ဓါတ္ပံုေတြကို Contacts မ်ားထံ အလိုအေလွ်ာက္ ပို႔ေနတဲ့ Samsung Phone မ်ား

0
2254

ဆမ္ေဆာင္း ဖုန္းမ်ားမွာ Software Error တစ္ခု ျဖစ္ပြားေနတဲ့ သတင္းမ်ား Reddit နဲ႔ ဆမ္ေဆာင္းရဲ႕ တရား၀င္ ဖိုရမ္မွာ ေျပာေနၾကပါတယ္။ Samsung Phone မ်ားဟာ ဓါတ္ပံုေတြကို Contacts မ်ားထံ အလိုအေလွ်ာက္ ပို႔ေနပါတယ္။ ဓါတ္ပံုမ်ားကို ဆမ္ေဆာင္းရဲ႕ Default Texting App ျဖစ္တဲ့ Samsung Messages ကေန ေပးပို႔ေနတာပါ။ Messages App မွာ အဲဒီ ဖိုင္မ်ားကို ေပးပို႔ထားတဲ့ Conversation မ်ား ရွိမေနပါဘူး။

တစ္ဖက္လူက ေျပာမွသာ ဖုန္း ပိုင္ရွင္မ်ားက သိၾကတာပါ။ ဖုန္းပိုင္ရွင္ တစ္ဦးက သူ႔ဖုန္းဟာ ဓါတ္ပံုမ်ားကို သူ႔ရဲ႕ ခ်စ္သူ ေကာင္္မေလးထံ ပို႔လိုက္တယ္လို႔ ေျပာပါတယ္။ ဒါကို ေကာင္မေလးက ေျပာမွ သိတာပါလို႔ သူက ေျပာပါတယ္။

The Verge က Samsung ကို ဒီျပႆနာအေၾကာင္း ေမးျမန္းရာမွာ ဆမ္ေဆာင္းမွ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ဒီျပႆနာကို သိၿပီးျဖစ္ေၾကာင္း နဲ႔ နည္းပညာ အဖြဲ႕ဟာ ျပႆာနာအတြက္ အေျဖရွာေနတယ္လို႔ ေျပာပါတယ္။ ဖိုရမ္မွာေတာ့ Galaxy S9 နဲ႔ S9 Plus မ်ားဟာ ဒီျပႆနာ ျဖစ္ပြားတဲ့ ဖုန္းမ်ားထဲမွာ ပါ၀င္တယ္လို႔ အတည္ျပဳထားၾကပါတယ္။ အျခား ဆမ္ေဆာင္း ဖုန္းမ်ားမွာလည္း ဒီျပႆနာ ျဖစ္ပြားေနပါတယ္။

T-Mobile က ဒီတစ္ပတ္ထဲမွာ ျဖန္႔ခ်ီခဲ့တဲ့ RCS Messaging Updates ေၾကာင့္ ျဖစ္မယ္လို႔ ဖုန္ း ပိုင္ရွင္ အခ်ိဳ႕က ေျပာပါတယ္။ The Verge က T-Mobile ကို ေမးျမန္းရာမွာ ဒီျပႆနာအတြက္ ဆမ္ေဆာင္းနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့ၿပီးၿပီ ျဖစ္ေၾကာင္းနဲ႔ သူ႔ဘက္က အမွား မဟုတ္ဘူးလို႔ ေျပာပါတယ္။

unicode

ဓါတ်ပုံတွေကို Contacts များထံ အလိုအလျှောက် ပို့နေတဲ့ Samsung Phone များ

ဆမ်ဆောင်း ဖုန်းများမှာ Software Error တစ်ခု ဖြစ်ပွားနေတဲ့ သတင်းများ Reddit နဲ့ ဆမ်ဆောင်းရဲ့ တရားဝင် ဖိုရမ်မှာ ပြောနေကြပါတယ်။ Samsung Phone များဟာ ဓါတ်ပုံတွေကို Contacts များထံ အလိုအလျှောက် ပို့နေပါတယ်။ ဓါတ်ပုံများကို ဆမ်ဆောင်းရဲ့ Default Texting App ဖြစ်တဲ့ Samsung Messages ကနေ ပေးပို့နေတာပါ။ Messages App မှာ အဲဒီ ဖိုင်များကို ပေးပို့ထားတဲ့ Conversation များ ရှိမနေပါဘူး။

တစ်ဖက်လူက ပြောမှသာ ဖုန်း ပိုင်ရှင်များက သိကြတာပါ။ ဖုန်းပိုင်ရှင် တစ်ဦးက သူ့ဖုန်းဟာ ဓါတ်ပုံများကို သူ့ရဲ့ ချစ်သူ ကောင်မလေးထံ ပို့လိုက်တယ်လို့ ပြောပါတယ်။ ဒါကို ကောင်မလေးက ပြောမှ သိတာပါလို့ သူက ပြောပါတယ်။

The Verge က Samsung ကို ဒီပြဿနာအကြောင်း မေးမြန်းရာမှာ ဆမ်ဆောင်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီပြဿနာကို သိပြီးဖြစ်ကြောင်း နဲ့ နည်းပညာ အဖွဲ့ဟာ ပြဿာနာအတွက် အဖြေရှာနေတယ်လို့ ပြောပါတယ်။ ဖိုရမ်မှာတော့ Galaxy S9 နဲ့ S9 Plus များဟာ ဒီပြဿနာ ဖြစ်ပွားတဲ့ ဖုန်းများထဲမှာ ပါဝင်တယ်လို့ အတည်ပြုထားကြပါတယ်။ အခြား ဆမ်ဆောင်း ဖုန်းများမှာလည်း ဒီပြဿနာ ဖြစ်ပွားနေပါတယ်။

T-Mobile က ဒီတစ်ပတ်ထဲမှာ ဖြန့်ချီခဲ့တဲ့ RCS Messaging Updates ကြောင့် ဖြစ်မယ်လို့ ဖုန် း ပိုင်ရှင် အချို့က ပြောပါတယ်။ The Verge က T-Mobile ကို မေးမြန်းရာမှာ ဒီပြဿနာအတွက် ဆမ်ဆောင်းနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်ကြောင်းနဲ့ သူ့ဘက်က အမှား မဟုတ်ဘူးလို့ ပြောပါတယ်။

Leave a Reply