6.9 လက္မမ်က္ႏွာျပင္နဲ႔ ထြက္လာမယ့္ Huawei Honor Note 9

0
1341

တရုတ္စမတ္ဖုန္း ထုတ္လုပ္သူ Huawei အေနနဲ႔ Honor Note 9 စမတ္ဖုန္းကို 6.9လက္မ မ်က္ႏွာျပင္နဲ႔ ထြက္ရွိလာမယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယား မီဒီယာေတြမွာ ထြက္လာတဲ့သတင္းအရ  Huawei အေနနဲ႔ 6.9 inch AMOLED screen ေတြကို Samsung ဆီကေန မွာယူေနတယ္လို႔ သိရပါတယ္။ ဒီမွာယူမႈဟာ Huawei Mate 20 အတြက္မျဖစ္ႏုိင္ဘဲ၊ ေနာက္ပိုင္းမွာထြက္လာမယ့္ ‘Honor’ ဖုန္းသစ္ျဖစ္တဲ့ Honor Note 9  အတြက္ျဖစ္ႏုိင္တယ္လို႔ ဆိုပါတယ္။

Huawei Honor CEO ျဖစ္တဲ့ Zhao Ming ရဲ႕ေျပာၾကားခ်က္အရ မ်က္ႏွာျပင္ ပိုမိုႀကီးမားတဲ့ Honor စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္လို႔ျပင္ဆင္လ်က္ရွိေနၿပီး၊ ေဖ်ာ္ေျဖေရးအတြက္ရည္ရြယ္မွာေၾကာင့္ အဲ့ဒီဖုန္းမွာ 6.9 inch သံုးလာမယ္လို႔ ဆိုပါတယ္။ Samsung ရဲ႕ AMOLED screen ေတြရဲ႕ေစ်းႏႈန္းဟာ ႀကီးျမင့္တာေၾကာင့္ အသစ္ထြက္လာမယ့္ Honor ဖုန္းဟာ high-end အမ်ိဳးအစားျဖစ္ၿပီး ေစ်းႏႈန္းႀကီးျမင့္ႏိုင္ပါတယ္။ သူ႕မွာ Kirin 970 ပရိုဆက္ဆာသုံးလာႏုိင္ၿပီး GPU Turbo နည္းပညာကို ေထာက္ပံ့ေပးပါလိမ့္မယ္။ Honor Note 9 ဟာ Huawei ရဲ႕ေနာက္ထပ္ ဂိမ္းဖုန္းတစ္လုံးျဖစ္လာမွာပါ။

လက္ရွိအခ်ိန္မွာေတာ့ Huawei အေနနဲ႔  Mate 20 နဲ႔ Mate 20 Pro စမတ္ဖုန္းေတြကို ထုတ္လုပ္ႏုိင္ဖို႔ ျပင္ဆင္ေနပါၿပီ။ သိပ္မၾကာခင္အခ်ိန္တုန္းကလည္း mate 20 Antutu စမ္းသပ္ခ်က္ အမွတ္ေတြထြက္ရွိလာခဲ့ပါတယ္။ ေပါက္ၾကားထြက္လာတဲ့ အမွတ္မွာ  356,918 points အထိရရွိထားတာကိုေတြ႕ရပါတယ္။ Huawei အေနနဲ႔  P20 Pro နဲ႔Mate 20 ၂မ်ိဳးလုံးမွာ ေနာက္ေက်ာဘက္ ကင္မရာ၃လုံးတပ္ဆင္ထားပါလိမ့္မယ္။

unicode

တရုတ်စမတ်ဖုန်း ထုတ်လုပ်သူ Huawei အနေနဲ့ Honor Note 9 စမတ်ဖုန်းကို 6.9လက်မ မျက်နှာပြင်နဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။ တောင်ကိုရီးယား မီဒီယာတွေမှာ ထွက်လာတဲ့သတင်းအရ  Huawei အနေနဲ့ 6.9 inch AMOLED screen တွေကို Samsung ဆီကနေ မှာယူနေတယ်လို့ သိရပါတယ်။ ဒီမှာယူမှုဟာ Huawei Mate 20 အတွက်မဖြစ်နိုင်ဘဲ၊ နောက်ပိုင်းမှာထွက်လာမယ့် ‘Honor’ ဖုန်းသစ်ဖြစ်တဲ့ Honor Note 9  အတွက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Huawei Honor CEO ဖြစ်တဲ့ Zhao Ming ရဲ့ပြောကြားချက်အရ မျက်နှာပြင် ပိုမိုကြီးမားတဲ့ Honor စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လို့ပြင်ဆင်လျက်ရှိနေပြီး၊ ဖျော်ဖြေရေးအတွက်ရည်ရွယ်မှာကြောင့် အဲ့ဒီဖုန်းမှာ 6.9 inch သုံးလာမယ်လို့ ဆိုပါတယ်။ Samsung ရဲ့ AMOLED screen တွေရဲ့ဈေးနှုန်းဟာ ကြီးမြင့်တာကြောင့် အသစ်ထွက်လာမယ့် Honor ဖုန်းဟာ high-end အမျိုးအစားဖြစ်ပြီး ဈေးနှုန်းကြီးမြင့်နိုင်ပါတယ်။ သူ့မှာ Kirin 970 ပရိုဆက်ဆာသုံးလာနိုင်ပြီး GPU Turbo နည်းပညာကို ထောက်ပံ့ပေးပါလိမ့်မယ်။ Honor Note 9 ဟာ Huawei ရဲ့နောက်ထပ် ဂိမ်းဖုန်းတစ်လုံးဖြစ်လာမှာပါ။

လက်ရှိအချိန်မှာတော့ Huawei အနေနဲ့  Mate 20 နဲ့ Mate 20 Pro စမတ်ဖုန်းတွေကို ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေပါပြီ။ သိပ်မကြာခင်အချိန်တုန်းကလည်း mate 20 Antutu စမ်းသပ်ချက် အမှတ်တွေထွက်ရှိလာခဲ့ပါတယ်။ ပေါက်ကြားထွက်လာတဲ့ အမှတ်မှာ  356,918 points အထိရရှိထားတာကိုတွေ့ရပါတယ်။ Huawei အနေနဲ့  P20 Pro နဲ့Mate 20 ၂မျိုးလုံးမှာ နောက်ကျောဘက် ကင်မရာ၃လုံးတပ်ဆင်ထားပါလိမ့်မယ်။

Leave a Reply