SD Card မ်ားမွာ 128TB အထိ သိမ္းႏိုင္ေတာ့မည္

0
1599

လက္ရွိမွာေတာ့ ၂၀၀၉ ခုႏွစ္က သတ္မွတ္ခဲ့တဲ့ စံႏႈန္းအရ SD Card မ်ားမွာ အမ်ားဆံုး ပါ၀င္တာက 2TB ျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္မွာ SanDisk က ကမာၻမွာ အရြယ္အစား အႀကီးဆံုး 1 Terabyte SD Card ကို ျပသခဲ့ေပမယ့္ သူ႔ကို အခုထက္ထိ မေရာင္းခ်ေသးပါဘူး။ အဲဒီေလာက္ သိမ္းဆည္းႏုိင္မယ့္ ကဒ္မ်ားဟာ 4K Video နဲ႔ VR Content မ်ားအတြက္ အဆင္ေျပလာမွာ ျဖစ္ပါတယ္။

အခုေတာ့ အဲဒီထက္ ပိုမို သိမ္းဆည္းႏုိင္မယ့္ ကဒ္မ်ား ထြက္ေပၚလာေတာ့မွာ ျဖစ္ပါတယ္။ SD Association က 128 Terabytes အထိ ၀င္ဆန္႔တဲ့ SD Card မ်ားအတြက္ စံႏႈန္းအသစ္တစ္ခုကို သတ္မွတ္ျပဌာန္းေပးလိုက္ပါတယ္။ ဒါ့အျပင္ အဲဒီ ကဒ္မ်ားဟာ တစ္စကၠန္႔လွ်င္ 985 Megabytes အထိ ေဒတာ ကူးေျပာင္းမႈ အျမန္ႏႈန္းရွိမွာ ျဖစ္ပါတယ္။

အဲဒီ ကဒ္မ်ားမွာ SD Ultra Capacity (SDUC) လို႔ ေခၚတဲ့ ေဒတာ သိမ္းဆည္းမႈ စံႏႈန္းအသစ္ကို အသံုးျပဳေတာ့မွာ ျဖစ္ပါတယ္။ SD Express လို႔ေခၚတဲ့ လွ်င္ျမန္တဲ့ ေဒတာ ကူးေျပာင္းမႈ စံႏႈန္းအသစ္ဟာလည္း ကဒ္အားလံုးမွာ ပါ၀င္လာေတာ့မွာ ျဖစ္ပါတယ္။

အဲဒီလို ေဒတာမ်ားစြာ သိမ္းဆည္းႏိုင္တဲ့ ကဒ္မ်ားဟာ ေစ်းႏႈန္းလည္း ႀကီးျမင့္ပါတယ္။ SanDisk ရဲ႕ 512GB SD Card ဟာ အေစာပိုင္းမွာ ၈၀၀ ေဒၚလာ တန္ေၾကးရွိၿပီး အခုေတာ့ ၃၀၀ ေဒၚလာအထိ ေစ်းေလွ်ာ့ေရာင္းေပးထားပါတယ္။ ဒါ့အျပင္ လက္ရွိမွာ ေစ်းကြက္ထဲမွာ 2TB Card မ်ားေတာင္ မ်ားစြာ မထြက္ရွိေသးပါဘူး။ 128TB SD Card မ်ားဟာလည္း ထြက္ေပၚဖုိ႔ အခ်ိန္ယူရဦးမွာပါ။

unicode

SD Card များမှာ 128TB အထိ သိမ်းနိုင်တော့မည်

လက်ရှိမှာတော့ ၂၀၀၉ ခုနှစ်က သတ်မှတ်ခဲ့တဲ့ စံနှုန်းအရ SD Card များမှာ အများဆုံး ပါဝင်တာက 2TB ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ SanDisk က ကမ္ဘာမှာ အရွယ်အစား အကြီးဆုံး 1 Terabyte SD Card ကို ပြသခဲ့ပေမယ့် သူ့ကို အခုထက်ထိ မရောင်းချသေးပါဘူး။ အဲဒီလောက် သိမ်းဆည်းနိုင်မယ့် ကဒ်များဟာ 4K Video နဲ့ VR Content များအတွက် အဆင်ပြေလာမှာ ဖြစ်ပါတယ်။

အခုတော့ အဲဒီထက် ပိုမို သိမ်းဆည်းနိုင်မယ့် ကဒ်များ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ SD Association က 128 Terabytes အထိ ဝင်ဆန့်တဲ့ SD Card များအတွက် စံနှုန်းအသစ်တစ်ခုကို သတ်မှတ်ပြဌာန်းပေးလိုက်ပါတယ်။ ဒါ့အပြင် အဲဒီ ကဒ်များဟာ တစ်စက္ကန့်လျှင် 985 Megabytes အထိ ဒေတာ ကူးပြောင်းမှု အမြန်နှုန်းရှိမှာ ဖြစ်ပါတယ်။

အဲဒီ ကဒ်များမှာ SD Ultra Capacity (SDUC) လို့ ခေါ်တဲ့ ဒေတာ သိမ်းဆည်းမှု စံနှုန်းအသစ်ကို အသုံးပြုတော့မှာ ဖြစ်ပါတယ်။ SD Express လို့ခေါ်တဲ့ လျှင်မြန်တဲ့ ဒေတာ ကူးပြောင်းမှု စံနှုန်းအသစ်ဟာလည်း ကဒ်အားလုံးမှာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

အဲဒီလို ဒေတာများစွာ သိမ်းဆည်းနိုင်တဲ့ ကဒ်များဟာ ဈေးနှုန်းလည်း ကြီးမြင့်ပါတယ်။ SanDisk ရဲ့ 512GB SD Card ဟာ အစောပိုင်းမှာ ၈၀၀ ဒေါ်လာ တန်ကြေးရှိပြီး အခုတော့ ၃၀၀ ဒေါ်လာအထိ ဈေးလျှော့ရောင်းပေးထားပါတယ်။ ဒါ့အပြင် လက်ရှိမှာ ဈေးကွက်ထဲမှာ 2TB Card များတောင် များစွာ မထွက်ရှိသေးပါဘူး။ 128TB SD Card များဟာလည်း ထွက်ပေါ်ဖို့ အချိန်ယူရဦးမှာပါ။

Leave a Reply