Android ရဲ႕ Multiple Users နဲ႕ Guest Access ဆိုတာဘာလဲ

0
1594

Zawgyi Version

Lollipop (Android 5.x) ႏွင့္အထက္ကိုအသံုးျပဳေနတဲ့ Android စမတ္ဖုန္းေတြမွာ အေကာင့္ေတြဖန္တီးျပီးေတာ့ အသံုးျပဳလို႕ရေနပါျပီ။ ဒီေတာ့ ဖုန္းပိုင္ရွင္မဟုတ္တဲ့သူတစ္ေယာက္က guest အျဖစ္နဲ႕ ၀င္ျပီးအသံုးျပဳမယ္ဆုိရင္ ဖုန္းပိုင္ရွင္သံုးထားတဲ့ app ေတြမွာ အခ်က္အလက္ေတြဘာရွိရွိ ေတြ႕ျမင္ရမွာမဟုတ္ဘဲ မိမိနဲ႕သက္ဆုိင္တဲ့အခ်က္အလက္ေတြကိုသာ ေတြ႕ျမင္အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

ဒီေတာ့ သူစိမ္းေတြေရွ႕မွာ ကိုယ့္ရဲ႕အခ်က္အလက္ေတြ(ဓါတ္ပံု၊ မက္ေဆ့ခ်္၊ စတာေတြ)ကို ေတြ႕ျမင္မွာ စိတ္ပူတယ္ဆိုုရင္ေတာ့ သင္ဟာ guest အေကာင့္ကို အသံုးျပဳျပီး ကာကြယ္ႏုိင္ပါတယ္။ guest mode ထဲမွာေတာ့ log in ၀င္စရာမလိုအပ္ဘဲ ဖုန္းကို ရိုးရွင္းတဲ့လုပ္ေဆာင္ခ်က္ေတြအတြက္ အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ သင့္ရဲ႕ဖုိင္ေတြထိပါးမွာလည္း စိတ္ပူေနစရာမလိုအပ္ေတာ့ဘူးေပါ့။

သင့္ရဲ႕ iPhone ကို အျခားတစ္ေယာက္ကို ငွားရမ္းအသံုးျပဳတဲ့ျဖစ္ရပ္မ်ိဳးက ရွားပါးတယ္ဆိုေပမယ့္လည္း iPad ကိုေတာ့ အမ်ားသံုးအျဖစ္နဲ႕ အသံုးျပဳတဲ့ျဖစ္ရပ္က ရွိႏုိင္ပါတယ္။ ဒါေပမယ့္ i device ေတြမွာေတာ့ ဒီလိုfeature ကို ထည့္သြင္းေပးထားျခင္းမရွိပါဘူး။ iPad ေတြမွာ ဒီလိုfeature ထည့္သြင္းေပးထားမယ္ဆိုရင္ေတာ့ အလြန္အသံုး၀င္တဲ့ feature တစ္ခုျဖစ္လာမွာပါ။

ဒီေတာ့ guest mode တို႕၊ multiple user တို႕ကို နားလည္သြားျပီဆုိရင္ေတာ့ ဘယ္လိုအသံုးျပဳရမလဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။ ကၽြန္ေတာ္ကေတာ့ Huawei Nova 3e ေလးနဲ႕ စမ္းသပ္ျဖစ္ခဲ့ပါတယ္။

ကၽြန္ေတာ့ဖုန္းမွာေတာ့ Settings->Users & accounts ->Users ထဲကိုသြားလိုက္ပါတယ္။ အဲဒီမွာ Owner အေကာင့္နဲ႕ Guest အေကာင့္ဆိုျပီးေတာ့ ႏွစ္မ်ိဳးရွိပါတယ္။ Add user ဆိုတဲ့ option ေလးကိုလည္း ေတြ႕ျမင္ႏုိင္ပါတယ္။ မိသားစု၀င္တစ္ေယာက္ခ်င္းစီအလိုက္ အေကာင့္လုပ္ေပးထားလို႕ရပါတယ္။ အေကာင့္လုပ္ျပီးသြားျပီဆိုတာနဲ႕ Switch User လုပ္မလား(အေကာင့္ေျပာင္းလား) ေမးပါတယ္။ ဒီေတာ့ Switch user ဆုိျပီးေတာ့ စမ္းၾကည့္လုိက္ပါတယ္။

