Oppo Find X စမတ္ဖုန္းအားတရုတ္ႏိုင္ငံတြင္ တရားဝင္မိတ္ဆက္

0
1713

Oppo အေနနဲ႔  Find X စမတ္ဖုန္းကို ကုမၸဏီအေျခစိုက္ရာ တရုတ္ႏုိင္ငံမွာ တရားဝင္ မိတ္ဆက္ေပးလိုက္ပါတယ္။ Oppo Find X ကိုတရုတ္ႏုိင္ငံ ေဘဂ်င္းမွာရွိတဲ့ industrial park မွာမီဒီယာေတြကို ဖိတ္ၾကားၿပီးမိတ္ဆက္လိုက္တာ ျဖစ္ပါတယ္။ ဒီေန႔မွာ OPPO အေနနဲ႔စမတ္ဖုန္းသစ္ေတြရဲ႕ ေစ်းႏႈန္းနဲ႔ ရရွိႏုိင့္အခ်ိန္ကိုပါ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ပထမဆုံး flash sale ေရာင္းခ်မႈကိုေတာ့ ဇူလိုင္၁၃ရက္ေန႔မွာ ျပဳလုပ္မွာျဖစ္ပါတယ္။

OPPO အေနနဲ႔ Find X စမတ္ဖုန္းကို 8 GB RAM နဲ႔အတူ အခ်က္အလက္သိုေလွာင္မႈ ၂မ်ိဳးနဲ႔ ထုတ္လုပ္ထားပါတယ္။ 128 GB (သုိ႔) 256 GB ျဖစ္ၿပီး ၂မ်ိဳးလုံးကို အေရာင္အေနနဲ႔ Bordeaux Red ၊ Glacier Blue edges ဆိုၿပီးရႏုိင္မွာပါ။ သိုေလွာင္မႈ အျမင့္ဖုန္းကိုေတာ့ Super Flash Edition လို႔သတ္မွတ္ထားၿပီးသူ႕မွာ Super VOOC စနစ္ပါေထာက္ပံ့ေပးလာမွာျဖစ္ပါတယ္။

အေရွ႕ဘက္မွာ 25-megapixel  (f/2.0)ကင္မရာကိုတပ္ဆင္ေပးထားၿပီး  3D facial scanning စနစ္နဲ႔ ေထာက္ပံ့ေပးထားပါတယ္။ အေနာက္ဘက္ျခမ္းမွာေတာ့ 16-megapixel + 20-megapixel ကို dual တပ္ဆင္ထားၿပီး Oppo ကုမၸဏီရဲ႕ေျပာၾကားခ်က္အရ ဖုန္းကို unlock ျပဳလုပ္ဖုိ႔ၾကာခ်ိန္ဟာ 0.5 သာရွိမယ္လို႔ ဆိုပါတယ္။  3,730mAh  ဘက္ထရီနဲ႔အတူ အားအျမန္သြင္းဖို႔အတြက္ OnePlus ရဲ႕ Dash Charge နဲ႔အလားသ႑ာန္တူတဲ့ VOOC အားသြင္းစနစ္ပါဝင္ပါတယ္။ dual-SIM ဖုန္းျဖစ္ၿပီး Android 8.1 Oreo ေမာင္းႏွင္မွာ ျဖစ္ပါတယ္။

သူ႕မွာလုပ္ေဆာင္ခ်က္ေတြအေနနဲ႔ Qualcomm ရဲ႕ Snapdragon 845 ပရိုဆက္ဆာကို တပ္ဆင္ထားၿပီး Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) ျဖစ္ပါတယ္။ Find X မွာအစဥ္အလာပုံစံအတုိင္း လက္ေဗြဖတ္စနစ္မပါဝင္သလို၊ Nex လိုမ်ိဳး under-screen လက္ေဗြဖတ္စနစ္ကို မသုံးထားပါဘူး။ အဲ့ဒီနည္းပညာေတြအစား ဖုန္းကို biometric အသိအမွတ္ျပဳမႈစနစ္နဲ႔ ဝင္ေရာက္ႏုိင္မယ့္3D facial scanner ကိုသုံးေပးထားပါတယ္။

ultra-premium edition လို႔သတ္မွတ္ႏုိင္တဲ့ Lamborghini နဲ႔ပူးေပါင္းထားတဲ့ Find X ဖုန္းမွာေတာ့ 512 GB storage နဲ႔ျဖစ္ၿပီး  3,400 mAh ဘက္ထရီကုိ 35 မိနစ္သာအားသြင္းစရာလိုမယ့္ Super VOOC ေထာက္ပံ့မႈနဲ႔အတူ O-Free Bluetooth earbuds ကို တစ္ပါတည္းထည့္သြင္းေပးထားမွာပါ။  ေစ်းႏႈန္းကေတာ့ 8GBRAM /128GB ROM ဗားရွင္းကို ယြမ္ 4,999($750)၊ 8GBRAM /256GB ROMကိုေတာ့ ယြမ္ 5,999($900) နဲ႔ Lamborghini Edition ကိုေတာ့ 9,999 ယြမ္($1,500) နဲ႔ျဖစ္ပါတယ္။

