2018 iPhone တွေမှာ Embedded Apple SIM နဲ့ ရိုးရိုး SIM Card Tray ၂ခုလုံးထည့်သွင်းနိုင်

0
1560

Zawgyi Version








Unicode Version

iPhone အသစ်တွေအတွက် ကောလာဟလဖြစ်နေတာကတော့ dual-SIM, dual-standby ဖြစ်မယ်လို့ ပြောနေပါတယ်။ ဒါကတော့ LoveiOS က သုံးသပ်ထားတာဖြစ်ပါတယ်။
ဆိုလိုတာကတော့ embedded Apple SIM တွေကို iPhone ထဲမှာ ထည့်သွင်းပေးမှာဖြစ်ပြီးတော့ သာမန် embedded Apple SIM ထည့်နိုင်မယ့် tray လည်းပါရှိမှာပါ။ တရုတ်နိုင်ငံမှာတော့ Apple SIM မရနိုင်တဲ့အတွက်ကြောင့် physical SIM card tray နှစ်ခုကိုသာ ထည့်သွင်းပေးမယ်လို့ သိရပါတယ်။
Apple SIM ကို ၂၀၁၄ခုနှစ်မှာ မိတ်ဆက်ခဲ့တာဖြစ်ပြိးတော့ cellular iPad သမားတွေကို carrier နဲ့ short-term data plan တွေ ပြောင်းသုံးရတာအဆင်ပြေအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ နိုင်ငံရပ်ခြားကို ခရီးမကြာခဏသွားနေရသူတွေအတွက် အဆင်ပြေစေပါတယ်။ နိုင်ငံပေါင်း ၁၈၀အတွက် အဆင်ပြေအောင် ထုတ်လုပ်ပေးထားပါတယ်။
စစချင်းမှာတော့ Apple SIM ကို physical card အနေနဲ့သာရနိုင်တာမို့ tray ထဲကို ထည့်သွင်းရပါတယ။် အခုဆိုရင် နောက်ဆုံးထွက်ရှိထားတဲ့ iPad Pro တွေမှာ အတွင်းပိုင်းထဲကိုထည့်သွင်းပေးထားလိုက်ပါပြီ။ physical Apple SI တွေကို ရောင်းချနေတုန်းပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ တန်ဖိုးနည်း ၉.၇လက်မနဲ့ အခြားမော်ဒယ်လ်တွေအတွက် အသုံးပြုနိုင်မှာပါ။
2018 iPhone တွေမှာ အသုံးပြုမလားဆိုတာကတော့ မရှင်းလင်းသေးပါဘူး။ ၆.၁လက်မ ဘတ်ဂျက်ဖုန်း၊ ၆.၅လက်မ iPhone X Plus အပြင် ၅.၈လက်မ iPhone X 2nd gen တွေမှာ dual-SIM, dual-standby ရနိုင်မယ်လို့ Ming-Chi Kuo က ဆိုထားပါတယ်။
၆.၁လက်မ နှစ်လုံးထုတ်နိုင်တယ်လို့လည်း ပြောထားပါသေးတယ်။ ဒီတော့ တစ်လုံးက embedded Apple SIM ဖြစ်ပြီးတော့ နောက်တစ်လုံးက dual SIM card tray ဖြစ်လာနိုင်ပါတယ်။
ဒီတော့ ခရီးသွားတွေအတွက် ပိုမိုအဆင်ပြေလာစေတော့မှာပါ။

Leave a Reply