under display fingerprint ပါဝင္လာႏုိင္တဲ့ Nokia 9

0
1267

HMD အေနနဲ႔ စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္းတစ္လုံးကိုျပဳလုပ္ေနၿပီး အဲ့ဒီစမတ္ဖုန္းဟာ Nokia 9 ျဖစ္တယ္ဆိုတဲ့ သတင္းေတြထြက္ေနပါတယ္။ ဒီေန႔မွာေတာ့ Nokia 9 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြ အြန္လိုင္းမွာေပါက္ၾကားလာပါတယ္။ အဲ့ဒီစမတ္ဖုန္းသစ္မွာ ေနာက္ဆုံးေပၚစမတ္ဖုန္းေတြမွာ ထည့္သြင္းထားတဲ့လုပ္ေဆာင္ခ်က္ေတြ ပါဝင္လာမွာျဖစ္ၿပီး vivo X21 UD ရဲ႕တူညီတဲ့ under display fingerprint scanner ေထာက္ပံ့ေပးမယ္လု႔ိ သိရပါတယ္။

HMD အေနနဲ႔ “Nokia 9” ကိုအျခားနာမည္အေနနဲ႔ “A1 Plus” (သို႔) “A1P”  လို႔ code name သတ္မွတ္ထားပါတယ္။ ယခုႏွစ္ေဖေဖာ္ဝါရီလ ေလာက္က HMD အင္ဂ်င္နီယာေတြအေနနဲ႔ under display fingerprint scanner နည္းပညာကို ပိုမိုးတိုးတက္ေအာင္ လုပ္ေနတဲ့ဆိုတဲ့ သတင္းေတြထြက္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီဖုန္းသာထြက္လာမယ္ဆိုရင္HMD ရဲ႕စမ္းသပ္ထားတဲ့ နည္းပညာကိုထည့္သုံးလာႏုိင္ပါတယ္။ ဒါ့အျပင္ HMD ရဲ႕အသစ္ထြက္မယ့္ စမတ္ဖုန္းမွာ LG ရဲ႕ P-OLED display နည္းပညာကို သုံးလာမွာပါ။

အျခားအခ်က္အလက္ေတြအေနနဲ႔ A1 Plus မွာပရိုဆက္ဆာပိုင္း အေနနဲ႔ Snapdragon 845 Octa core ကိုအသုံးျပဳထားမွာျဖစ္ၿပီး Android Oreo စမတ္ဖုန္းအေနနဲ႔ ထြက္ရွိလာႏုိင္ပါတယ္။ အခုအခ်ိန္္မွာေတာ့ ဖုန္းနဲ႔႔ပတ္သတ္တဲ့ ေနာက္ေက်ာဘက္ ပုံကိုသာေတြ႕ျမင္ခဲ့ရၿပီး Dual ကင္မရာတပ္ဆင္ထားမယ္ဆိုတာ ေလာက္သာသိရပါေသးတယ္။ HMD အေနနဲ႔ Nokia 9 ကိုထုတ္လုပ္ဖို႔ျပင္ဆင္ေနတာ ယခုႏွစ္ေဖေဖာ္ဝါရီလထဲက ျဖစ္တာေၾကာင့္ ၾသဂုတ္(သို႔)စက္တင္ဘာလေလာက္မွာ မိတ္ဆက္လာႏုိင္ပါတယ္။

unicode

HMD အနေနဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံးကိုပြုလုပ်နေပြီး အဲ့ဒီစမတ်ဖုန်းဟာ Nokia 9 ဖြစ်တယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ ဒီနေ့မှာတော့ Nokia 9 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ အွန်လိုင်းမှာပေါက်ကြားလာပါတယ်။ အဲ့ဒီစမတ်ဖုန်းသစ်မှာ နောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ ထည့်သွင်းထားတဲ့လုပ်ဆောင်ချက်တွေ ပါဝင်လာမှာဖြစ်ပြီး vivo X21 UD ရဲ့တူညီတဲ့ under display fingerprint scanner ထောက်ပံ့ပေးမယ်လု့ိ သိရပါတယ်။

HMD အနေနဲ့ “Nokia 9” ကိုအခြားနာမည်အနေနဲ့ “A1 Plus” (သို့) “A1P”  လို့ code name သတ်မှတ်ထားပါတယ်။ ယခုနှစ်ဖေဖော်ဝါရီလ လောက်က HMD အင်ဂျင်နီယာတွေအနေနဲ့ under display fingerprint scanner နည်းပညာကို ပိုမိုးတိုးတက်အောင် လုပ်နေတဲ့ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါကြောင့် ဒီဖုန်းသာထွက်လာမယ်ဆိုရင်HMD ရဲ့စမ်းသပ်ထားတဲ့ နည်းပညာကိုထည့်သုံးလာနိုင်ပါတယ်။ ဒါ့အပြင် HMD ရဲ့အသစ်ထွက်မယ့် စမတ်ဖုန်းမှာ LG ရဲ့ P-OLED display နည်းပညာကို သုံးလာမှာပါ။

အခြားအချက်အလက်တွေအနေနဲ့ A1 Plus မှာပရိုဆက်ဆာပိုင်း အနေနဲ့ Snapdragon 845 Octa core ကိုအသုံးပြုထားမှာဖြစ်ပြီး Android Oreo စမတ်ဖုန်းအနေနဲ့ ထွက်ရှိလာနိုင်ပါတယ်။ အခုအချိန်မှာတော့ ဖုန်းနဲ့ပတ်သတ်တဲ့ နောက်ကျောဘက် ပုံကိုသာတွေ့မြင်ခဲ့ရပြီး Dual ကင်မရာတပ်ဆင်ထားမယ်ဆိုတာ လောက်သာသိရပါသေးတယ်။ HMD အနေနဲ့ Nokia 9 ကိုထုတ်လုပ်ဖို့ပြင်ဆင်နေတာ ယခုနှစ်ဖေဖော်ဝါရီလထဲက ဖြစ်တာကြောင့် သြဂုတ်(သို့)စက်တင်ဘာလလောက်မှာ မိတ်ဆက်လာနိုင်ပါတယ်။

Leave a Reply