Honor 9i အတြက္ ခရမ္းေရာင္ကို ေရာင္းၿပီ

0
1288

ဟြာေ၀းက ယခင္လ အေစာပိုင္းမွာ Honor 9i ကို မိတ္ဆက္ခဲ့ၿပီး အနက္၊ အျပာ၊ ခရမ္းနဲ႔ သံပုရာ အေရာင္မ်ားကို ေရာင္းခ်မယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ အနက္နဲ႔ အျပာေရာင္မ်ားသာ ေရာင္းခ်ေပးထားပါတယ္။ အခုေတာ့ခရမ္းေရာင္ကိုပါ ေရာင္းခ်ေပးလိုက္ပါတယ္။ ယြမ္ ၁၃၉၉ ( ၂၁၀ ေဒၚလာ) သတ္မွတ္ထားၿပီး တရုတ္မွာ ေရာင္းခ်ေပးလိုက္ပါၿပီ။

Honor 9i မွာေတာ့ ေသးငယ္တဲ့ 5.84” လက္မမ်က္ႏွာျပင္နဲ႔အတူ (19:9, 1,080 x 2,280 px) နဲ႔ျဖစ္ပါတယ္။ စြမ္းအားပိုင္းအတြက္ Kirin 659 chipset ကိုသုံးထားၿပီး GPU Turbo နည္းပညာကိုလည္း သုံးထားပါတယ္။ 13 MP + 2 MP dual camera ေနာက္ေက်ာဘက္ ကင္မရာဟာ Portrait mode ေတြရိုက္ကူးႏုိင္မွာျဖစ္ၿပီး 16 MP အေရွ႕ဘက္ကင္မရာဟာ AI-powered selfie နဲ႔ျဖစ္ပါတယ္။ face unlock လုပ္ေဆာင္ခ်က္ကိုလည္း သုံးႏုိင္မွာပါ။

သူ႕မွာေတာ့ 3,000 mAh ဘက္ထရီနဲ႔ျဖစ္ၿပီး Android 8.0 Oreo နဲ႔အတူ EMUI 8.0 တစ္ပါတည္း ထည့္ေပးထားပါတယ္။ 4 GB / 64 GB မ်ား ထည့္သြင္းထားပါတယ္။ အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားပါတယ္။

စမတ္ဖုန္းေတြရဲ႕ ေရစီးေၾကာင္းဟာ ဂိမ္းနယ္ပယ္ထဲကို တျဖည္းျဖည္းေျခဆန္႔လာၾကပါတယ္။ ဒီလို Gaming စမတ္ဖုန္း နယ္ပယ္ထဲကို Huawei လည္းဝင္ေရာက္လာခဲ့ပါၿပီ။ Huawei အေနနဲ႔Gaming စမတ္ဖုန္းေတြျဖစ္တဲ့ Honor Play နဲ႔ Honor 9i တို႔ကိုတရုတ္ႏုိင္ငံမွာ ထုတ္ေဖာ္ေၾကျငာခဲ့တာပါ။ စမတ္ဖုန္း၂မ်ိဳးလုံးဟာ တန္ဘိုးသက္သာဖုန္းအျဖစ္ ထြက္ရွိလာတာျဖစ္ပါတယ္။

unicode

Honor 9i အတွက် ခရမ်းရောင်ကို ရောင်းပြီ

ဟွာဝေးက ယခင်လ အစောပိုင်းမှာ Honor 9i ကို မိတ်ဆက်ခဲ့ပြီး အနက်၊ အပြာ၊ ခရမ်းနဲ့ သံပုရာ အရောင်များကို ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အနက်နဲ့ အပြာရောင်များသာ ရောင်းချပေးထားပါတယ်။ အခုတော့ခရမ်းရောင်ကိုပါ ရောင်းချပေးလိုက်ပါတယ်။ ယွမ် ၁၃၉၉ ( ၂၁၀ ဒေါ်လာ) သတ်မှတ်ထားပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။

Honor 9i မှာတော့ သေးငယ်တဲ့ 5.84” လက်မမျက်နှာပြင်နဲ့အတူ (19:9, 1,080 x 2,280 px) နဲ့ဖြစ်ပါတယ်။ စွမ်းအားပိုင်းအတွက် Kirin 659 chipset ကိုသုံးထားပြီး GPU Turbo နည်းပညာကိုလည်း သုံးထားပါတယ်။ 13 MP + 2 MP dual camera နောက်ကျောဘက် ကင်မရာဟာ Portrait mode တွေရိုက်ကူးနိုင်မှာဖြစ်ပြီး 16 MP အရှေ့ဘက်ကင်မရာဟာ AI-powered selfie နဲ့ဖြစ်ပါတယ်။ face unlock လုပ်ဆောင်ချက်ကိုလည်း သုံးနိုင်မှာပါ။

သူ့မှာတော့ 3,000 mAh ဘက်ထရီနဲ့ဖြစ်ပြီး Android 8.0 Oreo နဲ့အတူ EMUI 8.0 တစ်ပါတည်း ထည့်ပေးထားပါတယ်။ 4 GB / 64 GB များ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

စမတ်ဖုန်းတွေရဲ့ ရေစီးကြောင်းဟာ ဂိမ်းနယ်ပယ်ထဲကို တဖြည်းဖြည်းခြေဆန့်လာကြပါတယ်။ ဒီလို Gaming စမတ်ဖုန်း နယ်ပယ်ထဲကို Huawei လည်းဝင်ရောက်လာခဲ့ပါပြီ။ Huawei အနေနဲ့Gaming စမတ်ဖုန်းတွေဖြစ်တဲ့ Honor Play နဲ့ Honor 9i တို့ကိုတရုတ်နိုင်ငံမှာ ထုတ်ဖော်ကြေငြာခဲ့တာပါ။ စမတ်ဖုန်း၂မျိုးလုံးဟာ တန်ဘိုးသက်သာဖုန်းအဖြစ် ထွက်ရှိလာတာဖြစ်ပါတယ်။

Leave a Reply