အလိုအေလ်ာက္ Android Back Up လုပ္တဲ့အခါ ဘယ္လို Data ေတြပါ၀င္ေနသလဲ

0
1522

Zawgyi Version

Android ဖုန္း ဒါမွမဟုတ္ တက္ဘလက္ရဲ႕ data အမ်ားကို Google ကေနျပီးေတာ့ အလိုအေလ်ာက္ back up လုပ္ထားေပးတတ္ပါတယ္။ ဒီေတာ့ ဘယ္လိုအရာေတြကို သင့္အတြက္သိမ္းထားေပးသလဲဆိုတာကို မသိခ်င္ဘူးလား။
ဒီေတာ့ ဘယ္လိုအရာေတြကို အလိုအေလ်ာက္သိမ္းေပးထားသလဲဆိုတာကို ရွင္းျပေပးသြားမွာပါ။ ဒီေတာ့ ဘယ္လုိdata ေတြက လံုျခံဳေနသလဲဆိုတာကို အလြယ္အကူပဲသိရွိႏုိင္ေစမွာ ျဖစ္ပါတယ္။

Google က Android Backup Service လို႕ေခၚတဲ့၀န္ေဆာင္မႈေလးကို ထည့္သြင္းေပးထားပါတယ္။ default အရ အဲဒီ၀န္ေဆာင္မႈေလးက သင့္အတြက္အေရးၾကီးမယ္ထင္ရတဲ့ data အမ်ားစုနဲ႕ Google service နဲ႕ပတ္သတ္တဲ့ data ေတြကို back up လုပ္ထားေပးပါတယ္။ Settings > Accounts > Google ကို သြားလုိက္မယ္ဆိုရင္ Sync settings ေလးကို ေတြ႕ျမင္ရမွာပါ။ အဲဒီေနာက္မွာေတာ့ Gmail address ကို ေရြးခ်ယ္ေပးရမွာျဖစ္ပါတယ္။

Image result for Contacts
Contacts, Email, Docs နဲ႕ Calendars : Android contact ေတြကို Google contacts online မွာ တင္ထားေပးပါတယ္။ ဒါေၾကာင့္ Gmail ဒါမွမဟုတ္ Google Contacts page ကေနျပီးေတာ့ လွမ္းသံုးလို႕ရပါတယ္။ Gmail account ထဲမွာmail ေတြကလည္း ပံုစံမပ်က္ရွိေနမွာပါ။ ျပီးေတာ့ calendar event ေတြကိုလည္း Google Calendar ထဲမွာ သိမ္းထားေပးပါတယ္။

Image result for smartphone System Settings

System Settings အခ်ိဳ႕ : Android က system settings အခ်ိဳ႕ျဖစ္တဲ့ Wi-Fi network အတြက္ passphrase လိုဟာမ်ိဳးကို သံုးထားသမွ် Android device ထဲကေန ျပန္လည္ထုတ္ယူေပးႏုိင္ပါတယ္။ brightness ၊ timeout စတာေတြကိုလည္း back up လုပ္ေပးႏုိင္ပါတယ္။ Chrome Browser Data : Chrome browser သံုးတယ္ဆိုရင္ေတာ့ bookmark ေတြကို Chrome sync account နဲ႕ခ်ိတ္ထားေပးပါတယ္။

Image result for Hangouts Chat LogsHangouts Chat Logs : ဒီဟာေတြကိုလည္း Gmail account ထဲမွာ သိမ္းထားေပးမွာပါ။ ဒါေပမယ့္ Gmail ထဲမွာ chat logging ပိတ္မထားဖို႕ေတာ့ လိုအပ္ပါတယ္။

Image result for purchase app
Apps နဲ႕ အျခား၀ယ္ယူထားေသာ Content: ၀ယ္ထားသမွ် app တုိင္း၊ install လုပ္ထားသမွ်ကို Google account နဲ႕ခ်ိတ္ထားေပးပါတယ္။ Android device အသစ္ကို set up လုပ္တုိင္းမွာ ဒါမွမဟုတ္ factory default settings လုပ္ျပီး ျပန္၀င္တဲ့အခါတုိင္းမွာ အလိုအေလ်ာက္ေဒါင္းလုတ္ဆြဲေပးျပီးေတာ့ install လုပ္ေပးႏုိင္ပါတယ္။ Play Store မွာ အရင္တုန္းက install လုပ္ထားသမွ်ကိုလည္း ျပန္ၾကည့္ႏုိင္ပါတယ္။ ၀ယ္ထားတယ္ဆိုရင္လည္း Google account နဲ႕ ခ်ိတ္ဆက္ထားတာမို႕ မစိုးရိမ္ပါနဲ႕။

