MWC Shanghai 2018 မွာ ဘယ္လိုနည္းပညာသစ္ေတြ မိတ္ဆက္ခဲ့သလဲ

0
1328

တရုတ္ႏုိင္ငံမွာ ယခုရက္ပိုင္းအတြင္းက်င္းပေနတဲ့ MWC Shanghai 2018 မွာနည္းပညာကုမၸဏီအမ်ားစုဟာ သူတုိ႔ရဲ႕ေနာက္ဆုံး ေပၚနည္းပညာေတြကို ဝင္ေရာက္ျပသလ်က္ရွိပါတယ္။ ၃ရက္တာက်င္းပတဲ့ ဒီပြဲမွာေတာ့ Vivo ဟာ 3D Sensing နည္းပညာသစ္ကို မိတ္ဆက္ေပးခဲ့သလို Huawei ကလည္း 2019ခုႏွစ္မွာ 5G Chips ေတြထုတ္လုပ္သြားမယ္လို႔ ေၾကျငာခဲ့ပါတယ္ . .. ..

Face ID ထက္ ၁၀ ဆ ပိုမိုတိက်တဲ့ Vivo ရဲ႕ 3D Sensing နည္းပညာ

Vivo အေနနဲ႔ 3D Sensing နည္းပညာ အသစ္ကို ေၾကညာလိုက္ၿပီး Apple Face ID ထက္ ၁၀ ဆ ပိုမိုတိက်တယ္လို႔ ေျပာပါတယ္။   Vivo က သူ႔ရဲ႕ Time of Flight (TOF) စနစ္ဟာ မ်က္ႏွာကို သံုးဖက္ျမင္စနစ္ျဖင့္ အာရံုခံဖုိ႔အတြက္ ေဒတာ ပြိဳင့္ေပါင္း ၃၀၀ ၀၀၀ ကို အသံုးျပဳတယ္လို႔ ေျပာပါတယ္။ Apple Face ID ကေတာ့ ေဒတာ ပြိဳင့္ေပါင္း ၃၀ ၀၀၀ ကိုသာ ေကာက္ယူပါတယ္။ ToF နည္းပညာဟာ အရာဝတၳဳတစ္ခုကေန sensor ဆီကို အလင္းျပန္လာတဲ့ ၾကာခ်ိန္ကို တြက္ခ်က္ကာ မ်က္ႏွာျပင္ကို တိုင္းတာတာ ျဖစ္ျပီး သူ ့မွာပါတဲ့ sensor ေတြဟာ iPhone X မွာ ထက္ ပိုမိုရိုးရွင္းေသးငယ္သလို အလင္းဖဲြ ့စည္းပံုအေျချပဳတဲ့ 3D Scanner ေတြထက္ပိုျပီး လိုက္ေလ်ာညီေထြမႈ ရိွတယ္လို ့ဆိုပါတယ္။

“ ယခင္ႏွစ္က မိတ္ဆက္ခဲ့တဲ့ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ကေန မၾကာခင္က ျပသခဲ့တဲ့ ေဘာင္ေပ်ာက္ Vivo NEX ၊ ယခု TOF 3D Sensing နည္းပညာမ်ားအထိ Vivo ဟာ ထူးျခားဆန္းသစ္တဲ့ နည္းပညာမ်ားကို ဖန္တီးေနပါတယ္။ အနာဂတ္မွာ Consumer မ်ားကို AI က ကူညီႏုိင္ေအာင္လည္း ျပဳလုပ္ေပးမွာပါ။ “ လို႔ Vivo ရဲ႕ အႀကီးတန္း ဒုတိယ ဥကၠဌ Alex Feng က ေျပာပါတယ္။

TOF စနစ္က သူ႔အေရွ႕ သံုးမီတာ အကြာအတြင္းမွ အရာ၀တၳဳမ်ားကို တိက်စြာ ခြဲျခမ္းစိတ္ျဖာႏုိင္ၿပီး ဒီနည္းပညာဟာ 3D Photography , AR , မ်က္ႏွာ၊ Gesture နဲ႔ လႈပ္ရွားမႈကို အာရံုခံျခင္းမ်ားမွာ အလြန္တိုးတက္လာေစမယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Vivo က သူ႔ရဲ႕ TOF နည္းပညာဟာ Concept အဆင့္ မဟုတ္ေတာ့ေပမယ့္ စမတ္ဖုန္းမ်ားမွာ ထည့္သြင္း ေရာင္းခ်ဖို႔ အခ်ိန္ေတာ့ လိုပါေသးတယ္။

