Music Playback မ်ားကို ထိန္းခ်ဳပ္လို႔ရမယ့္ Galaxy Note 9 ရဲ႕ S Pen

0
1370

Samsung က ၾသဂုတ္လ ၉ ရက္ေန႔မွာ Galaxy Note 9 ကို မိတ္ဆက္ဖို႔ ဖိတ္စာမ်ား ေ၀ငွထားပါတယ္။ ဖိတ္စာမွာ S Pen တြင္ စြမ္းရည္ အသစ္မ်ား ပါလာမယ္လို႔ အရိပ္အျမြက္ ျပသထားပါတယ္။ ယခုထြက္ေပၚလာတဲ့ သတင္းအရ S Pen ရဲ႕ စြမ္းရည္အသစ္ အခ်ိဳ႕ကို သိရပါၿပီ။ S Pen ဟာ Portable Bluetooth Controller လို အသံုးျပဳႏုိင္မွာ ျဖစ္ၿပီး သီခ်င္းမ်ားကို ထိန္းခ်ဳပ္ျခင္း၊ Remote Self-Timer လို အသံုးျပဳႏုိင္ျခင္း စတဲ့ စြမ္းရည္မ်ား ပါလာမယ္လို႔ ေျပာပါတယ္။ ဂိမ္းကစားတဲ့ စြမ္းရည္ေတာင္ ပါလာႏိုင္ပါတယ္။

ယခင္ကလည္း Note 9 ရဲ႕ သတင္းအခ်က္အလက္မ်ား ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ Note 9 မွာ Note 8 ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားထက္ အနည္းငယ္ ပိုမို ႀကီးမားတဲ့ ၆.၄ လက္မ အရြယ္ မ်က္ႏွာျပင္ကို ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ မ်က္ႏွာျပင္ အရြယ္အစား အပိုင္းမွာ Note 9 နဲ႔ S9+ တို႔ဟာ မတိမ္းမယိမ္း ျဖစ္လာပါတယ္။

Galaxy Note 9 ရဲ႕ ကင္မရာဟာ Galaxy S9 Plus ထက္ေတာင္ ပိုေကာင္းမယ္လို႔ သိရပါတယ္။ Bloomberg က Samsung ဟာ Galaxy Note 9 ရဲ႕ ကင္မရာ အစိတ္အပိုင္းမ်ားကို ဆန္းသစ္ထားမယ္လို႔ ေျပာပါတယ္။ ယခင္ႏွစ္က Galaxy Note 8 မွာ ဆမ္ေဆာင္းဟာ အေနာက္ကင္မရာႏွစ္လံုး စနစ္ကို စတင္ ထည့္သြင္းထားပါတယ္။ ယခုႏွစ္ အေစာပိုင္းမွာ မိတ္ဆက္ခဲ့တဲ့ Galaxy S9 Plus မွာလည္း အေနာက္ကင္မရာ ႏွစ္လံုး ထည့္သြင္းေပးခဲ့ပါတယ္။

Note 9 မွာ Note 8 ရဲ႕ 3300mAh Battery ထက္ ပိုိမုိႀကီးမားတဲ့ 3850mAh or 4000mAh Battery မ်ား ပါလာႏုိင္ပါတယ္။ အေမရိကန္မွာ ေရာင္းမယ့္ ေမာ္ဒယ္မ်ားမွာ Qualcomm Snapdragon 845 Chipset ထည့္သြင္းထားမွာပကကါ။ အျခားႏုိင္ငံမ်ားမွာေရာင္းမယ့္ ေမာ္ဒယ္မ်ားမွာ ဆမ္ေဆာင္း ကိုယ္တိုင္ ဖန္တီးထားတဲ့ Exynos 9810 CPU ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ RAM ကေတာ့ 6GB ပါမယ္လို႔ သိရပါတယ္။

unicode

Music Playback များကို ထိန်းချုပ်လို့ရမယ့် Galaxy Note 9 ရဲ့ S Pen

Samsung က သြဂုတ်လ ၉ ရက်နေ့မှာ Galaxy Note 9 ကို မိတ်ဆက်ဖို့ ဖိတ်စာများ ဝေငှထားပါတယ်။ ဖိတ်စာမှာ S Pen တွင် စွမ်းရည် အသစ်များ ပါလာမယ်လို့ အရိပ်အမြွက် ပြသထားပါတယ်။ ယခုထွက်ပေါ်လာတဲ့ သတင်းအရ S Pen ရဲ့ စွမ်းရည်အသစ် အချို့ကို သိရပါပြီ။ S Pen ဟာ Portable Bluetooth Controller လို အသုံးပြုနိုင်မှာ ဖြစ်ပြီး သီချင်းများကို ထိန်းချုပ်ခြင်း၊ Remote Self-Timer လို အသုံးပြုနိုင်ခြင်း စတဲ့ စွမ်းရည်များ ပါလာမယ်လို့ ပြောပါတယ်။ ဂိမ်းကစားတဲ့ စွမ်းရည်တောင် ပါလာနိုင်ပါတယ်။

ယခင်ကလည်း Note 9 ရဲ့ သတင်းအချက်အလက်များ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ Note 9 မှာ Note 8 ရဲ့ မျက်နှာပြင် အရွယ်အစားထက် အနည်းငယ် ပိုမို ကြီးမားတဲ့ ၆.၄ လက်မ အရွယ် မျက်နှာပြင်ကို ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင် အရွယ်အစား အပိုင်းမှာ Note 9 နဲ့ S9+ တို့ဟာ မတိမ်းမယိမ်း ဖြစ်လာပါတယ်။

Galaxy Note 9 ရဲ့ ကင်မရာဟာ Galaxy S9 Plus ထက်တောင် ပိုကောင်းမယ်လို့ သိရပါတယ်။ Bloomberg က Samsung ဟာ Galaxy Note 9 ရဲ့ ကင်မရာ အစိတ်အပိုင်းများကို ဆန်းသစ်ထားမယ်လို့ ပြောပါတယ်။ ယခင်နှစ်က Galaxy Note 8 မှာ ဆမ်ဆောင်းဟာ အနောက်ကင်မရာနှစ်လုံး စနစ်ကို စတင် ထည့်သွင်းထားပါတယ်။ ယခုနှစ် အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Galaxy S9 Plus မှာလည်း အနောက်ကင်မရာ နှစ်လုံး ထည့်သွင်းပေးခဲ့ပါတယ်။

Note 9 မှာ Note 8 ရဲ့ 3300mAh Battery ထက် ပိုမိုကြီးမားတဲ့ 3850mAh or 4000mAh Battery များ ပါလာနိုင်ပါတယ်။ အမေရိကန်မှာ ရောင်းမယ့် မော်ဒယ်များမှာ Qualcomm Snapdragon 845 Chipset ထည့်သွင်းထားမှာပကကါ။ အခြားနိုင်ငံများမှာရောင်းမယ့် မော်ဒယ်များမှာ ဆမ်ဆောင်း ကိုယ်တိုင် ဖန်တီးထားတဲ့ Exynos 9810 CPU ထည့်သွင်းထားမယ်လို့ သိရပါတယ်။ RAM ကတော့ 6GB ပါမယ်လို့ သိရပါတယ်။

Leave a Reply