GPU Turbo နည္းပညာ ရရွိမယ့္ စမတ္ဖုန္းမ်ားရဲ႕ အေသးစိတ္ Schedule ကို ေၾကညာလိုက္တဲ့ Huawei

0
1400

ဟြာေ၀းက စမတ္ဖုန္းရဲ႕ စြမ္းေဆာင္ရည္ကို ၆၀ ရာခုိင္ႏႈန္း တိုးျမွင့္ေပးၿပီး စြမ္းအင္ စားသံုးမႈကို ၃၀ ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးတဲ့ GPU Turbo နည္းပညာကို June လ အေစာပိုင္းမွာ Honor Play နဲ႔အတူ မိတ္ဆက္ခဲ့ပါတယ္။ အဲဒီ နည္းပညာကို စြမ္းေဆာင္ရည္သင့္ ကေန စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းမ်ားအထိ ထည့္သြင္းေပးမယ္လို႔ ေျပာခဲ့ပါတယ္။ Software Update ျဖင့္ ထည့္သြင္းေပးမယ္လို႔ ေျပာပါတယ္။

Honor 10 မွာလည္း ဒီနည္းပညာ ရရွိသြားပါၿပီ။ အခုေတာ့ အေသးစိတ္ သတင္းအခ်က္အလက္မ်ားကို ထပ္မံ ေၾကညာလိုက္ပါတယ္။ ဥေရာပ၊ အာရွ ပစိဖိတ္၊ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကမွ Huawei P20 Lite မွာ စက္တင္ဘာလတြင္ ဒီနည္းပညာကို ရရွိမွာပါ။ ႏုိင္ငံအားလံုးမွ Huawei P Smart မွာလည္း စက္တင္ဘာလမွာ ရရွိမွာပါ။

ၾသဂုတ္လမွာ ဥေရာပ၊ ရုရွား၊ အာရွ ပစိဖိတ္၊ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကမွ Huawei P20 နဲ႔ P20 Pro မ်ားဟာ ဒီနည္းပညာကို ရရွိမွာပါ။ အဲဒီ ႏုိင္ငံမ်ားမွ Huawei Mate 10 , Mate 10 Pro နဲ႔ Mate RS မ်ားကလည္း ၾသဂုတ္လမွာပဲ ဒီနည္းပညာကို ရရွိမွာ ျဖစ္ပါတယ္။ အေသးစိတ္ကို ဓါတ္ပံုမ်ားမွာ ေလ့လာႏုိင္ပါတယ္။

unicode

GPU Turbo နည်းပညာ ရရှိမယ့် စမတ်ဖုန်းများရဲ့ အသေးစိတ် Schedule ကို ကြေညာလိုက်တဲ့ Huawei

ဟွာဝေးက စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး စွမ်းအင် စားသုံးမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးတဲ့ GPU Turbo နည်းပညာကို June လ အစောပိုင်းမှာ Honor Play နဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ နည်းပညာကို စွမ်းဆောင်ရည်သင့် ကနေ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများအထိ ထည့်သွင်းပေးမယ်လို့ ပြောခဲ့ပါတယ်။ Software Update ဖြင့် ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။

Honor 10 မှာလည်း ဒီနည်းပညာ ရရှိသွားပါပြီ။ အခုတော့ အသေးစိတ် သတင်းအချက်အလက်များကို ထပ်မံ ကြေညာလိုက်ပါတယ်။ ဥရောပ၊ အာရှ ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှ Huawei P20 Lite မှာ စက်တင်ဘာလတွင် ဒီနည်းပညာကို ရရှိမှာပါ။ နိုင်ငံအားလုံးမှ Huawei P Smart မှာလည်း စက်တင်ဘာလမှာ ရရှိမှာပါ။

သြဂုတ်လမှာ ဥရောပ၊ ရုရှား၊ အာရှ ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှ Huawei P20 နဲ့ P20 Pro များဟာ ဒီနည်းပညာကို ရရှိမှာပါ။ အဲဒီ နိုင်ငံများမှ Huawei Mate 10 , Mate 10 Pro နဲ့ Mate RS များကလည်း သြဂုတ်လမှာပဲ ဒီနည်းပညာကို ရရှိမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဓါတ်ပုံများမှာ လေ့လာနိုင်ပါတယ်။

Leave a Reply