Oppo Find X display က Samsung ရဲ႕ Galaxy S9 display ကို သံုးထားလို႔ ေကာင္းေနတာမ်ားလား

0
1457

Zawgyi version

Samsung က Oppo Find X မွာအသံုးျပဳတဲ့ Y-OCTA display ကိုေထာက္ပံ့ေပးထားတယ္လို႔ေျပာပါတယ္။  အဲ့တာက တစ္ကယ္ဆိုရင္ေတာ့ Samsung product မဟုတ္ဘဲနဲ႔ စမတ္ဖုန္းေတြမွာ Y-OCTA display သံုးတာဟာ ပထမဦးဆံုးလို႔ေျပာလို႔ရပါတယ္။

Samsung က Galaxy Note 7 မွာ Y-OCTA display ကိုပထမဦးဆံုး အသံုးျပဳထားတာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ပိုင္း Galaxy S8, Galaxy S9, နဲ႔ Galaxy S9 Plus ေတြမွာ အသံုးျပဳလာပါတယ္။ ဒါေပမဲ့ Galaxy S8 Plus နဲ႔ Galaxy Note 8 ေတြမွာ အသံုးျပဳမထားပါဘူး။

Y-OCTA display က display ရဲ႕ touch layer နဲ႔ encapsulation layer ကိုေပါင္းစပ္ထားတာပဲ ျဖစ္ပါတယ္။ သီးသန္႔စီမဟုတ္ေတာ့ပါဘူး။ အဲ့အတြက္ဘာေတြေကာင္းသြားလဲဆိုေတာ့ ပိုျပီး ေပါ့ပါးသြားတယ္။ ပိုျပီး ပါးလႊာျပီးေတာ့ ေစ်းလဲပိုခ်ိဳပါတယ္။ အရင္ display ေတြနဲ႔ မတူေတာ့ပါဘူး။

Samsung  ကသူ႔ရဲ႕ device ေတြကို သူ႔ရဲ႕ display ေတြပဲ အသံုးျပဳသြားမွာျဖစ္ပါတယ္။ Samsung Display ေတြကိုေစ်းကြက္မွာ ခ်ဲ႕ထြင္သင့္ပါတယ္။

Oppo Find X က 6.42-inch Y-OCTA display နဲ႔ေပၚထြက္လာပါတယ္။ သူက Samsung flagship ေတြနဲ႔ 93.8 % ေလာက္ထိတူျပီး  ေဘးေဘာင္ေတြအခံုးနဲ႔ ထြက္ရွိလာပါတယ္။ Oppo က ေရွ႕ကင္မရာကိုု အလယ္က slide ေလးနဲ႕ျမွဳပ္ထားပါတယ္။

Samsung က ေနာက္နွစ္မွာထြက္ရွိမဲ့ သူ႔ရဲ႕ Galaxy S10 Plus နဲ႔ ခု Oppo Find X နဲ႔ display size တူတူပဲလို႔လဲေျပာထားပါေသးတယ္။ အဲ့ဒါေတာ့ ေသခ်ာမသိေသးပါဘူး။ Samsung ကေနာက္ထြက္မဲ့ device ေတြမွာ ဘယ္လိုနည္းပညာေတြသံုးဦးမလဲဆိုတာေတာ့ စိတ္၀င္စားစရာပါပဲ။

 

Unicode version

Samsung က Oppo Find X မှာအသုံးပြုတဲ့ Y-OCTA display ကိုထောက်ပံ့ပေးထားတယ်လို့ပြောပါတယ်။ အဲ့တာက တစ်ကယ်ဆိုရင်တော့ Samsung product မဟုတ်ဘဲနဲ့ စမတ်ဖုန်းတွေမှာ Y-OCTA display သုံးတာဟာ ပထမဦးဆုံးလို့ပြောလို့ရပါတယ်။
Samsung က Galaxy Note 7 မှာ Y-OCTA display ကိုပထမဦးဆုံး အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း Galaxy S8, Galaxy S9, နဲ့ Galaxy S9 Plus တွေမှာ အသုံးပြုလာပါတယ်။ ဒါပေမဲ့ Galaxy S8 Plus နဲ့ Galaxy Note 8 တွေမှာ အသုံးပြုမထားပါဘူး။
Y-OCTA display က display ရဲ့ touch layer နဲ့ encapsulation layer ကိုပေါင်းစပ်ထားတာပဲ ဖြစ်ပါတယ်။ သီးသန့်စီမဟုတ်တော့ပါဘူး။ အဲ့အတွက်ဘာတွေကောင်းသွားလဲဆိုတော့ ပိုပြီး ပေါ့ပါးသွားတယ်။ ပိုပြီး ပါးလွှာပြီးတော့ ဈေးလဲပိုချိုပါတယ်။ အရင် display တွေနဲ့ မတူတော့ပါဘူး။
Samsung ကသူ့ရဲ့ device တွေကို သူ့ရဲ့ display တွေပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။ Samsung Display တွေကိုဈေးကွက်မှာ ချဲ့ထွင်သင့်ပါတယ်။
Oppo Find X က 6.42-inch Y-OCTA display နဲ့ပေါ်ထွက်လာပါတယ်။ သူက Samsung flagship တွေနဲ့ 93.8 % လောက်ထိတူပြီး ဘေးဘောင်တွေအခုံးနဲ့ ထွက်ရှိလာပါတယ်။ Oppo က ရှေ့ကင်မရာကို အလယ်က slide လေးနဲ့မြှုပ်ထားပါတယ်။
Samsung က နောက်နှစ်မှာထွက်ရှိမဲ့ သူ့ရဲ့ Galaxy S10 Plus နဲ့ ခု Oppo Find X နဲ့ display size တူတူပဲလို့လဲပြောထားပါသေးတယ်။ အဲ့ဒါတော့ သေချာမသိသေးပါဘူး။ Samsung ကနောက်ထွက်မဲ့ device တွေမှာ ဘယ်လိုနည်းပညာတွေသုံးဦးမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Leave a Reply