Xiaomi က Mi Max 3 ရဲ႕ ဘူးခြံ ဓါတ္ပံုကို ျပသ

0
1458

မၾကာခင္မွာ မိတ္ဆက္ေတာ့မယ္လို႔ ယူဆရတဲ့ Xiaomi Mi Max 3 ရဲ႕ သတင္းအခ်က္အလက္မ်ား ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုတစ္ခါမွာေတာ့ ေရွာင္္မီရဲ႕ စီအီးအုိ ကိုယ္တိုင္က အဲဒီ ဖုန္းရဲ႕ ဘူးခြံ ဓါတ္ပံုကို ျပသလိုက္ပါတယ္။ သူက အဲဒီ စမတ္ဖုန္းကို မၾကာခင္မွာ မိတ္ဆက္မယ္လို႔ ယူဆရတဲ့ စာတိုကိုလည္း ေရးသားထားပါတယ္။ သူ႔ကို တရုတ္မွာ ဒီလထဲမွာ ေၾကညာႏုိင္ပါတယ္။

Xiaomi အေနနဲ႔ Redmi 6 နဲ႔ Redmi 6A လိုေစ်းသက္သာတဲ့ စမတ္ဖုန္းေတြကို တရုတ္ႏုိင္ငံမွာ ၿပီးခဲ့တဲ့လအတြင္း မိတ္ဆက္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ Xiaomi ဟာဇူလိုင္လမွာ ပြဲထုတ္မိတ္ဆက္သြားမယ့္ Mi Max 3 နဲ႔ပတ္သတ္ၿပီး ထုတ္လုပ္မႈအဆင့္ေတြကို ျပင္ဆင္လ်က္ရွိေနပါတယ္။ Xiaomi အသစ္ထြက္မယ့္ စမတ္ဖုန္းကိုေတာ့ code name အေနနဲ႔ M1807E8S လို႔ေပးထားၿပီး တရုတ္ႏိုင္ငံမွာ 3C အသိအမွတ္ျပဳရရွိထားပါၿပီ။ ယခုရက္ပိုင္းမွာေတာ့ တရုတ္လူမႈကြန္ရက္ Weibo မွာ Mi Max 3 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြ ေန႔စဥ္နဲ႔အမွ်ထြက္လ်က္ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကေတာ့ Xiaomi ရဲ႕ Mi MAX 3 ရဲ႕ထိပ္ဘက္မွာ Notch ပါဝင္လာမယ္ဆိုတဲ့ သတင္းေတြထြက္လာပါတယ္။ အဲဒီေနာက္မွာ ထပ္မံထြက္လာတဲ့ အခ်က္အလက္ေတြမွာေတာ့ Xiaomi Mi MAX 3 ဟာ ထိပ္ဘက္မွာ Notch ပါဝင္လာမွာ မဟုတ္ေတာ့ပဲ full-View အျပည့္နဲ႔သာ ျဖစ္လာမယ္လို႔ဆိုပါတယ္။ မ်က္ႏွာျပင္ 6.99 လက္မ 18:9 အခ်ိဳးနဲ႔ full view display သုံးထားမွာျဖစ္ၿပီး ၊စြမ္းအားပိုင္းမွာေတာ့ Snapdragon 710 SoC ကိုထည့္သြင္းထားပါတယ္။ Snapdragon 710 ဟာ2 Cortex-A75 big core နဲ႔ 6 Cortex-A55 small core ေပါင္းစပ္ထားတာ ျဖစ္ၿပီးGPU Adreno 616 ကိုေပါင္းစပ္ထားပါတယ္။

သူ႕ရဲ႕ပါဝါစြမ္းအားဟာ AI engine ပါဝင္တဲ့ Snapdragon 660 ရဲ႕လုပ္ေဆာင္ခ်က္ ထက္ ၂ဆပိုေကာင္းလာမယ္လို႔ ဆိုပါတယ္။ ကင္မရာပိုင္းမွေတာ့ ေနာက္ေက်ာဘက္မွာ Dual ျဖစ္ႏိုင္ၿပီး 20MP ( Sony IMX363) သုံးလာမယ္လို႔ သိရပါတယ္။ Android 8.1 Oreo အေျချပဳ MIUI 10 ကိုတပါတည္း သုံးႏုိင္မွာျဖစ္ၿပီး RAM 4GB နဲ႔သိုေလွာင္မႈပိုင္းမွာ 32GB ျဖစ္ႏုိင္ၿပီး မတူညီတဲ့ Storage ေတြနဲ႔ပါ ထြက္လာႏုိင္ပါတယ္။ဘက္ထရီကိုေတာ့ 5,500mAh နဲ႔ျဖစ္ၿပီး Quick Charge 3.0 ေထာက္ပံ့မႈပါဝင္လာမွာပါ။

