္ေပးမယ္လုိ႕ ရွင္းျပထားတယ္။
fingerprint reader က ဘယ္နားေလးမွာလဲ။
unlocking system ကိုပိုမိုျမန္ဆန္ေကာင္းမြန္တာလိုခ်င္တဲ့ သံုးစြဲသူေတြရဲ႕ေတာင္းဆိုမႈကို လုပ္ေဆာင္ေပးဖို႕ စဥ္းစားလိုက္ပါတယ္။ ဒါေၾကာင့္ 3D structured light technology ၊ 5G ၊ 3D video call နဲ႕အတူ oleographic projection ေတြေပါင္းစပ္ထားတဲ့ဖုန္းတစ္လံုးျဖစ္လာခဲ့ပါတယ္။

oppofindx4

headphone jack ကေရာ။
ဒီလိုဒီဇိုင္းေရြးခ်ယ္မႈေၾကာင့္ Find X က Port ေတြမပါ၀င္တဲ့ကိုယ္ထည္ျဖစ္လာပါတယ္။ mini headphone jack ေလးက ဒီဇုိင္းကိုေႏွာင့္ယွက္သလိုျဖစ္ေနႏုိင္ပါတယ္။ သံုးစြဲသူေတြအေနနဲ႕ Bluetooth headset ကို အသံပိုင္းဆိုင္ရာမွာ အသံုးျပဳရမွာျဖစ္ပါတယ္။

ေရစိုခံလား။
IP6x certification မရွိဘူးဆိုေတာ့ ေရစိမ္မခံပါဘူး။ ဒါေပမယ့္လည္း ေရစိုခံတာျဖစ္လို႕ မိုးမိုတာမ်ိဳးကို စိတ္ပူစရာမလိုအပ္ပါဘူး။

ၾကိဳးမဲ့အားသြင္းစနစ္ကို ဘာေၾကာင့္မ်ား ေထာက္ပံ့မေပးရတာလဲ။
Find X က ေကြးညြတ္ထားတဲ့ 3D glass ေလးေတြကိုအသံုးျပဳထားပါတယ္။ ဒါေပမယ့္လည္း ၾကိဳးမဲ့အားသြင္းစနစ္ကို အသံုးျပဳထားျခင္းမရွိပါဘူး။ ဒီနည္းပညာက မေကာင္းမြန္ေသးဘူးလို႕ သူတိို႕ကယံုၾကည္ထားပါတယ္။ ျပီးေတာ့ သံုးစြဲသူေတြအတြက္လည္း လိုအပ္ေနတဲ့အရာမဟုတ္ဘူးလို႕ ေတြးထားပါတယ္။ ဒီအေၾကာင္းေတြေၾကာင့္ VOOC Flash Charge ဆိုတဲ့ ေန႕စဥ္အသံုးတည့္မယ့္ အားအျမန္သြင္းစနစ္ကို ထုတ္လုပ္ေပးထားပါတယ္။

Super VOOC နဲ႕ဆိုရင္ ၃၅မိနစ္အားသြင္းလုိက္တာနဲ႕ အားျပည့္သြားမွာပါ။
Lamborghini နဲ႕ပူးေပါင္းျပီးေတာ့ Super VOOC ကို လုပ္ေဆာင္လုိက္တာျဖစ္ပါတယ္။ ဘာေၾကာင့္ ်standard ေမာ္ဒယ္လ္မွာ မထည့္သလဲ စဥ္းစားေနသလား။ ဒါဟာ ဘတ္ဂ်က္နဲ႕ ကိုက္ညီေအာင္ လုပ္ေဆာင္ထားျခင္းျဖစ္ေၾကာင္း ရွင္းျပထားပါတယ္။ ဒါေၾကာင့္အခ်ိဳ႕နည္းပညာေတြက ဖုန္းတုိင္းမွာ ထည့္သြင္းႏုိင္ျခင္းမရွိပါဘူး။