အဲဒီမွာ သတိေပးခ်က္ေလးေတြ တက္လာပါတယ္။

၁။ ကိုယ္ယံုၾကည္ရတဲ့သူေတြနဲ႕သာ မွ်ေ၀သံုးစြဲသင့္ပါတယ္။
၂။ owner က ကိုယ္သံုးေနတဲ့ app ေတြနဲ႕ ကိုယ့္အခ်က္အလက္ေတြကို ဖ်က္ပစ္ႏုိင္တယ္။
၃။ အျခားသံုးစြဲသူေတြကလည္း ကိုယ့္app ေတြကို update လုုပ္ႏုိင္တယ္။
၄။ တခ်ိဳ႕ feature ေတြကေတာ့ guest အေနနဲ႕ သံုးတာျဖစ္လို႕ သံုးခြင့္မရဘဲ မွိန္ေနမွာပါ။

ဒီအဆင့္ျပီးသြားရင္လည္း Cancel and remove new user ဆိုျပီးေတာ့ စိတ္ေျပာင္းမလား ထပ္ေမးဦးမွာပါ။ Next ကို ႏွိ္ပ္လိုက္ပါမယ္။

Terms & Conditions ကို Agree လုပ္ေပးလုိက္ပါ။ Agree ထပ္ႏွိပ္လုိက္ပါ။

User Experience Improvement Project ကို Join မလားဆိုေတာ့ Later ႏွိပ္လုိက္ပါ။

အဲဒီေနာက္မွာေတာ့ ကၽြန္ေတာ္တို႕ ဖုန္းအသစ္တစ္လံုးစတင္အသံုးျပဳခ်ိန္ကို ျပန္လည္ေရာက္ရွိသြာသလို ခံစားရမွာပါ။ Google အေကာင့္ေတြထည့္ခုိင္းမယ္။ Password ထည့္ခိုင္းမယ္။ ျပီးရင္ေတာ့ Stock Android ကုိ ေတြ႕ျမင္ရျပီး အသံုးျပဳႏုိင္မွာပါ။ Gallery ထဲမွာလည္း အရင္တုန္းက ရုိက္ထားတဲ့ပံုေတြမရွိေတာ့ဘဲ ဖုန္းအသစ္တစ္လံုးကို ကိုင္ေနရသလိုခံစားရပါတယ္။

ဒီေတာ့ ကၽြန္ေတာ္တို႕ အရင္ owner အေကာင့္ကို ဘယ္လိုျပန္သံုးၾကမလဲ။ Notification Area ကို သြားလိုက္ျပီးေတာ့ လူပံုစံေလးကို ႏွိပ္လုိက္ပါ။ အဲဒီမွာ အေကာင့္ခ်ိန္းလို႕ရပါတယ္။ password မွန္ရင္ ၀င္လို႕ရပါျပီ။

