၂၀၁၉ ခုႏွစ္မွာ 5G Chips နဲ႔ Phone ကို ေရာင္းမယ့္ Huawei

0
1068

ရွန္ဟိုင္းမွာေတာ့ Mobile World Congress (MWC) ကို က်င္းပေနပါတယ္။ စမတ္ဖုန္း ကုမၸဏီမ်ားလည္း အဲဒီ ပြဲမွာ တက္ေရာက္ၿပီး နည္းပညာ အသစ္မ်ားကို ေၾကညာေနၾကပါတယ္။ အဲဒီ ပြဲမွာ ဟြာေ၀းက ၂၀၁၉ ခုႏွစ္ မတ္လမွာ 5G Chips နဲ ဇြန္လမွာ 5G Phone မ်ားကို မိတ္ဆက္မယ္လို႔ ေျပာပါတယ္။

Huawei က ဧၿပီလတုန္းကလည္း ရွန္ဇန္မွာ က်င္းပခဲ့တဲ့ Global Analyst Summit မွာ သူ႔ရဲ႕ ပထမဆံုး 5G Phone ကို ၂၀၁၉ ခုႏွစ္ ဒုတိယႏွစ္၀က္မွာ ေရာင္းခ်မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဟြာေ၀းက 5G Speed ကို ထုတ္လႊင့္ေပးတဲ့ Mobile WiFi Hotspot ကိုလည္း ထည့္သြင္းေပးမယ္လို႔ ေျပာပါတယ္။

စိတ္၀င္စားစရာေကာင္းတာက အနာဂတ္ စမတ္ဖုန္းမ်ားမွာ 5G Speed ကို ရရွိဖို႔အတြက္ ဟြာေ၀းက ဒီဇိုင္းထုတ္ထားတဲ့ Modems မ်ားပါလာၾကမွာပါ။ ဟြာေ၀းက Mobile World Congress 2018 မွာ Balong 5G01 Chip ကို ျပသခဲ့ပါတယ္။ အဲဒီ Chip ဟာ 5G ကို ေထာက္ပံ့ႏုိင္မယ္လို႔ ထင္ရပါတယ္။ ဒါေပ မယ့္ 5G Chip ရဲ႕ သတင္းအခ်က္အလက္မ်ားကိုေတာ့ မသိရေသးပါဘူး။

ဟြာေ၀းရဲ႕ ပထမဆံုး 5G Phone ဟာ Mate 30 ျဖစ္ႏုိင္ပါတယ္။ ဟြာေ၀းရဲ႕ Mate Series မ်ားကို ေရာင္းခ်တဲ့ သမိုင္းကို ၾကည့္မယ္ဆိုရင္ ေနာက္ထြက္မယ့္ Mate Phone ကို ၂၀၁၉ ခုႏွစ္ တတိယ ကြာတားမွာ ေရာင္းခ်မွာပါ။ ဒါေပမယ့္ ပထမဆံုး 5G Phone ဟာ ဟြာေ၀းအတြက္ သမိုင္းမွတ္တိုင္တစ္ခု ျဖစ္တဲ့အတြက္ ကုမၸဏီက Series အသစ္ျဖင့္ သူ႔ကို မိတ္ဆက္ႏုိင္ပါတယ္။ ဒီလိုျဖစ္မယ္ဆိုရင္ အဲဒီ အခ်ိန္မွာ Mate 30 နဲ႔ 5G Phone ႏွစ္ခုစလံုးကို ေတြ႕ျမင္ရႏုိင္ပါတယ္။