၂၀၁၉ ခုႏွစ္မွာ 5G Chips နဲ႔စမတ္ဖုန္းကို ေရာင္းခ်မယ့္ Huawei

တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Huawei ကလည္း ၂၀၁၉ ခုႏွစ္ မတ္လမွာ 5G Chips နဲ ဇြန္လမွာ 5G Phone မ်ားကို မိတ္ဆက္မယ္လို႔ ေျပာပါတယ္။ လက္ရွိမွာ 5G ဟာ ေစ်းကြက္ထဲကို မေရာက္ရွိေသးပါဘူး။ ကုမၸဏီမ်ားက သူတို႔ရဲ႕ 5G Device မ်ားကို ေရာင္းခ်မယ့္ အစီအစဥ္မ်ားကို ေၾကညာေနၾကပါတယ္။ Huawei က အျခား ကုမၸဏီမ်ားမွ စမတ္ဖုန္းမ်ားမွာလည္း သူ႔ရဲ႕ 5G Modems မ်ားကို ထည့္သြင္းထားၾကမယ္လို႔ေျပာပါတယ္။ Huawei အေနနဲ႔ သူ႔ရဲ႕ 5G Chip ရဲ႕ အမည္နဲ႔ သတင္းအခ်က္အလက္မ်ားကိုေတာ့ မေျပာၾကားေသးပါဘူး။

Huawei ရဲ႕ ပထမဆံုး 5G Phone ဟာ Mate 30 ျဖစ္လာႏုိင္ပါတယ္။ 5G ကြန္ရက္ေတြဟာ မိုဘိုင္း ဗီြဒီယို streaming စနစ္နဲ ့AR ၊ VR နဲ ့Mixed Reality လိုမ်ိဳး အနာဂါတ္နည္းပညာ ဝန္ေဆာင္မႈမ်ားကိုပါ အဆင့္ျမွင့္တင္ေပးႏိုင္မွာပါ။ Huawei ဟာ ကမၻာေပၚမွာ 5G base station ပိုင္ဆိုင္ထားတဲ့ ရွားရွားပါးပါး ကုမၸဏီ ၅ ခုထဲမွာ တစ္ခု ျဖစ္ျပီး တရုတ္မွာေတာ့ ZTE နဲ ့Datang Telecom ၊ ဆီြဒင္မွ Ericsson နဲ ့ဖင္လန္မွ Nokia တို ့ပဲ 5G စမတ္ဖုန္းထုတ္ဖို ့အနီးစပ္ဆံုး ျဖစ္ေနပါတယ္။ Huawei က 5G Chip မ်ားကို ကိုယ္တိုင္ ထုတ္လုပ္မွာ ေသခ်ာပါတယ္။

Unicode

တရုတ်နိုင်ငံမှာ ယခုရက်ပိုင်းအတွင်းကျင်းပနေတဲ့ MWC Shanghai 2018 မှာနည်းပညာကုမ္ပဏီအများစုဟာ သူတို့ရဲ့နောက်ဆုံး ပေါ်နည်းပညာတွေကို ဝင်ရောက်ပြသလျက်ရှိပါတယ်။ ၃ရက်တာကျင်းပတဲ့ ဒီပွဲမှာတော့ Vivo ဟာ 3D Sensing နည်းပညာသစ်ကို မိတ်ဆက်ပေးခဲ့သလို Huawei ကလည်း 2019ခုနှစ်မှာ 5G Chips တွေထုတ်လုပ်သွားမယ်လို့ ကြေငြာခဲ့ပါတယ် . .. ..

Face ID ထက် ၁၀ ဆ ပိုမိုတိကျတဲ့ Vivo ရဲ့ 3D Sensing နည်းပညာ

Vivo အနေနဲ့ 3D Sensing နည်းပညာ အသစ်ကို ကြေညာလိုက်ပြီး Apple Face ID ထက် ၁၀ ဆ ပိုမိုတိကျတယ်လို့ ပြောပါတယ်။   Vivo က သူ့ရဲ့ Time of Flight (TOF) စနစ်ဟာ မျက်နှာကို သုံးဖက်မြင်စနစ်ဖြင့် အာရုံခံဖို့အတွက် ဒေတာ ပွိုင့်ပေါင်း ၃၀၀ ၀၀၀ ကို အသုံးပြုတယ်လို့ ပြောပါတယ်။ Apple Face ID ကတော့ ဒေတာ ပွိုင့်ပေါင်း ၃၀ ၀၀၀ ကိုသာ ကောက်ယူပါတယ်။ ToF နည်းပညာဟာ အရာဝတ္ထုတစ်ခုကနေ sensor ဆီကို အလင်းပြန်လာတဲ့ ကြာချိန်ကို တွက်ချက်ကာ မျက်နှာပြင်ကို တိုင်းတာတာ ဖြစ်ပြီး သူ့မှာပါတဲ့ sensor တွေဟာ iPhone X မှာ ထက် ပိုမိုရိုးရှင်းသေးငယ်သလို အလင်းဖွဲ့စည်းပုံအခြေပြုတဲ့ 3D Scanner တွေထက်ပိုပြီး လိုက်လျောညီထွေမှု ရှိတယ်လို့ဆိုပါတယ်။

