ထိပ္ဘက္မွာ Notch တပ္ဆင္ထားတဲ့ Google Pixel 3 နဲ႔ 3 XL ဒီဇုိင္းပံုမ်ားထြက္လာ

0
1395

Google အေနနဲ႔ ယခုႏွစ္အတြင္းမွာ ကုမၸဏီရဲ႕ စမတ္ဖုန္းသစ္ေတြျဖစ္တဲ့ Google Pixel 3 နဲ႔ Pixel 3 XL ဖုန္းေတြကို မိတ္ဆက္ဖုိ႔ ျပင္ဆင္လ်က္ရွိေနပါတယ္။ စမတ္ဖုန္းသစ္ေတြဟာ ေအာက္တိုဘာလေလာက္မွာ ေစ်းကြက္အတြင္းကို ေရာက္ရွိလာႏုိင္ပါတယ္။ ဒီေန႔မွာေတာ့ စမတ္ဖုန္း၂လံုးနဲ႔ပတ္သတ္တဲ့ ဒီဇုိင္းပုံေတြကို @Onleaks ကေနထုတ္ေဖာ္လိုက္ပါတယ္။ ဓာတ္ပံုေတြမွာ ျမင္ရတာကေတာ့ Google Pixel 3 ဟာပုံမွန္ မ်က္ႏွာျပင္မ်ိဳးနဲ႔ ျဖစ္ၿပီး Google Pixel 3XL မွာလူႀကိဳက္မ်ားေနတဲ့Notch နဲ႔ျဖစ္ပါတယ္။

စမတ္ဖုန္း၂မ်ိဳးလုံးရဲ႕ ေနာက္ေက်ာဘက္မွာ ကင္မရာတစ္လုံးသာ တပ္ဆင္ထားပါတယ္။ လက္ရွိအခ်ိန္မွာ စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ေနာက္ဘက္မွာ ကင္မရာ၂လုံး၊ ၃လုံးတပ္ဆင္ထားတဲ့အခ်ိန္မွာGoogle အေနနဲ႔ ကင္မရာဒီဇုိင္းမေျပာင္းလဲတာကေတာ့ စိတ္ပ်က္စရာပါ။    Google Pixel 3 မွာ 145.6 x 68.2 x 7.9 mm အရြယ္အစားနဲ႔ျဖစ္ၿပီး 5.4 လက္မနဲ႔ 18:9 aspect ratio ျဖစ္ပါတယ္။ ကင္မရာေတြမွာ proximity sensor, LED light ေတြသုံးထားပါလိမ့္မယ္။ အေရွ႕ဘက္မွာေတာ့ dual ကင္မရာတပ္ဆင္ထားပါတယ္။ Google Pixel 3 ဟာ 4GB LPDDR4X RAM နဲ႔အတူ 128GB ROM အခ်က္အလက္သိုေလွာင္ႏိုင္စြမ္း ပါလာမယ့္ ဖုန္းျဖစ္ပါလိမ့္မယ္။

Google Pixel 3 XL မွာေတာ့ 158 x 76.76 x 7.9 mm အရြယ္အစားနဲ႔  8.6mmအထူသာရွိမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္ 6.2 လက္မနဲ႔ ထိပ္ဘက္မွာ Notch နဲ႔ျဖစ္ၿပီး ၊ကင္မရာပိုင္းေတြမွာေတာ့ Google pixel 3 နဲ႔တူညီပါတယ္။ စမတ္ဖုန္း ၂မ်ိဳးလုံးမွာ Android P နဲ႔အတူ Snapdragon 845 Octa core  ပရိုဆက္ဆာသုံးထားမွာ ျဖစ္ပါတယ္။ Google အေနနဲ႔ mid-range အမ်ိဳးအစား Pixel စီးရီးစမတ္ဖုန္းကို ထုတ္ဖုိ႔ျပင္ဆင္လ်က္ရွိေနၿပီး အဲ့ဒီဖုန္းမွာ  Snapdragon 710 ပရိုဆက္ဆာကို အသုံးျပဳလာမယ္လို႔ သိရပါတယ္။

Unicode

Google အနေနဲ့ ယခုနှစ်အတွင်းမှာ ကုမ္ပဏီရဲ့ စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Google Pixel 3 နဲ့ Pixel 3 XL ဖုန်းတွေကို မိတ်ဆက်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ စမတ်ဖုန်းသစ်တွေဟာ အောက်တိုဘာလလောက်မှာ ဈေးကွက်အတွင်းကို ရောက်ရှိလာနိုင်ပါတယ်။ ဒီနေ့မှာတော့ စမတ်ဖုန်း၂လုံးနဲ့ပတ်သတ်တဲ့ ဒီဇိုင်းပုံတွေကို @Onleaks ကနေထုတ်ဖော်လိုက်ပါတယ်။ ဓာတ်ပုံတွေမှာ မြင်ရတာကတော့ Google Pixel 3 ဟာပုံမှန် မျက်နှာပြင်မျိုးနဲ့ ဖြစ်ပြီး Google Pixel 3XL မှာလူကြိုက်များနေတဲ့Notch နဲ့ဖြစ်ပါတယ်။

စမတ်ဖုန်း၂မျိုးလုံးရဲ့ နောက်ကျောဘက်မှာ ကင်မရာတစ်လုံးသာ တပ်ဆင်ထားပါတယ်။ လက်ရှိအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ နောက်ဘက်မှာ ကင်မရာ၂လုံး၊ ၃လုံးတပ်ဆင်ထားတဲ့အချိန်မှာGoogle အနေနဲ့ ကင်မရာဒီဇိုင်းမပြောင်းလဲတာကတော့ စိတ်ပျက်စရာပါ။    Google Pixel 3 မှာ 145.6 x 68.2 x 7.9 mm အရွယ်အစားနဲ့ဖြစ်ပြီး 5.4 လက်မနဲ့ 18:9 aspect ratio ဖြစ်ပါတယ်။ ကင်မရာတွေမှာ proximity sensor, LED light တွေသုံးထားပါလိမ့်မယ်။ အရှေ့ဘက်မှာတော့ dual ကင်မရာတပ်ဆင်ထားပါတယ်။ Google Pixel 3 ဟာ 4GB LPDDR4X RAM နဲ့အတူ 128GB ROM အချက်အလက်သိုလှောင်နိုင်စွမ်း ပါလာမယ့် ဖုန်းဖြစ်ပါလိမ့်မယ်။

Google Pixel 3 XL မှာတော့ 158 x 76.76 x 7.9 mm အရွယ်အစားနဲ့  8.6mmအထူသာရှိမှာ ဖြစ်ပါတယ်။ မျက်နှာပြင် 6.2 လက်မနဲ့ ထိပ်ဘက်မှာ Notch နဲ့ဖြစ်ပြီး ၊ကင်မရာပိုင်းတွေမှာတော့ Google pixel 3 နဲ့တူညီပါတယ်။ စမတ်ဖုန်း ၂မျိုးလုံးမှာ Android P နဲ့အတူ Snapdragon 845 Octa core  ပရိုဆက်ဆာသုံးထားမှာ ဖြစ်ပါတယ်။ Google အနေနဲ့ mid-range အမျိုးအစား Pixel စီးရီးစမတ်ဖုန်းကို ထုတ်ဖို့ပြင်ဆင်လျက်ရှိနေပြီး အဲ့ဒီဖုန်းမှာ  Snapdragon 710 ပရိုဆက်ဆာကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Leave a Reply