၂၀၁၈ ခုႏွစ္ရဲ႕ ပထမႏွစ္၀က္ဟာ ကုန္ဆံုးေတာ့မွာ ျဖစ္တဲ့အတြက္ အျခား စမတ္ဖုန္း ထုတ္လုပ္သူမ်ားဟာလည္း သူတို႔ရဲ႕ 5G Phone နဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားကို ေၾကညာေတာ့မယ္လို႔ ထင္ရပါတယ္။ အျခား ကုမၸဏီမ်ားကလည္း ဟြာေ၀းနဲ႔ အခ်ိန္ အတူတူေလာက္မွာပဲ သူတိုု႔ရဲ႕ 5G Phone မ်ားကို ေရာင္းခ်ႏုိင္ပါတယ္။

unicode

၂၀၁၉ ခုနှစ်မှာ 5G Chips နဲ့ Phone ကို ရောင်းမယ့် Huawei

ရှန်ဟိုင်းမှာတော့ Mobile World Congress (MWC) ကို ကျင်းပနေပါတယ်။ စမတ်ဖုန်း ကုမ္ပဏီများလည်း အဲဒီ ပွဲမှာ တက်ရောက်ပြီး နည်းပညာ အသစ်များကို ကြေညာနေကြပါတယ်။ အဲဒီ ပွဲမှာ ဟွာဝေးက ၂၀၁၉ ခုနှစ် မတ်လမှာ 5G Chips နဲ ဇွန်လမှာ 5G Phone များကို မိတ်ဆက်မယ်လို့ ပြောပါတယ်။

Huawei က ဧပြီလတုန်းကလည်း ရှန်ဇန်မှာ ကျင်းပခဲ့တဲ့ Global Analyst Summit မှာ သူ့ရဲ့ ပထမဆုံး 5G Phone ကို ၂၀၁၉ ခုနှစ် ဒုတိယနှစ်ဝက်မှာ ရောင်းချမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဟွာဝေးက 5G Speed ကို ထုတ်လွှင့်ပေးတဲ့ Mobile WiFi Hotspot ကိုလည်း ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။

စိတ်ဝင်စားစရာကောင်းတာက အနာဂတ် စမတ်ဖုန်းများမှာ 5G Speed ကို ရရှိဖို့အတွက် ဟွာဝေးက ဒီဇိုင်းထုတ်ထားတဲ့ Modems များပါလာကြမှာပါ။ ဟွာဝေးက Mobile World Congress 2018 မှာ Balong 5G01 Chip ကို ပြသခဲ့ပါတယ်။ အဲဒီ Chip ဟာ 5G ကို ထောက်ပံ့နိုင်မယ်လို့ ထင်ရပါတယ်။ ဒါပေ မယ့် 5G Chip ရဲ့ သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။

ဟွာဝေးရဲ့ ပထမဆုံး 5G Phone ဟာ Mate 30 ဖြစ်နိုင်ပါတယ်။ ဟွာဝေးရဲ့ Mate Series များကို ရောင်းချတဲ့ သမိုင်းကို ကြည့်မယ်ဆိုရင် နောက်ထွက်မယ့် Mate Phone ကို ၂၀၁၉ ခုနှစ် တတိယ ကွာတားမှာ ရောင်းချမှာပါ။ ဒါပေမယ့် ပထမဆုံး 5G Phone ဟာ ဟွာဝေးအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်တဲ့အတွက် ကုမ္ပဏီက Series အသစ်ဖြင့် သူ့ကို မိတ်ဆက်နိုင်ပါတယ်။ ဒီလိုဖြစ်မယ်ဆိုရင် အဲဒီ အချိန်မှာ Mate 30 နဲ့ 5G Phone နှစ်ခုစလုံးကို တွေ့မြင်ရနိုင်ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ ပထမနှစ်ဝက်ဟာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အခြား စမတ်ဖုန်း ထုတ်လုပ်သူများဟာလည်း သူတို့ရဲ့ 5G Phone နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ကြေညာတော့မယ်လို့ ထင်ရပါတယ်။ အခြား ကုမ္ပဏီများကလည်း ဟွာဝေးနဲ့ အချိန် အတူတူလောက်မှာပဲ သူတို့ရဲ့ 5G Phone များကို ရောင်းချနိုင်ပါတယ်။

Leave a Reply