OnePlus 6 အနီလေးထွက်ပီနော်

0
1790

Zawgyi version





 

Unicode version

OnePlus 6 က အနီရောင်ဒီဇိုင်းလေးနဲ့ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ သူက OnePlus 5T Lava Red edition ပုံစံလိုမျိုးပဲ ဖြစ်ပါတယ်။
အသစ်ထွက်ရှိလာတဲ့ OnePlus အနီရောင်လေးကိုတော့ ယနေ့မှာ မိတ်ဆက်ပေးပြီး OnePlus ဖိုရမ်က သူ့ရဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်မယ့် ဈေးကွက်တွေကို ပြောကြားသွားတာပဲဖြစ်ပါတယ်။ U.S မှာတော့ OnePlus 6 Red လေးကို July 10 ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကတော့ $579 နဲ့စတင်ရောင်းချမှာ ဖြစ်ပါတယ်။
သူကတော့ 8GB RAM နဲ့ storage ကတော့ 128GB ပဲဖြစ်ပါတယ်။ သူက တစ်ခြားအရောင်တွေအတွက်လဲ ဒီဈေးနှုန်းပဲလို့လဲ ပြောထားပါသေးတယ်။ အိန္ဒိယမှာတော့ OnePlus 6 Red လေးကို July 16 ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး ရူပီး 39,999 နဲ့ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
တစ်ခြားရရှိနိုင်မယ့်နေရာတွေကိုတော့ အသေးစိတ်မပြောကြား သေးပါဘူး။ ဒါပေမဲ့ မကြာခင်ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

Leave a Reply