LG G7 ThinQ မွာ 4K ဗီဒီယိုေတြကို 60fps ႏႈန္းနဲ႔ ရိုက္ကူးႏုိင္ၿပီ

0
1170

LG အေနနဲ႔ ဒီေန႔မွာေတာ့ G7 ThinQ ဖုန္းေတြအတြက္  update အသစ္တခုကို ထုတ္ေပးလိုက္ပါတယ္။ အသစ္ထုတ္ေပးလိုက္တဲ့  update ဟာကင္မရာပိုင္းဆိုင္ရာ အတြက္အဓိကက်တဲ့ လုပ္ေဆာင္ခ်က္ျဖစ္ၿပီး 4K video ေတြကို 60fps ႏႈန္းနဲ႔ ရိုက္ကူးႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ update အသစ္ကို ကိုရီးယားႏုိင္ငံအတြင္းမွာသာ ရေသးၿပီး အျခားႏိုင္ငံေတြမွာ ရရွိဖို႔အတြက္ ေစာင့္ရအုံးမွာပါ။  ကင္မရာရဲ႕ Settings ထဲကိုဝင္ေရာက္ၿပီး ‘Video resolution’ အတြက္သတ္မွတ္ေပးထားတဲ့ စာရင္းကို ဝင္ၾကည့္လုိက္တဲ့အခါ UHD 16:9 (60fps) 3840×2160 ဆိုၿပီးထပ္မံထည့္ေပးလိုက္တာကို ေတြ႕ရမွာျဖစ္ပါတယ္။

LG အေနနဲ႔ အေစာပိုင္းတုန္းက G7 ThinQ  မွာ  4K ဗီဒီေတြကို ရိုက္ကူးတဲ့အခါ  30fps ႏႈန္းသာကန္႔သတ္ေပးထားပါတယ္။ အခုေတာ့ 4K ရိုက္ကူးရင္ ပိုမိုရွင္းလင္းပီသတဲ့ ရုပ္ထြက္ရႏုိင္မယ့္60fps ႏႈန္းနဲ႔ စြမ္းေဆာင္ေပးႏုိင္ေတာ့မွာပါ။ ရိုက္ကူးတဲ့အခ်ိန္ကေတာ့ ကန္႔သတ္ခ်က္ရွိေနၿပီး ၆မိနစ္သာေပး ထားပါတယ္။ LG အေနနဲ႔ ထပ္မံတိုးျမင့္ေပးလိုက္တဲ့ ကင္မရာလုပ္ေဆာင္မွာ “Super Bright”  လို Mode ေတြကိုပါထည့္သြင္းေပးထားပါတယ္။

LG G7 ThinQ မွာကင္မရာပိုင္းအေနနဲ႔ ေနာက္ေက်ာဘက္မွာ 16MP Super Wide Angle,f/1.9 Aperture နဲ႔ 16MP,f/1.6 Aperture တို႔ကို ေဒါင္လိုက္ တပ္ဆင္ထားပါတယ္။ အေရွ႕ဘက္မွာ 8MP Wide Angle,f/1.9 Aperture ရွိတဲ့ ကင္မရာကို တပ္ဆင္ထားပါတယ္။ ၆.၁ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိတဲ့ QHD+ Super Bright Display ကို အသုံးျပဳထားၿပီး Aspect Ratio က 19.5:9 ျဖစ္ပါတယ္။ ပရိုဆက္ဆာပိုင္းအတြက္ Qualcomm ရဲ႕ ေနာက္ဆုံးထြက္ရွိထားတဲ့ Snapdragon 845 SoC ကို အသုံးျပဳထားၿပီး RAM 4GB ပါဝင္မွာ ျဖစ္ပါတယ္။ Security ပိုင္းအတြက္ Fingerprint အျပင္ Face Recognition ပါ ၂မ်ိဴးလုံး တြဲဖက္ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

unicode

LG G7 ThinQ မှာ 4K ဗီဒီယိုတွေကို 60fps နှုန်းနဲ့ ရိုက်ကူးနိုင်ပြီ
———————-
LG အနေနဲ့ ဒီနေ့မှာတော့ G7 ThinQ ဖုန်းတွေအတွက် update အသစ်တခုကို ထုတ်ပေးလိုက်ပါတယ်။ အသစ်ထုတ်ပေးလိုက်တဲ့ update ဟာကင်မရာပိုင်းဆိုင်ရာ အတွက်အဓိကကျတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး 4K video တွေကို 60fps နှုန်းနဲ့ ရိုက်ကူးနိုင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ update အသစ်ကို ကိုရီးယားနိုင်ငံအတွင်းမှာသာ ရသေးပြီး အခြားနိုင်ငံတွေမှာ ရရှိဖို့အတွက် စောင့်ရအုံးမှာပါ။ ကင်မရာရဲ့ Settings ထဲကိုဝင်ရောက်ပြီး ‘Video resolution’ အတွက်သတ်မှတ်ပေးထားတဲ့ စာရင်းကို ဝင်ကြည့်လိုက်တဲ့အခါ UHD 16:9 (60fps) 3840×2160 ဆိုပြီးထပ်မံထည့်ပေးလိုက်တာကို တွေ့ရမှာဖြစ်ပါတယ်။
LG အနေနဲ့ အစောပိုင်းတုန်းက G7 ThinQ မှာ 4K ဗီဒီတွေကို ရိုက်ကူးတဲ့အခါ 30fps နှုန်းသာကန့်သတ်ပေးထားပါတယ်။ အခုတော့ 4K ရိုက်ကူးရင် ပိုမိုရှင်းလင်းပီသတဲ့ ရုပ်ထွက်ရနိုင်မယ့်60fps နှုန်းနဲ့ စွမ်းဆောင်ပေးနိုင်တော့မှာပါ။ ရိုက်ကူးတဲ့အချိန်ကတော့ ကန့်သတ်ချက်ရှိနေပြီး ၆မိနစ်သာပေး ထားပါတယ်။ LG အနေနဲ့ ထပ်မံတိုးမြင့်ပေးလိုက်တဲ့ ကင်မရာလုပ်ဆောင်မှာ “Super Bright” လို Mode တွေကိုပါထည့်သွင်ပေးထားပါတယ်။
LG G7 ThinQ မှာကင်မရာပိုင်းအနေနဲ့ နောက်ကျောဘက်မှာ 16MP Super Wide Angle,f/1.9 Aperture နဲ့ 16MP,f/1.6 Aperture တို့ကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Wide Angle,f/1.9 Aperture ရှိတဲ့ ကင်မရာကို တပ်ဆင်ထားပါတယ်။ ၆.၁ လက်မ မျက်နှာပြင် အကျယ်ရှိတဲ့ QHD+ Super Bright Display ကို အသုံးပြုထားပြီး Aspect Ratio က 19.5:9 ဖြစ်ပါတယ်။ ပရိုဆက်ဆာပိုင်းအတွက် Qualcomm ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Snapdragon 845 SoC ကို အသုံးပြုထားပြီး RAM 4GB ပါဝင်မှာ ဖြစ်ပါတယ်။ Security ပိုင်းအတွက် Fingerprint အပြင် Face Recognition ပါ ၂မျိူးလုံး တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

Leave a Reply