xfindlambo1

OPPO က သင္မၾကားဖူးေသးတဲ့ brand ဆိုရင္လည္း အခုၾကားဖူးသြားျပီမလား။ Find X က ျပြတ္သိပ္က်ပ္ေနတဲ့ ေစ်းကြက္ထဲကို ယွဥ္ျပိဳင္ဖို႕၀င္ေရာက္လာေတာ့မယ့္ ဖုန္းတစ္လံုးျဖစ္ပါတယ္။
Samsung Galaxy S9, Apple iPhone X နဲ႕Huawei P20 Pro ကို ေမ့သြားေစႏုိင္တဲ့ဖုန္းတစ္လံုးပါပဲ။ ဆြဲေဆာင္မႈရွိမယ့္ စမတ္ဖုန္းတစ္လံုးပါပဲ။ ေစ်းႏႈန္းကေတာ့ မေျပာတတ္ေသးပါဘူး။
Find X က ဆန္းသစ္မႈေတြကို ထုတ္ျပျပီးေတာ့ နည္းပညာျမင့္စမတ္ဖုန္းေတြကိုလည္း လုပ္ေဆာင္ႏုိင္တယ္ဆုိတာျပသလိုက္တာျဖစ္ပါတယ္။
ုစြမ္းေဆာင္ရည္အလတ္စားဖုန္းေတြမွာေတာ့ သံုးစြဲသူေတြအေတာ္မ်ားမ်ားကို စိတ္ေက်နပ္ေအာင္လုပ္ေဆာင္ေပးႏုိင္မယ္ထင္ပါတယ္။ ဒါေပမယ့္ OPPO R15 ကေတာ့ မထင္မွတ္ထားေလာက္ေအာင္ အထင္ၾကီးမႈကို ရေစခဲ့ပါတယ္။ ဒီေတာ့ ကၽြန္ေတာ္ကေတာ့ စမ္းသပ္ၾကည့္ခ်င္ေနပါျပီ။
ဒီေတာ့ အတိုေျပာရမယ္ဆုိရင္ Huawei, Honor, OnePlus နဲ႕ Xiaomi ဖုန္းေတြလိုပဲ အေနာက္ပိုင္းေစ်းကြက္ကို ေရာက္လာေတာ့မွာပါ။ ဒီေတာ့ စြမ္းေဆာင္ရည္ျမင့္စမတ္ဖုန္းေတြဟာ တကယ္ပဲသံုးစြဲသူေတြရဲ႕လုိအပ္ခ်က္နဲ႕ ကိုက္ညီရဲ႕လားဆိုတာ ၾကည့္ရေတာ့မွာပါ။

Unicode Version

OPPO ရဲ့ နောက်ဆုံးထွက်ထားတဲ့ flagship ကတော့ ၂၀၁၄ခုနှစ်မှာပါ။ Find 7 ကို launch လုပ်အပြီး လေးနှစ်အကြာမှာတော့ တရုတ်ပြင်ပကိုခြေဆန့်တဲ့အနေနဲ့ Find X ဆိုတဲ့ အမိုက်စားစမတ်ဖုန်းကို ဆန်းသစ်တီထွင်ပြီးတော့ ပြသခဲ့ပါတယ်။ OPOP နဲ့ Find X တို့အကြောင်း မဖြေရှင်းနိုင်သေးတဲ့ မေးခွန်းပေါင်းများစွာကျန်နေပါသေးတယ်။ ဒါကြောင့် ထုတ်ကုန်မန်နေဂျာ Venus Dang နဲ့ ဒီဇိုင်းနာမန်နေဂျာ Fan Xiaoyu တို့ကို အင်တာဗျူးပြီးတော့ မေးမြန်းခဲ့ပါတယ်။

