Posted on Leave a comment

စြမ္းေဆာင္ရည္ အေကာင္းဆံုး ဖုန္း စာရင္းကို ေၾကညာလိုက္တဲ့ AnTuTu

AnTuTu က ဇြန္လကုန္အထိ ထြက္ရွိၿပီးသမွ် စမတ္ဖုန္း အားလံုးထဲမွ စြမ္းေဆာင္ရည္ အေကာင္းဆံုး ဖုန္း စာရင္းကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ စာရင္းမွာ ဖုန္း ၁၀ လံုးပါ၀င္ပါတယ္။ Snapdragon 845 Chipset ထည့္သြင္းထားတဲ့ ဖုန္းအမ်ားစု ပါ၀င္လာတာက အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ ရမွတ္မ်ားဟာ မတိမ္းမယိမ္း ျဖစ္ၿပီး ဟာ့ဒ္၀ဲမ်ား ေပါင္းစပ္တည္ေဆာက္မႈ၊ အန္းဒရြိဳက္ဗားရွင္း ကြာျခားမႈ၊ အပူ သက္သာေစမႈ စတဲ့ အပိုင္းမ်ား ကြာျခားမႈေၾကာင့္ ရမွတ္ အနည္းငယ္သာ ကြာျခားတာပါ။

အဲဒီစာရင္းမွာ နံပါတ္ ၁ ေနရာကို Xiaomi Black Shark က သိမ္းပိုက္ထားၿပီး မၾကာခင္က ေၾကညာခဲ့တဲ့ Vivo NEX S က နံပါတ္ ၂ ေနရာကို ရယူလိုက္ပါတယ္။ OnePlus 6 က နံပါတ္ ၃ ေနရာမွာ ရွိေနပါတယ္။ သူတို႔ရဲ႕ အေနာက္မွာ Xiaomi Mi 8, Smartisan Nut R1, Samsung Galaxy S9+, Mi Mix 2S, Samsung Galaxy S9, Sony Xperia XZ2 နဲ ZTE nubia Red Magic တိုက အသီးသီး ရပ္တည္ေနပါတယ္။

ဒီစာရင္းမွာပါတဲ့ Galaxy S Series မ်ားဟာ Snapdragon 845 ထည့္ထားတဲ့ ေမာ္ဒယ္မ်ား ျဖစ္ပါတယ္။ Snapdragon 835 ပါတဲ့ တစ္လံုးထဲေသာ ဖုန္းက ZTE Nubia Red Magic ျဖစ္ပါတယ္။ ဒီစမ္းသပ္မႈကို ျပဳလုပ္ဖို႔အတြက္ AnTuTu Version 7 ကို အသံုးျပဳထားတာ ျဖစ္ပါတယ္။

unicode

စွမ်းဆောင်ရည် အကောင်းဆုံး ဖုန်း စာရင်းကို ကြေညာလိုက်တဲ့ AnTuTu

AnTuTu က ဇွန်လကုန်အထိ ထွက်ရှိပြီးသမျှ စမတ်ဖုန်း အားလုံးထဲမှ စွမ်းဆောင်ရည် အကောင်းဆုံး ဖုန်း စာရင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စာရင်းမှာ ဖုန်း ၁၀ လုံးပါဝင်ပါတယ်။ Snapdragon 845 Chipset ထည့်သွင်းထားတဲ့ ဖုန်းအများစု ပါဝင်လာတာက အံ့သြစရာတော့ မဟုတ်ပါဘူး။ ရမှတ်များဟာ မတိမ်းမယိမ်း ဖြစ်ပြီး ဟာ့ဒ်ဝဲများ ပေါင်းစပ်တည်ဆောက်မှု၊ အန်းဒရွိုက်ဗားရှင်း ကွာခြားမှု၊ အပူ သက်သာစေမှု စတဲ့ အပိုင်းများ ကွာခြားမှုကြောင့် ရမှတ် အနည်းငယ်သာ ကွာခြားတာပါ။

အဲဒီစာရင်းမှာ နံပါတ် ၁ နေရာကို Xiaomi Black Shark က သိမ်းပိုက်ထားပြီး မကြာခင်က ကြေညာခဲ့တဲ့ Vivo NEX S က နံပါတ် ၂ နေရာကို ရယူလိုက်ပါတယ်။ OnePlus 6 က နံပါတ် ၃ နေရာမှာ ရှိနေပါတယ်။ သူတို့ရဲ့ အနောက်မှာ Xiaomi Mi 8, Smartisan Nut R1, Samsung Galaxy S9+, Mi Mix 2S, Samsung Galaxy S9, Sony Xperia XZ2 နဲ ZTE nubia Red Magic တိုက အသီးသီး ရပ်တည်နေပါတယ်။

ဒီစာရင်းမှာပါတဲ့ Galaxy S Series များဟာ Snapdragon 845 ထည့်ထားတဲ့ မော်ဒယ်များ ဖြစ်ပါတယ်။ Snapdragon 835 ပါတဲ့ တစ်လုံးထဲသော ဖုန်းက ZTE Nubia Red Magic ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုကို ပြုလုပ်ဖို့အတွက် AnTuTu Version 7 ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.