Image result for Third-Party App
Third-Party App Data အခ်ိဳ႕ : Third-party app ေတြကေတာ့ သူတို႕ရဲ႕ web service နဲ႕ ခ်ိတ္ထားတတ္ပါတယ္။ အမ်ားၾကီးေတာ့မဟုတ္ပါဘူး။ အေရးၾကီးတဲ့အခ်က္အလက္ေတြပါ၀င္တဲ့ app ဆိုရင္ေတာ့ သူက အြန္လိုင္းမွာျပန္တင္ထားေပးလားဆိုတာ စစ္ေဆးၾကည့္ပါ။ ဖုန္းေပ်ာက္သြားရင္ ျပန္ယူလို႕ရေအာင္ပါ။

Image result for chrome Smart Lock Password Data
Smart Lock Password Data : ကြန္ပ်ဴတာမွာ Chrome သံုးျပီးေတာ့ Smart Lock for Password ဖြင့္ထားမယ္ဆိုရင္ မိုဘိုင္းလ္မွာလည္း အသံုးျပဳႏုိင္ပါတယ္။ တခ်ိဳ႕ app ေတြအတြက္သာရမွာပါ။ Netflix password ကို Smart Lock for Passwords ထဲမွာသိမ္းထားမယ္ဆိုရင္ app မွာလည္း အလြယ္အကူဖြင့္ႏုိင္ေစမွာပါ။
ဓါတ္ပံု : Google Photos အသံုးျပဳမယ္ဆိုရင္ေတာ့ Google server ေပၚမွာတင္လို႕ရပါတယ္။ ဒီေကာင္ေလးကေတာ့ enable လုပ္ထားမွ တင္ေပးမွာျဖစ္ပပါတယ္။ Android Nougat မွာေတာ့ Backup & reset menu ထဲမွာ ရွာၾကည့္ႏုိင္ပါတယ္။

ဒီေတာ့ ဒီစာရင္းေလးကိုၾကည့္ျပီး ဘယ္လို data ေတြ သိမ္းေပးထားသလဲဆိုတာ သိရွိသြားေလာက္ျပီထင္ပါတယ္။ ဒီေတာ့ သူတို႕အတြက္ စိတ္ပူေနစရာမလိုအပ္ေတာ့ဘူးေပါ့။ ေနာက္တစ္ပိုင္းမွာေတာ့ ဘယ္လို Data ေတြကို Google က back up လုပ္မေပးဘူးလဲဆိုတာ တင္ျပေပးမွာဆိုေတာ့ ဆက္လက္ဖတ္ရွဳေပးပါဦး။