unicode

Xiaomi က Mi Max 3 ရဲ့ ဘူးခွံ ဓါတ်ပုံကို ပြသ

မကြာခင်မှာ မိတ်ဆက်တော့မယ်လို့ ယူဆရတဲ့ Xiaomi Mi Max 3 ရဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတစ်ခါမှာတော့ ရှောင်မီရဲ့ စီအီးအို ကိုယ်တိုင်က အဲဒီ ဖုန်းရဲ့ ဘူးခွံ ဓါတ်ပုံကို ပြသလိုက်ပါတယ်။ သူက အဲဒီ စမတ်ဖုန်းကို မကြာခင်မှာ မိတ်ဆက်မယ်လို့ ယူဆရတဲ့ စာတိုကိုလည်း ရေးသားထားပါတယ်။ သူ့ကို တရုတ်မှာ ဒီလထဲမှာ ကြေညာနိုင်ပါတယ်။

Xiaomi အနေနဲ့ Redmi 6 နဲ့ Redmi 6A လိုဈေးသက်သာတဲ့ စမတ်ဖုန်းတွေကို တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း မိတ်ဆက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ Xiaomi ဟာဇူလိုင်လမှာ ပွဲထုတ်မိတ်ဆက်သွားမယ့် Mi Max 3 နဲ့ပတ်သတ်ပြီး ထုတ်လုပ်မှုအဆင့်တွေကို ပြင်ဆင်လျက်ရှိနေပါတယ်။ Xiaomi အသစ်ထွက်မယ့် စမတ်ဖုန်းကိုတော့ code name အနေနဲ့ M1807E8S လို့ပေးထားပြီး တရုတ်နိုင်ငံမှာ 3C အသိအမှတ်ပြုရရှိထားပါပြီ။ ယခုရက်ပိုင်းမှာတော့ တရုတ်လူမှုကွန်ရက် Weibo မှာ Mi Max 3 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ နေ့စဉ်နဲ့အမျှထွက်လျက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ Xiaomi ရဲ့ Mi MAX 3 ရဲ့ထိပ်ဘက်မှာ Notch ပါဝင်လာမယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ အဲဒီနောက်မှာ ထပ်မံထွက်လာတဲ့ အချက်အလက်တွေမှာတော့ Xiaomi Mi MAX 3 ဟာ ထိပ်ဘက်မှာ Notch ပါဝင်လာမှာ မဟုတ်တော့ပဲ full-View အပြည့်နဲ့သာ ဖြစ်လာမယ်လို့ဆိုပါတယ်။ မျက်နှာပြင် 6.99 လက်မ 18:9 အချိုးနဲ့ full view display သုံးထားမှာဖြစ်ပြီး ၊စွမ်းအားပိုင်းမှာတော့ Snapdragon 710 SoC ကိုထည့်သွင်းထားပါတယ်။ Snapdragon 710 ဟာ2 Cortex-A75 big core နဲ့ 6 Cortex-A55 small core ပေါင်းစပ်ထားတာ ဖြစ်ပြီးGPU Adreno 616 ကိုပေါင်းစပ်ထားပါတယ်။

သူ့ရဲ့ပါဝါစွမ်းအားဟာ AI engine ပါဝင်တဲ့ Snapdragon 660 ရဲ့လုပ်ဆောင်ချက် ထက် ၂ဆပိုကောင်းလာမယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းမှတော့ နောက်ကျောဘက်မှာ Dual ဖြစ်နိုင်ပြီး 20MP ( Sony IMX363) သုံးလာမယ်လို့ သိရပါတယ်။ Android 8.1 Oreo အခြေပြု MIUI 10 ကိုတပါတည်း သုံးနိုင်မှာဖြစ်ပြီး RAM 4GB နဲ့သိုလှောင်မှုပိုင်းမှာ 32GB ဖြစ်နိုင်ပြီး မတူညီတဲ့ Storage တွေနဲ့ပါ ထွက်လာနိုင်ပါတယ်။ဘက်ထရီကိုတော့ 5,500mAh နဲ့ဖြစ်ပြီး Quick Charge 3.0 ထောက်ပံ့မှုပါဝင်လာမှာပါ။

Leave a Reply