LG က iPhone X Plus အတြက္ OLED Screen မ်ား ထုတ္လုပ္ေပးမည္

0
1349

Apple က ယခင္ႏွစ္ထုတ္ iPhone X မွာ Samsung ထံမွ OLED Screen မ်ားကို စတင္ ထည့္သြင္းေပးခဲ့ပါတယ္။ Apple ဟာ ဆမ္ေဆာင္းကိုသာ မွီခိုခဲ့ရတာ ျဖစ္တဲ့အတြက္ စကရင္ရဲ႕ ေရာင္းေစ်းကို ေစ်းဆစ္လို႔ မရခဲ့ပါဘူး။ Apple ဟာ ဆမ္ေဆာင္းကို မွီခိုေနရတာကိုလည္း ေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနၿပီး LG ထံကေနလည္း ဒီႏွစ္ထုတ္ အုိင္ဖုန္းမ်ားအတြက္ OLED Screen မ်ားကို ၀ယ္ယူမယ္ဆိုတဲ့ သတင္းမ်ားလည္း ထြက္ခဲ့ပါတယ္။

အခု တရုတ္ကေန ထြက္ေပၚလာတဲ့ သတင္းအရ LG ဟာ ဒီႏွစ္ထုတ္ အိုင္ဖုန္းမ်ားအတြက္ စကရင္မ်ားကို ဒုတိယ အမ်ားဆံုးေထာက္ပံံ့ေပးမွာ ျဖစ္ပါတယ္လို႔ သိရပါတယ္။ အေစာပိုင္းမွာ စကရင္ ၂ သန္းနဲ႔ ၄ သန္းအၾကား ထုတ္လုပ္ေပးဖုိ႔ ေတာင္းဆိုထားပါတယ္။ ဒီႏွစ္ အိုင္ဖုန္းမ်ားအတြက္ စကရင္ အမ်ား ဆံုး ေထာက္ပံ့ေပးမွာက ဆမ္ေဆာင္း ျဖစ္ပါတယ္။ Apple က LG Display ထံမွာ ေဒၚလာ ၂.၇ သန္း မၾကာခင္က ရင္းႏွီးျမွပ္ႏွံခဲ့ပါတယ္။

LG ရဲ႕ စကရင္ ၄ သန္းဟာ ဒီႏွစ္ထဲမွာ ေရာင္းခ်မယ့္ အိုင္ဖုန္း အားလံုးအတြက္ေတာ့ မလံုေလာက္ပါဘူး။ LG ဟာ Apple အတြက္ OLED စကရင္မ်ားကို ၂၀ ရာခိုင္ႏႈန္းသာ ထုတ္လုပ္ေပးမွာ ျဖစ္ၿပီး က်န္တာေတြကို ဆမ္ေဆာင္းက ပံ့ပိုးေပးမွာ ျဖစ္ပါတယ္။ LG Display ဟာ တန္ဖိုးအႀကီးဆံုး အိုင္ဖုန္း ေမာ္ဒယ္ျဖစ္တဲ့ ၆.၅ လက္မ iPhone X Plus အတြက္ ထုတ္လုပ္ေပးမယ္လို႔ သတင္းထြက္ေနပါတယ္။

unicode

LG က iPhone X Plus အတွက် OLED Screen များ ထုတ်လုပ်ပေးမည်
Apple က ယခင်နှစ်ထုတ် iPhone X မှာ Samsung ထံမှ OLED Screen များကို စတင် ထည့်သွင်းပေးခဲ့ပါတယ်။ Apple ဟာ ဆမ်ဆောင်းကိုသာ မှီခိုခဲ့ရတာ ဖြစ်တဲ့အတွက် စကရင်ရဲ့ ရောင်းဈေးကို ဈေးဆစ်လို့ မရခဲ့ပါဘူး။ Apple ဟာ ဆမ်ဆောင်းကို မှီခိုနေရတာကိုလည်း လျှော့ချဖို့ ကြိုးစားနေပြီး LG ထံကနေလည်း ဒီနှစ်ထုတ် အိုင်ဖုန်းများအတွက် OLED Screen များကို ဝယ်ယူမယ်ဆိုတဲ့ သတင်းများလည်း ထွက်ခဲ့ပါတယ်။

အခု တရုတ်ကနေ ထွက်ပေါ်လာတဲ့ သတင်းအရ LG ဟာ ဒီနှစ်ထုတ် အိုင်ဖုန်းများအတွက် စကရင်များကို ဒုတိယ အများဆုံးထောက်ပံံ့ပေးမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။ အစောပိုင်းမှာ စကရင် ၂ သန်းနဲ့ ၄ သန်းအကြား ထုတ်လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီနှစ် အိုင်ဖုန်းများအတွက် စကရင် အများ ဆုံး ထောက်ပံ့ပေးမှာက ဆမ်ဆောင်း ဖြစ်ပါတယ်။ Apple က LG Display ထံမှာ ဒေါ်လာ ၂.၇ သန်း မကြာခင်က ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

LG ရဲ့ စကရင် ၄ သန်းဟာ ဒီနှစ်ထဲမှာ ရောင်းချမယ့် အိုင်ဖုန်း အားလုံးအတွက်တော့ မလုံလောက်ပါဘူး။ LG ဟာ Apple အတွက် OLED စကရင်များကို ၂၀ ရာခိုင်နှုန်းသာ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ကျန်တာတွေကို ဆမ်ဆောင်းက ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ LG Display ဟာ တန်ဖိုးအကြီးဆုံး အိုင်ဖုန်း မော်ဒယ်ဖြစ်တဲ့ ၆.၅ လက်မ iPhone X Plus အတွက် ထုတ်လုပ်ပေးမယ်လို့ သတင်းထွက်နေပါတယ်။

Leave a Reply