“ ယခင်နှစ်က မိတ်ဆက်ခဲ့တဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ကနေ မကြာခင်က ပြသခဲ့တဲ့ ဘောင်ပျောက် Vivo NEX ၊ ယခု TOF 3D Sensing နည်းပညာများအထိ Vivo ဟာ ထူးခြားဆန်းသစ်တဲ့ နည်းပညာများကို ဖန်တီးနေပါတယ်။ အနာဂတ်မှာ Consumer များကို AI က ကူညီနိုင်အောင်လည်း ပြုလုပ်ပေးမှာပါ။ “ လို့ Vivo ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ Alex Feng က ပြောပါတယ်။

TOF စနစ်က သူ့အရှေ့ သုံးမီတာ အကွာအတွင်းမှ အရာဝတ္ထုများကို တိကျစွာ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး ဒီနည်းပညာဟာ 3D Photography , AR , မျက်နှာ၊ Gesture နဲ့ လှုပ်ရှားမှုကို အာရုံခံခြင်းများမှာ အလွန်တိုးတက်လာစေမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Vivo က သူ့ရဲ့ TOF နည်းပညာဟာ Concept အဆင့် မဟုတ်တော့ပေမယ့် စမတ်ဖုန်းများမှာ ထည့်သွင်း ရောင်းချဖို့ အချိန်တော့ လိုပါသေးတယ်။

၂၀၁၉ ခုနှစ်မှာ 5G Chips နဲ့စမတ်ဖုန်းကို ရောင်းချမယ့် Huawei

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Huawei ကလည်း ၂၀၁၉ ခုနှစ် မတ်လမှာ 5G Chips နဲ ဇွန်လမှာ 5G Phone များကို မိတ်ဆက်မယ်လို့ ပြောပါတယ်။ လက်ရှိမှာ 5G ဟာ ဈေးကွက်ထဲကို မရောက်ရှိသေးပါဘူး။ ကုမ္ပဏီများက သူတို့ရဲ့ 5G Device များကို ရောင်းချမယ့် အစီအစဉ်များကို ကြေညာနေကြပါတယ်။ Huawei က အခြား ကုမ္ပဏီများမှ စမတ်ဖုန်းများမှာလည်း သူ့ရဲ့ 5G Modems များကို ထည့်သွင်းထားကြမယ်လို့ပြောပါတယ်။ Huawei အနေနဲ့ သူ့ရဲ့ 5G Chip ရဲ့ အမည်နဲ့ သတင်းအချက်အလက်များကိုတော့ မပြောကြားသေးပါဘူး။

Huawei ရဲ့ ပထမဆုံး 5G Phone ဟာ Mate 30 ဖြစ်လာနိုင်ပါတယ်။ 5G ကွန်ရက်တွေဟာ မိုဘိုင်း ဗွီဒီယို streaming စနစ်နဲ့AR ၊ VR နဲ့Mixed Reality လိုမျိုး အနာဂါတ်နည်းပညာ ဝန်ဆောင်မှုများကိုပါ အဆင့်မြှင့်တင်ပေးနိုင်မှာပါ။ Huawei ဟာ ကမ္ဘာပေါ်မှာ 5G base station ပိုင်ဆိုင်ထားတဲ့ ရှားရှားပါးပါး ကုမ္ပဏီ ၅ ခုထဲမှာ တစ်ခု ဖြစ်ပြီး တရုတ်မှာတော့ ZTE နဲ့Datang Telecom ၊ ဆွီဒင်မှ Ericsson နဲ့ဖင်လန်မှ Nokia တို့ပဲ 5G စမတ်ဖုန်းထုတ်ဖို့အနီးစပ်ဆုံး ဖြစ်နေပါတယ်။ Huawei က 5G Chip များကို ကိုယ်တိုင် ထုတ်လုပ်မှာ သေချာပါတယ်။

Leave a Reply