OPPO က အင်တာနေရှင်နယ်ကို ဘာကြောင့်သွားချင်တာလဲ။
အချို့အတွက်ကတော့ OPPO ဆိုတဲ့နာမည်လေးက အသစ်အဆန်းဖြစ်နေနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၀၄ခုနှစ်တည်းက စတင်နေတဲ့လုပ်ငန်းဖြစ်ပြီးတော့ သူတို့နဲ့အတူ OnePlus၊ Vivo တို့ကလည်း အုပ်စုတစ်ခုတည်းမှာ ရှိနေပါတယ်။ ၂၀၀၉ ခုနှစ်မှာ OPPO ဟာ အင်တာနေရှင်နယ်ဈေးကွက်ကိုဝင်ရောက်လာတာဆိုတော့ အခုဆိုရင် ၁၀နှစ်နီးပါးတောင် ရှိနေပြီလေ။
OPPO က သုံးစွဲသူတွေကို အသစ်အဆန်း၊ ရင့်ကျက်ခြင်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို Find X နဲ့ နှုတ်ခွန်းဆက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့နှစ်တွေကတည်းက တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးစမတ်ဖုန်းထုတ်လုပ်သူတစ်ယောက်အဖြစ်နဲ့ ၂၀၁၆ ဂျွန်လမှာ ဖြစ်လာခဲ့ပြီး ကမ္ဘာ့စမတ်ဖုန်းထုတ်လုပ်သူနေရာမှာလည်း ၂၀၁၇ အကုန်ပိုင်းက နံပါတ်လေးနေရာကို ချိတ်ခဲ့ပါတယ်။
လေ့လာချက်တွေအရ ၂၀၁၈ အစပိုင်းလောက်မှာ ကမ္ဘာ့စမတ်ဖုန်းဖြန့်ချိမှုက ၂% လောက် ကျဆင်းသွားခဲ့ပါတယ်။ Samsung က ၂၂.၆%၊ Apple က ၁၅.၁% နဲ့ Huawei က ၁၁.၄% အသီးသီး ဈေးကွက်ကိုနေရာယူထားပါတယ်။ Xiaomi ကတော့ နံပါတ်လေးနေရာကို ၈%၊ Oppo ကတော့ နံပါတ်ငါးနေရာကို ၇% နဲ့ နေရာချိတ်ထားကြပါတယ်။
OPPO က ယူအက်စ်ကိုရောက်လာမှာမဟုတ်ပေမယ့်လည်း ဥရောပကိုတော့ ပြန်ရောက်လာပါပြီ။ ဈေးကြီးတဲ့ Find X လေးဟာ ဒီလိုအခွင့်အရေးတွေအတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဥရောပဈေးကွက်အချို့ကို မကြာခင်မှာ ဒီဖုန်းလေးက ရောက်လာတော့မှာပါ။
ဆန်းသစ်မှုမှာ နံပါတ်တစ်
Find X က ဆန်းသစ်တဲ့စမတ်ဖုန်းအနေနဲ့ တင်ပြလိုက်တဲ့အခါမှာ ဒါလေးက ပထမဆုံးမဟုတ်ဘူးလို့ စိတ်ထဲမှာမထင်မိဘူးလား။ OPPO က ကင်မရာပိုင်းကို အလေးပေးပြီးတော့ ထုတ်ထားတာလေးတွေက အရင်ကတည်းကပါ။ မှတ်မိလား။ OPPO N1, OPPO N3 တို့ရှိသေးတယ်လေ။ အဲဒီမှာ ကင်မရာတစ်လုံးတည်းကိုပဲ အရှေ့အနောက်ပြောင်းသုံးတာ။။
ကင်မရာတွေအပြင် brand နာမည်ကြားလိုက်တာနဲ့ O Touch လို့ခေါ်တဲ့ touch-sensitive panel လေးကိုလည်း မြင်ယောင်မိကြပါတယ်။ သူဟာ 5G နဲ့ပတ်သတ်တဲ့နည်းပညာတွေကိုလည်း လုပ်ဆောင်နေပြီးတော့ artificial intelligence နဲ့ ကင်မရာပိုင်းမှာလည်း တိုးတက်အောင် ကြိုးစားနေပါတယ်။ Find X မှာ O Face လို့ခေါ်တဲ့ iPhone X နဲ့ ဆင်တူတဲ့ 3D facial recognition unlocking system ကို မိတ်ဆက်လိုက်ပါတယ်။ အားအမြန်သွင်းစနစ် VOOC ၊ Super VOOC (Lamborghini Editionမှာသာရနိုင်) တို့ကိုလည်း ပြသထားပါတယ်။ မျက်နှာပြင်ကိုယ်ထည်အချိုးကတော့ ၉၃.၈% ဖြစ်ပါတယ်။

OPPO Find X အကြောင်း အသေးစိတ်

အသွင်းအထုတ်အတွက် ခံနိုင်ရည်ရှိပါ့မလား။
Find X အတွက် အမေးအများဆုံးကတော့ အချိန်ကြာလာရင် photo module လေးက ခံနိုင်ရည်ရှိပါ့မလားဆိုတဲ့အချက်ပါပဲ။ သူဟာ မျက်နှာပြင်အတွက် ဘောင်တွေကန့်သတ်မထားအောင် ဒီဇိုင်းထုတ်ထားတဲ့ စက်ယန္တရားပိုင်းဖြစ်ပါတယ်။ စမတ်ဖုန်းကို unlock လုပ်ချိန် ဒါမှမဟုတ် ကင်မရာကိုဖွင့်လိုက်တဲ့အချိန်မှာ camera module လေးက ဝ.၀၆စက္ကန့်အတွင်းမှာ ပေါ်လာမှာပါ။
OPPO ကတော့ အကြိမ်ပေါင်း ၃၀၀ ၀၀၀ လောက် ဖွင့်ပိတ်စမ်းသပ်ခဲ့ပါတယ်။ လေ့လာချက်တွေအရ ဒီပမာဏဟာ သာမန်လူတစ်ယောက်အတွက် သင့်တော်ပါပတယ်။ ဖုန်းလွတ်ကျမယ်ဆိုရင်ရော၊ အလိုအလျောက်ပိတ်ပေးမယ်လို့ ရှင်းပြထားတယ်။
fingerprint reader က ဘယ်နားလေးမှာလဲ။
unlocking system ကိုပိုမိုမြန်ဆန်ကောင်းမွန်တာလိုချင်တဲ့ သုံးစွဲသူတွေရဲ့တောင်းဆိုမှုကို လုပ်ဆောင်ပေးဖို့ စဉ်းစားလိုက်ပါတယ်။ ဒါကြောင့် 3D structured light technology ၊ 5G ၊ 3D video call နဲ့အတူ oleographic projection တွေပေါင်းစပ်ထားတဲ့ဖုန်းတစ်လုံးဖြစ်လာခဲ့ပါတယ်။

headphone jack ကရော။
ဒီလိုဒီဇိုင်းရွေးချယ်မှုကြောင့် Find X က Port တွေမပါဝင်တဲ့ကိုယ်ထည်ဖြစ်လာပါတယ်။ mini headphone jack လေးက ဒီဇိုင်းကိုနှောင့်ယှက်သလိုဖြစ်နေနိုင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ Bluetooth headset ကို အသံပိုင်းဆိုင်ရာမှာ အသုံးပြုရမှာဖြစ်ပါတယ်။