ကိုယ့္ရဲ႕အခ်က္အလက္ေတြကို လံုျခံဳေအာင္ ကာကြယ္ႏုိင္ၾကပါေစ။

Unicode Version

Lollipop (Android 5.x) နှင့်အထက်ကိုအသုံးပြုနေတဲ့ Android စမတ်ဖုန်းတွေမှာ အကောင့်တွေဖန်တီးပြီးတော့ အသုံးပြုလို့ရနေပါပြီ။ ဒီတော့ ဖုန်းပိုင်ရှင်မဟုတ်တဲ့သူတစ်ယောက်က guest အဖြစ်နဲ့ ဝင်ပြီးအသုံးပြုမယ်ဆိုရင် ဖုန်းပိုင်ရှင်သုံးထားတဲ့ app တွေမှာ အချက်အလက်တွေဘာရှိရှိ တွေ့မြင်ရမှာမဟုတ်ဘဲ မိမိနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုသာ တွေ့မြင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဒီတော့ သူစိမ်းတွေရှေ့မှာ ကိုယ့်ရဲ့အချက်အလက်တွေ(ဓါတ်ပုံ၊ မက်ဆေ့ချ်၊ စတာတွေ)ကို တွေ့မြင်မှာ စိတ်ပူတယ်ဆိုရင်တော့ သင်ဟာ guest အကောင့်ကို အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။ guest mode ထဲမှာတော့ log in ဝင်စရာမလိုအပ်ဘဲ ဖုန်းကို ရိုးရှင်းတဲ့လုပ်ဆောင်ချက်တွေအတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ဖိုင်တွေထိပါးမှာလည်း စိတ်ပူနေစရာမလိုအပ်တော့ဘူးပေါ့။
သင့်ရဲ့ iPhone ကို အခြားတစ်ယောက်ကို ငှားရမ်းအသုံးပြုတဲ့ဖြစ်ရပ်မျိုးက ရှားပါးတယ်ဆိုပေမယ့်လည်း iPad ကိုတော့ အများသုံးအဖြစ်နဲ့ အသုံးပြုတဲ့ဖြစ်ရပ်က ရှိနိုင်ပါတယ်။ ဒါပေမယ့် i device တွေမှာတော့ ဒီလိုfeature ကို ထည့်သွင်းပေးထားခြင်းမရှိပါဘူး။ iPad တွေမှာ ဒီလိုfeature ထည့်သွင်းပေးထားမယ်ဆိုရင်တော့ အလွန်အသုံးဝင်တဲ့ feature တစ်ခုဖြစ်လာမှာပါ။
ဒီတော့ guest mode တို့၊ multiple user တို့ကို နားလည်သွားပြီဆိုရင်တော့ ဘယ်လိုအသုံးပြုရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကျွန်တော်ကတော့ Huawei Nova 3e လေးနဲ့ စမ်းသပ်ဖြစ်ခဲ့ပါတယ်။
ကျွန်တော့ဖုန်းမှာတော့ Settings->Users & accounts ->Users ထဲကိုသွားလိုက်ပါတယ်။ အဲဒီမှာ Owner အကောင့်နဲ့ Guest အကောင့်ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ Add user ဆိုတဲ့ option လေးကိုလည်း တွေ့မြင်နိုင်ပါတယ်။ မိသားစုဝင်တစ်ယောက်ချင်းစီအလိုက် အကောင့်လုပ်ပေးထားလို့ရပါတယ်။ အကောင့်လုပ်ပြီးသွားပြီဆိုတာနဲ့ Switch User လုပ်မလား(အကောင့်ပြောင်းလား) မေးပါတယ်။ ဒီတော့ Switch user ဆိုပြီးတော့ စမ်းကြည့်လိုက်ပါတယ်။
အဲဒီမှာ သတိပေးချက်လေးတွေ တက်လာပါတယ်။
၁။ ကိုယ်ယုံကြည်ရတဲ့သူတွေနဲ့သာ မျှဝေသုံးစွဲသင့်ပါတယ်။
၂။ owner က ကိုယ်သုံးနေတဲ့ app တွေနဲ့ ကိုယ့်အချက်အလက်တွေကို ဖျက်ပစ်နိုင်တယ်။
၃။ အခြားသုံးစွဲသူတွေကလည်း ကိုယ့်app တွေကို update လုပ်နိုင်တယ်။
၄။ တချို့ feature တွေကတော့ guest အနေနဲ့ သုံးတာဖြစ်လို့ သုံးခွင့်မရဘဲ မှိန်နေမှာပါ။
ဒီအဆင့်ပြီးသွားရင်လည်း Cancel and remove new user ဆိုပြီးတော့ စိတ်ပြောင်းမလား ထပ်မေးဦးမှာပါ။ Next ကို နှိပ်လိုက်ပါမယ်။
Terms & Conditions ကို Agree လုပ်ပေးလိုက်ပါ။ Agree ထပ်နှိပ်လိုက်ပါ။
User Experience Improvement Project ကို Join မလားဆိုတော့ Later နှိပ်လိုက်ပါ။
အဲဒီနောက်မှာတော့ ကျွန်တော်တို့ ဖုန်းအသစ်တစ်လုံးစတင်အသုံးပြုချိန်ကို ပြန်လည်ရောက်ရှိသွာသလို ခံစားရမှာပါ။ Google အကောင့်တွေထည့်ခိုင်းမယ်။ Password ထည့်ခိုင်းမယ်။ ပြီးရင်တော့ Stock Android ကို တွေ့မြင်ရပြီး အသုံးပြုနိုင်မှာပါ။ Gallery ထဲမှာလည်း အရင်တုန်းက ရိုက်ထားတဲ့ပုံတွေမရှိတော့ဘဲ ဖုန်းအသစ်တစ်လုံးကို ကိုင်နေရသလိုခံစားရပါတယ်။
ဒီတော့ ကျွန်တော်တို့ အရင် owner အကောင့်ကို ဘယ်လိုပြန်သုံးကြမလဲ။ Notification Area ကို သွားလိုက်ပြီးတော့ လူပုံစံလေးကို နှိပ်လိုက်ပါ။ အဲဒီမှာ အကောင့်ချိန်းလို့ရပါတယ်။ password မှန်ရင် ဝင်လို့ရပါပြီ။
ကိုယ့်ရဲ့အချက်အလက်တွေကို လုံခြုံအောင် ကာကွယ်နိုင်ကြပါစေ။

Leave a Reply