Unicode Version

Android ဖုန်း ဒါမှမဟုတ် တက်ဘလက်ရဲ့ data အများကို Google ကနေပြီးတော့ အလိုအလျောက် back up လုပ်ထားပေးတတ်ပါတယ်။ ဒီတော့ ဘယ်လိုအရာတွေကို သင့်အတွက်သိမ်းထားပေးသလဲဆိုတာကို မသိချင်ဘူးလား။
ဒီတော့ ဘယ်လိုအရာတွေကို အလိုအလျောက်သိမ်းပေးထားသလဲဆိုတာကို ရှင်းပြပေးသွားမှာပါ။ ဒီတော့ ဘယ်လိုdata တွေက လုံခြုံနေသလဲဆိုတာကို အလွယ်အကူပဲသိရှိနိုင်စေမှာ ဖြစ်ပါတယ်။
Google က Android Backup Service လို့ခေါ်တဲ့ဝန်ဆောင်မှုလေးကို ထည့်သွင်းပေးထားပါတယ်။ default အရ အဲဒီဝန်ဆောင်မှုလေးက သင့်အတွက်အရေးကြီးမယ်ထင်ရတဲ့ data အများစုနဲ့ Google service နဲ့ပတ်သတ်တဲ့ data တွေကို back up လုပ်ထားပေးပါတယ်။ Settings > Accounts > Google ကို သွားလိုက်မယ်ဆိုရင် Sync settings လေးကို တွေ့မြင်ရမှာပါ။ အဲဒီနောက်မှာတော့ Gmail address ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။
Contacts, Email, Docs နဲ့ Calendars : Android contact တွေကို Google contacts online မှာ တင်ထားပေးပါတယ်။ ဒါကြောင့် Gmail ဒါမှမဟုတ် Google Contacts page ကနေပြီးတော့ လှမ်းသုံးလို့ရပါတယ်။ Gmail account ထဲမှာmail တွေကလည်း ပုံစံမပျက်ရှိနေမှာပါ။ ပြီးတော့ calendar event တွေကိုလည်း Google Calendar ထဲမှာ သိမ်းထားပေးပါတယ်။
System Settings အချို့ : Android က system settings အချို့ဖြစ်တဲ့ Wi-Fi network အတွက် passphrase လိုဟာမျိုးကို သုံးထားသမျှ Android device ထဲကနေ ပြန်လည်ထုတ်ယူပေးနိုင်ပါတယ်။ brightness ၊ timeout စတာတွေကိုလည်း back up လုပ်ပေးနိုင်ပါတယ်။
Chrome Browser Data : Chrome browser သုံးတယ်ဆိုရင်တော့ bookmark တွေကို Chrome sync account နဲ့ချိတ်ထားပေးပါတယ်။
Hangouts Chat Logs : ဒီဟာတွေကိုလည်း Gmail account ထဲမှာ သိမ်းထားပေးမှာပါ။ ဒါပေမယ့် Gmail ထဲမှာ chat logging ပိတ်မထားဖို့တော့ လိုအပ်ပါတယ်။
Apps နဲ့ အခြားဝယ်ယူထားသော Content: ဝယ်ထားသမျှ app တိုင်း၊ install လုပ်ထားသမျှကို Google account နဲ့ချိတ်ထားပေးပါတယ်။ Android device အသစ်ကို set up လုပ်တိုင်းမှာ ဒါမှမဟုတ် factory default settings လုပ်ပြီး ပြန်ဝင်တဲ့အခါတိုင်းမှာ အလိုအလျောက်ဒေါင်းလုတ်ဆွဲပေးပြီးတော့ install လုပ်ပေးနိုင်ပါတယ်။ Play Store မှာ အရင်တုန်းက install လုပ်ထားသမျှကိုလည်း ပြန်ကြည့်နိုင်ပါတယ်။ ဝယ်ထားတယ်ဆိုရင်လည်း Google account နဲ့ ချိတ်ဆက်ထားတာမို့ မစိုးရိမ်ပါနဲ့။
Third-Party App Data အချို့ : Third-party app တွေကတော့ သူတို့ရဲ့ web service နဲ့ ချိတ်ထားတတ်ပါတယ်။ အများကြီးတော့မဟုတ်ပါဘူး။ အရေးကြီးတဲ့အချက်အလက်တွေပါဝင်တဲ့ app ဆိုရင်တော့ သူက အွန်လိုင်းမှာပြန်တင်ထားပေးလားဆိုတာ စစ်ဆေးကြည့်ပါ။ ဖုန်းပျောက်သွားရင် ပြန်ယူလို့ရအောင်ပါ။
Smart Lock Password Data : ကွန်ပျူတာမှာ Chrome သုံးပြီးတော့ Smart Lock for Password ဖွင့်ထားမယ်ဆိုရင် မိုဘိုင်းလ်မှာလည်း အသုံးပြုနိုင်ပါတယ်။ တချို့ app တွေအတွက်သာရမှာပါ။ Netflix password ကို Smart Lock for Passwords ထဲမှာသိမ်းထားမယ်ဆိုရင် app မှာလည်း အလွယ်အကူဖွင့်နိုင်စေမှာပါ။
ဓါတ်ပုံ : Google Photos အသုံးပြုမယ်ဆိုရင်တော့ Google server ပေါ်မှာတင်လို့ရပါတယ်။ ဒီကောင်လေးကတော့ enable လုပ်ထားမှ တင်ပေးမှာဖြစ်ပပါတယ်။ Android Nougat မှာတော့ Backup & reset menu ထဲမှာ ရှာကြည့်နိုင်ပါတယ်။
ဒီတော့ ဒီစာရင်းလေးကိုကြည့်ပြီး ဘယ်လို data တွေ သိမ်းပေးထားသလဲဆိုတာ သိရှိသွားလောက်ပြီထင်ပါတယ်။ ဒီတော့ သူတို့အတွက် စိတ်ပူနေစရာမလိုအပ်တော့ဘူးပေါ့။ နောက်တစ်ပိုင်းမှာတော့ ဘယ်လို Data တွေကို Google က back up လုပ်မပေးဘူးလဲဆိုတာ တင်ပြပေးမှာဆိုတော့ ဆက်လက်ဖတ်ရှုပေးပါဦး။

Leave a Reply