Xiaomi က Mi A2 မိတ္ဆက္ပြဲသို႔ Fans မ်ားကို ဖိတ္ေခၚမယ့္ အစီအစဥ္ကို ျပဳလုပ္ေပး

0
1300

Xiaomi က Mi A2 ကို ဇူလိုင္လမွာ မိတ္ဆက္ၿပီး ၾသဂုတ္လမွာ ေရာင္းခ်ေပးေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။ အခုေတာ့ Xiaomi က Mi Explorer အမည္ရ Program အသစ္တစ္ခုကို ျပဳလုပ္ေပးလိုက္ပါတယ္။ အဲဒီ အစီအစဥ္ကေန Mi A2 မိတ္ဆက္ပြဲသို႔ Fans မ်ားကို ဖိတ္ေခၚမွာ ျဖစ္ၿပီး တစ္ေယာက္ကို Mi A2 တစ္လံုးစီ လက္ေဆာင္ေပးမွာ ျဖစ္ပါတယ္။

ေလွ်ာက္လႊာမ်ားကို ယခုလ ၂၆ ရက္ေန႔ကေန ဇူလိုင္လ ၁ ရက္ေန႔အတြင္းမွာ တင္ရမွာပါ။ ကံထူးသူမ်ားဟာ ဇူလိုင္လ ၂၃ ရက္ေနမွာ မက္ဒရစ္သို႔ သြားရမွာ ျဖစ္ၿပီး ဇူလိုင္လ ၂၆ ရက္ေန႔မွာ ျပန္လာရမွာပါ။

Mi A2 ဟာ ဧၿပီလမွာ တရုတ္တြင္ ေၾကညာခဲ့တဲ့ Mi 6X ရဲ႕ Android One Version ျဖစ္ပါတယ္။ သူတို႔ႏွစ္လံုးရဲ႕ ကြာျခားခ်က္က Mi 6X မွာ MIUI ထည့္သြင္းထားၿပီး MI A2 မွာ Stock Android ထည့္သြင္းထားတာ ျဖစ္ပါတယ္။ အျခား Specs မ်ားကေတာ့ တူညီပါတယ္။ အဲဒီအတြက္ Mi A2 မွာ ၅.၉၉
လက္မ Full HD+ LCD Display ပါလာမွာပါ။

Octa-Core Snapdragon 660 Chipset , 3010mAh Battery ပါလာမွာပါ။ စြမ္းရည္ အျမင့္ဆံုး ေမာ္ဒယ္မွာ 6GB RAM ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ အျခား ေမာ္ဒယ္ႏွစ္ခုမွာ 4GB RAM ပါမွာပါ။ ပင္မ ကင္မရာဟာ 12MP Sony IMX486 ျဖစ္ပါတယ္။ ဒုတိယ ကင္မရာဟာ 20MP Sony IMX376 ျဖစ္ၿပီး ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုမ်ားနဲ႔ အလင္းေရာင္ ရရွိမႈ နည္းပါးတဲ့ ဓါတ္ပံုမ်ားအတြက္ ပိုမို ေကာင္းမြန္ေစ ပါတယ္။ အေရွ႕ဘက္မွာ 20MP Sony IMX376 ကို သုံးထားမွာပါ။

unicode

Xiaomi က Mi A2 မိတ်ဆက်ပွဲသို့ Fans များကို ဖိတ်ခေါ်မယ့် အစီအစဉ်ကို ပြုလုပ်ပေး

Xiaomi က Mi A2 ကို ဇူလိုင်လမှာ မိတ်ဆက်ပြီး သြဂုတ်လမှာ ရောင်းချပေးတော့မယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Xiaomi က Mi Explorer အမည်ရ Program အသစ်တစ်ခုကို ပြုလုပ်ပေးလိုက်ပါတယ်။ အဲဒီ အစီအစဉ်ကနေ Mi A2 မိတ်ဆက်ပွဲသို့ Fans များကို ဖိတ်ခေါ်မှာ ဖြစ်ပြီး တစ်ယောက်ကို Mi A2 တစ်လုံးစီ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

လျှောက်လွှာများကို ယခုလ ၂၆ ရက်နေ့ကနေ ဇူလိုင်လ ၁ ရက်နေ့အတွင်းမှာ တင်ရမှာပါ။ ကံထူးသူများဟာ ဇူလိုင်လ ၂၃ ရက်နေမှာ မက်ဒရစ်သို့ သွားရမှာ ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြန်လာရမှာပါ။

Mi A2 ဟာ ဧပြီလမှာ တရုတ်တွင် ကြေညာခဲ့တဲ့ Mi 6X ရဲ့ Android One Version ဖြစ်ပါတယ်။ သူတို့နှစ်လုံးရဲ့ ကွာခြားချက်က Mi 6X မှာ MIUI ထည့်သွင်းထားပြီး MI A2 မှာ Stock Android ထည့်သွင်းထားတာ ဖြစ်ပါတယ်။ အခြား Specs များကတော့ တူညီပါတယ်။ အဲဒီအတွက် Mi A2 မှာ ၅.၉၉
လက်မ Full HD+ LCD Display ပါလာမှာပါ။

Octa-Core Snapdragon 660 Chipset , 3010mAh Battery ပါလာမှာပါ။ စွမ်းရည် အမြင့်ဆုံး မော်ဒယ်မှာ 6GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အခြား မော်ဒယ်နှစ်ခုမှာ 4GB RAM ပါမှာပါ။ ပင်မ ကင်မရာဟာ 12MP Sony IMX486 ဖြစ်ပါတယ်။ ဒုတိယ ကင်မရာဟာ 20MP Sony IMX376 ဖြစ်ပြီး နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများနဲ့ အလင်းရောင် ရရှိမှု နည်းပါးတဲ့ ဓါတ်ပုံများအတွက် ပိုမို ကောင်းမွန်စေ ပါတယ်။ အရှေ့ဘက်မှာ 20MP Sony IMX376 ကို သုံးထားမှာပါ။

Leave a Reply