Samsung ဖုန္းေတြထဲမွာ အႀကီးမားဆုံးမ်က္ႏွာျပင္နဲ႔လာမယ့္ Galaxy S10 +

0
1674

ယခုရက္ပိုင္းအတြင္း ေတာင္ကိုရီးယာ စမတ္ဖုန္းထုတ္လုပ္သူ  Samsung အေနနဲ႔ Galaxy S10 စမတ္ဖုန္းကို မတူညီတဲ့အမ်ိဳးအစား ၃မ်ိဳးနဲ႔ မိတ္ဆက္လာမယ္ဆုိတဲ့ သတင္းထြက္လာခဲ့ပါတယ္။ ဒီေန႔ထြက္လာတဲ့ သတင္းမွာေတာ့ Samsung ဟာ Galaxy S10 + ကိုထြက္ရွိထားသမွ် ဖုန္းေတြထဲမွာ မ်က္ႏွာျပင္အႀကီးမားဆံုးျဖစ္တဲ့ 6.44-inch screen နဲ႔ထုတ္လုပ္လာမွာ ျဖစ္တယ္လို႔ သိရပါတယ္။

Galaxy S10 နဲ႔ Galaxy S10 + ဖုန္းေတြအတြက္ code name ကိုေတာ့ Beyond လို႔သတ္မွတ္ထားပါတယ္။ Galaxy S9 တုန္းကေတာ့ code name ကို  Star လို႔ေခၚဆိုခဲ့ၿပီး၊ Galaxy S8 မွာတုန္းက  Dream လို႔အမည္ေပးခဲ့ပါတယ္။ Beyond 0 ဗားရွင္းဟာ 5.8-inch display မွာ ကင္မရာ၁လုံးတပ္ဆင္ထားမွာျဖစ္ၿပီး၊ Beyond 1 ဗားရွင္းကိုေတာ့ 5.8-inch display နဲ႔ dual camera တပ္ဆင္ထားမွာပါ။ Beyond 2 ကိုေတာ့ 6.2-inch display နဲ႔အတူ ေနာက္ေက်ာဘက္မွာ ကင္မရာ၃လုံးတပ္ဆင္ထားမယ္လို႔ သတင္းေတြေပါက္ၾကားထားပါတယ္။

Samsung Galaxy S10 ဖုန္းေတြဟာ Samsung စမတ္ဖုန္းေတြမွာ under-screen fingerprint လုပ္ေဆာင္ခ်က္ကို ပထမဆုံးသုံးလာမယ့္ ဖုန္းေတြျဖစ္ၿပီး သူ႕မွာ face recognition အတြက္ 3D camera လုပ္ေဆာင္ခ်က္ေပါင္း ထည့္ေပးႏိုင္ပါတယ္။ Samsung S10 အေနနဲ႔ 4K AMOLED ကိုအသုံးျပဳလာႏုိင္ၿပီး Qualcomm ရဲ႕ Snapdragon 855 မွာ 6GB RAM နဲ႔ 128GBအခ်က္အလက္သိုေလွာင္ႏုိင္စြမ္းကို သုံးစြဲလာပါလိမ့္မယ္။ Samsung အေနနဲ႔ Galaxy S10+ ဖုန္းကို  Xiaomi MI8 explorer ဗားရွင္းလိုမ်ိဳး  3D structured light နဲ႔ထုတ္လာမယ္ဆိုတဲ့ သတင္းလဲထြက္ထားပါေသးတယ္။ Galaxy Sစီးရီးရဲ႕ ဆယ္ႏွစ္ျပည့္အထိမ္းအမွတ္ အျဖစ္ထြက္လာမယ့္ စမတ္ဖုန္းကို အေကာင္းဆုံးလုပ္ေဆာင္ခ်က္ေတြနဲ႔ ပဲြထုတ္လာဖို႔ ျပင္ဆင္လ်က္ရွိေနပါတယ္။

unicode

ယခုရက်ပိုင်းအတွင်း တောင်ကိုရီးယာ စမတ်ဖုန်းထုတ်လုပ်သူ  Samsung အနေနဲ့ Galaxy S10 စမတ်ဖုန်းကို မတူညီတဲ့အမျိုးအစား ၃မျိုးနဲ့ မိတ်ဆက်လာမယ်ဆိုတဲ့ သတင်းထွက်လာခဲ့ပါတယ်။ ဒီနေ့ထွက်လာတဲ့ သတင်းမှာတော့ Samsung ဟာ Galaxy S10 + ကိုထွက်ရှိထားသမျှ ဖုန်းတွေထဲမှာ မျက်နှာပြင်အကြီးမားဆုံးဖြစ်တဲ့ 6.44-inch screen နဲ့ထုတ်လုပ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Galaxy S10 နဲ့ Galaxy S10 + ဖုန်းတွေအတွက် code name ကိုတော့ Beyond လို့သတ်မှတ်ထားပါတယ်။ Galaxy S9 တုန်းကတော့ code name ကို  Star လို့ခေါ်ဆိုခဲ့ပြီး၊ Galaxy S8 မှာတုန်းက  Dream လို့အမည်ပေးခဲ့ပါတယ်။ Beyond 0 ဗားရှင်းဟာ 5.8-inch display မှာ ကင်မရာ၁လုံးတပ်ဆင်ထားမှာဖြစ်ပြီး၊ Beyond 1 ဗားရှင်းကိုတော့ 5.8-inch display နဲ့ dual camera တပ်ဆင်ထားမှာပါ။ Beyond 2 ကိုတော့ 6.2-inch display နဲ့အတူ နောက်ကျောဘက်မှာ ကင်မရာ၃လုံးတပ်ဆင်ထားမယ်လို့ သတင်းတွေပေါက်ကြားထားပါတယ်။

Samsung Galaxy S10 ဖုန်းတွေဟာ Samsung စမတ်ဖုန်းတွေမှာ under-screen fingerprint လုပ်ဆောင်ချက်ကို ပထမဆုံးသုံးလာမယ့် ဖုန်းတွေဖြစ်ပြီး သူ့မှာ face recognition အတွက် 3D camera လုပ်ဆောင်ချက်ပေါင်း ထည့်ပေးနိုင်ပါတယ်။ Samsung S10 အနေနဲ့ 4K AMOLED ကိုအသုံးပြုလာနိုင်ပြီး Qualcomm ရဲ့ Snapdragon 855 မှာ 6GB RAM နဲ့ 128GBအချက်အလက်သိုလှောင်နိုင်စွမ်းကို သုံးစွဲလာပါလိမ့်မယ်။ Samsung အနေနဲ့ Galaxy S10+ ဖုန်းကို  Xiaomi MI8 explorer ဗားရှင်းလိုမျိုး  3D structured light နဲ့ထုတ်လာမယ်ဆိုတဲ့ သတင်းလဲထွက်ထားပါသေးတယ်။ Galaxy Sစီးရီးရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ်ထွက်လာမယ့် စမတ်ဖုန်းကို အကောင်းဆုံးလုပ်ဆောင်ချက်တွေနဲ့ ပွဲထုတ်လာဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

Leave a Reply