Honor Note 10 ကို မၾကာခင္ မိတ္ဆက္မယ္လို႔ ကုမၸဏီ စီအီးအို အတည္ျပဳ

0
1383

Honor Note 10 ကို မၾကာခင္ ျမင္ရဖို႔ ေသခ်ာသြားပါၿပီ။ ယခင္ႏွစ္ကေတာ့ Honor Note 9 ကို ထုတ္လုပ္ေရာင္းခ်ျခင္း မရွိခဲ့ပါဘူး။ ဒီႏွစ္မွာေတာ့ Honor Note 10 ကို မၾကာခင္ မိတ္ဆက္ေတာ့မယ္ဆိုတဲ့ သတင္းကို ကုမၸဏီရဲ႕ စီအီးအို ျဖစ္သူ Zhao Ming က တရုတ္ လူမႈကြန္ရက္ ၀ီဘိုကေန ေၾကညာလိုက္ပါတယ္။

သူက “ Note 9 ကို ေက်ာ္ခဲ့တာဟာ Note 10 ကို အခ်ိန္ႏွစ္ႏွစ္ယူၿပီး ဖန္တီးခ်င္လို႔ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းကို Fans ေတြ ေစာင့္ေမွ်ာ္ႏုိင္ၾကပါၿပီ။ “ လို႔ ေရးသားထားပါတယ္။ အဲဒီ ဖုန္း မိတ္ဆက္ပြဲမွာ အျခား ထုတ္ကုန္မ်ားကိုပါ ေၾကညာႏုိင္ပါတယ္။

တရုတ္စမတ္ဖုန္း ထုတ္လုပ္သူ Huawei အေနနဲ႔ Honor Note 10 စမတ္ဖုန္းကို 6.9 လက္မ မ်က္ႏွာျပင္နဲ႔ ထြက္ရွိလာမယ္လို႔ ယခင္ထြက္ေပၚခဲ့ဖူးတဲ့ သတင္းအရ သိရပါတယ္။ ေတာင္ကိုရီးယား မီဒီယာေတြမွာ ထြက္လာခဲ့တဲ့သတင္းအရ Huawei အေနနဲ႔ 6.9 inch AMOLED screen ေတြကို Samsung ဆီကေန မွာယူေနတယ္လို႔ သိရပါတယ္။ ဒီမွာယူမႈဟာ Huawei Mate 20 အတြက္မျဖစ္ႏုိင္ဘဲ၊ ေနာက္ပိုင္းမွာထြက္လာမယ့္ ‘Honor’ ဖုန္းသစ္ျဖစ္တဲ့ Honor Note 10 အတြက္ျဖစ္ႏုိင္တယ္လို႔ သိခဲ့ရပါတယ္။

Huawei Honor CEO ျဖစ္တဲ့ Zhao Ming ရဲ႕ မၾကာခင္ကေျပာၾကားခ်က္အရ မ်က္ႏွာျပင္ ပိုမိုႀကီးမားတဲ့ Honor စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္လို႔ျပင္ဆင္လ်က္ရွိေနၿပီး၊ ေဖ်ာ္ေျဖေရးအတြက္ရည္ရြယ္မွာေၾကာင့္ အဲ့ဒီဖုန္းမွာ 6.9 inch သံုးလာမယ္လို႔ ဆိုပါတယ္။ Samsung ရဲ႕ AMOLED screen ေတြရဲ႕ေစ်းႏႈန္းဟာ ႀကီးျမင့္တာေၾကာင့္ အသစ္ထြက္လာမယ့္ Honor ဖုန္းဟာ high-end အမ်ိဳးအစားျဖစ္ၿပီး ေစ်းႏႈန္းႀကီးျမင့္ႏိုင္ပါတယ္။ သူ႕မွာ Kirin 970 ပရိုဆက္ဆာသုံးလာႏုိင္ၿပီး GPU Turbo နည္းပညာကို ေထာက္ပံ့ေပးပါလိမ့္မယ္။ Honor Note 10 ဟာ Huawei ရဲ႕ေနာက္ထပ္ ဂိမ္းဖုန္းတစ္လုံးျဖစ္လာမွာပါ။

unicode

Honor Note 10 ကို မကြာခင် မိတ်ဆက်မယ်လို့ ကုမ္ပဏီ စီအီးအို အတည်ပြု

Honor Note 10 ကို မကြာခင် မြင်ရဖို့ သေချာသွားပါပြီ။ ယခင်နှစ်ကတော့ Honor Note 9 ကို ထုတ်လုပ်ရောင်းချခြင်း မရှိခဲ့ပါဘူး။ ဒီနှစ်မှာတော့ Honor Note 10 ကို မကြာခင် မိတ်ဆက်တော့မယ်ဆိုတဲ့ သတင်းကို ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Zhao Ming က တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ကြေညာလိုက်ပါတယ်။

သူက “ Note 9 ကို ကျော်ခဲ့တာဟာ Note 10 ကို အချိန်နှစ်နှစ်ယူပြီး ဖန်တီးချင်လို့ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို Fans တွေ စောင့်မျှော်နိုင်ကြပါပြီ။ “ လို့ ရေးသားထားပါတယ်။ အဲဒီ ဖုန်း မိတ်ဆက်ပွဲမှာ အခြား ထုတ်ကုန်များကိုပါ ကြေညာနိုင်ပါတယ်။

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Huawei အနေနဲ့ Honor Note 10 စမတ်ဖုန်းကို 6.9 လက်မ မျက်နှာပြင်နဲ့ ထွက်ရှိလာမယ်လို့ ယခင်ထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းအရ သိရပါတယ်။ တောင်ကိုရီးယား မီဒီယာတွေမှာ ထွက်လာခဲ့တဲ့သတင်းအရ Huawei အနေနဲ့ 6.9 inch AMOLED screen တွေကို Samsung ဆီကနေ မှာယူနေတယ်လို့ သိရပါတယ်။ ဒီမှာယူမှုဟာ Huawei Mate 20 အတွက်မဖြစ်နိုင်ဘဲ၊ နောက်ပိုင်းမှာထွက်လာမယ့် ‘Honor’ ဖုန်းသစ်ဖြစ်တဲ့ Honor Note 10 အတွက်ဖြစ်နိုင်တယ်လို့ သိခဲ့ရပါတယ်။

Huawei Honor CEO ဖြစ်တဲ့ Zhao Ming ရဲ့ မကြာခင်ကပြောကြားချက်အရ မျက်နှာပြင် ပိုမိုကြီးမားတဲ့ Honor စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လို့ပြင်ဆင်လျက်ရှိနေပြီး၊ ဖျော်ဖြေရေးအတွက်ရည်ရွယ်မှာကြောင့် အဲ့ဒီဖုန်းမှာ 6.9 inch သုံးလာမယ်လို့ ဆိုပါတယ်။ Samsung ရဲ့ AMOLED screen တွေရဲ့ဈေးနှုန်းဟာ ကြီးမြင့်တာကြောင့် အသစ်ထွက်လာမယ့် Honor ဖုန်းဟာ high-end အမျိုးအစားဖြစ်ပြီး ဈေးနှုန်းကြီးမြင့်နိုင်ပါတယ်။ သူ့မှာ Kirin 970 ပရိုဆက်ဆာသုံးလာနိုင်ပြီး GPU Turbo နည်းပညာကို ထောက်ပံ့ပေးပါလိမ့်မယ်။ Honor Note 10 ဟာ Huawei ရဲ့နောက်ထပ် ဂိမ်းဖုန်းတစ်လုံးဖြစ်လာမှာပါ။

Leave a Reply