ရေစိုခံလား။
IP6x certification မရှိဘူးဆိုတော့ ရေစိမ်မခံပါဘူး။ ဒါပေမယ့်လည်း ရေစိုခံတာဖြစ်လို့ မိုးမိုတာမျိုးကို စိတ်ပူစရာမလိုအပ်ပါဘူး။

ကြိုးမဲ့အားသွင်းစနစ်ကို ဘာကြောင့်များ ထောက်ပံ့မပေးရတာလဲ။
Find X က ကွေးညွတ်ထားတဲ့ 3D glass လေးတွေကိုအသုံးပြုထားပါတယ်။ ဒါပေမယ့်လည်း ကြိုးမဲ့အားသွင်းစနစ်ကို အသုံးပြုထားခြင်းမရှိပါဘူး။ ဒီနည်းပညာက မကောင်းမွန်သေးဘူးလို့ သူတို့ကယုံကြည်ထားပါတယ်။ ပြီးတော့ သုံးစွဲသူတွေအတွက်လည်း လိုအပ်နေတဲ့အရာမဟုတ်ဘူးလို့ တွေးထားပါတယ်။ ဒီအကြောင်းတွေကြောင့် VOOC Flash Charge ဆိုတဲ့ နေ့စဉ်အသုံးတည့်မယ့် အားအမြန်သွင်းစနစ်ကို ထုတ်လုပ်ပေးထားပါတယ်။

Super VOOC နဲ့ဆိုရင် ၃၅မိနစ်အားသွင်းလိုက်တာနဲ့ အားပြည့်သွားမှာပါ။
Lamborghini နဲ့ပူးပေါင်းပြီးတော့ Super VOOC ကို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ ဘာကြောင့် ျstandard မော်ဒယ်လ်မှာ မထည့်သလဲ စဉ်းစားနေသလား။ ဒါဟာ ဘတ်ဂျက်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ရှင်းပြထားပါတယ်။ ဒါကြောင့်အချို့နည်းပညာတွေက ဖုန်းတိုင်းမှာ ထည့်သွင်းနိုင်ခြင်းမရှိပါဘူး။

OPPO က သင်မကြားဖူးသေးတဲ့ brand ဆိုရင်လည်း အခုကြားဖူးသွားပြီမလား။ Find X က ပြွတ်သိပ်ကျပ်နေတဲ့ ဈေးကွက်ထဲကို ယှဉ်ပြိုင်ဖို့ဝင်ရောက်လာတော့မယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။
Samsung Galaxy S9, Apple iPhone X နဲ့Huawei P20 Pro ကို မေ့သွားစေနိုင်တဲ့ဖုန်းတစ်လုံးပါပဲ။ ဆွဲဆောင်မှုရှိမယ့် စမတ်ဖုန်းတစ်လုံးပါပဲ။ ဈေးနှုန်းကတော့ မပြောတတ်သေးပါဘူး။
Find X က ဆန်းသစ်မှုတွေကို ထုတ်ပြပြီးတော့ နည်းပညာမြင့်စမတ်ဖုန်းတွေကိုလည်း လုပ်ဆောင်နိုင်တယ်ဆိုတာပြသလိုက်တာဖြစ်ပါတယ်။
ုစွမ်းဆောင်ရည်အလတ်စားဖုန်းတွေမှာတော့ သုံးစွဲသူတွေအတော်များများကို စိတ်ကျေနပ်အောင်လုပ်ဆောင်ပေးနိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် OPPO R15 ကတော့ မထင်မှတ်ထားလောက်အောင် အထင်ကြီးမှုကို ရစေခဲ့ပါတယ်။ ဒီတော့ ကျွန်တော်ကတော့ စမ်းသပ်ကြည့်ချင်နေပါပြီ။
ဒီတော့ အတိုပြောရမယ်ဆိုရင် Huawei, Honor, OnePlus နဲ့ Xiaomi ဖုန်းတွေလိုပဲ အနောက်ပိုင်းဈေးကွက်ကို ရောက်လာတော့မှာပါ။ ဒီတော့ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းတွေဟာ တကယ်ပဲသုံးစွဲသူတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လားဆိုတာ ကြည့်ရတော့မှာပါ။

Leave a Reply