Unicode

Oppo အနေနဲ့  Find X စမတ်ဖုန်းကို ကုမ္ပဏီအခြေစိုက်ရာ တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။ Oppo Find X ကိုတရုတ်နိုင်ငံ ဘေဂျင်းမှာရှိတဲ့ industrial park မှာမီဒီယာတွေကို ဖိတ်ကြားပြီးမိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီနေ့မှာ OPPO အနေနဲ့စမတ်ဖုန်းသစ်တွေရဲ့ ဈေးနှုန်းနဲ့ ရရှိနိုင့်အချိန်ကိုပါ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

OPPO အနေနဲ့ Find X စမတ်ဖုန်းကို 8 GB RAM နဲ့အတူ အချက်အလက်သိုလှောင်မှု ၂မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ 128 GB (သို့) 256 GB ဖြစ်ပြီး ၂မျိုးလုံးကို အရောင်အနေနဲ့ Bordeaux Red ၊ Glacier Blue edges ဆိုပြီးရနိုင်မှာပါ။ သိုလှောင်မှု အမြင့်ဖုန်းကိုတော့ Super Flash Edition လို့သတ်မှတ်ထားပြီးသူ့မှာ Super VOOC စနစ်ပါထောက်ပံ့ပေးလာမှာဖြစ်ပါတယ်။

အရှေ့ဘက်မှာ 25-megapixel  (f/2.0)ကင်မရာကိုတပ်ဆင်ပေးထားပြီး  3D facial scanning စနစ်နဲ့ ထောက်ပံ့ပေးထားပါတယ်။ အနောက်ဘက်ခြမ်းမှာတော့ 16-megapixel + 20-megapixel ကို dual တပ်ဆင်ထားပြီး Oppo ကုမ္ပဏီရဲ့ပြောကြားချက်အရ ဖုန်းကို unlock ပြုလုပ်ဖို့ကြာချိန်ဟာ 0.5 သာရှိမယ်လို့ ဆိုပါတယ်။  3,730mAh  ဘက်ထရီနဲ့အတူ အားအမြန်သွင်းဖို့အတွက် OnePlus ရဲ့ Dash Charge နဲ့အလားသဏ္ဍာန်တူတဲ့ VOOC အားသွင်းစနစ်ပါဝင်ပါတယ်။ dual-SIM ဖုန်းဖြစ်ပြီး Android 8.1 Oreo မောင်းနှင်မှာ ဖြစ်ပါတယ်။

သူ့မှာလုပ်ဆောင်ချက်တွေအနေနဲ့ Qualcomm ရဲ့ Snapdragon 845 ပရိုဆက်ဆာကို တပ်ဆင်ထားပြီး Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver) ဖြစ်ပါတယ်။ Find X မှာအစဉ်အလာပုံစံအတိုင်း လက်ဗွေဖတ်စနစ်မပါဝင်သလို၊ Nex လိုမျိုး under-screen လက်ဗွေဖတ်စနစ်ကို မသုံးထားပါဘူး။ အဲ့ဒီနည်းပညာတွေအစား ဖုန်းကို biometric အသိအမှတ်ပြုမှုစနစ်နဲ့ ဝင်ရောက်နိုင်မယ့်3D facial scanner ကိုသုံးပေးထားပါတယ်။

ultra-premium edition လို့သတ်မှတ်နိုင်တဲ့ Lamborghini နဲ့ပူးပေါင်းထားတဲ့ Find X ဖုန်းမှာတော့ 512 GB storage နဲ့ဖြစ်ပြီး  3,400 mAh ဘက်ထရီကို 35 မိနစ်သာအားသွင်းစရာလိုမယ့် Super VOOC ထောက်ပံ့မှုနဲ့အတူ O-Free Bluetooth earbuds ကို တစ်ပါတည်းထည့်သွင်းပေးထားမှာပါ။  ဈေးနှုန်းကတော့ 8GBRAM /128GB ROM ဗားရှင်းကို ယွမ် 4,999($750)၊ 8GBRAM /256GB ROMကိုတော့ ယွမ် 5,999($900) နဲ့ Lamborghini Edition ကိုတော့ 9,999 ယွမ်($1,500) နဲ့ဖြစ်ပါတယ်။

Leave a Reply