အလယ္အလတ္ဆင့္ဖုန္းေတြအတြက္ Chipsets ၃မ်ိဳးကို Qualcomm မိတ္ဆက္

0
1237

စမတ္ဖုန္းေတြအတြက္ Chips  ထုတ္လုပ္ေနတဲ့ Qualcomm အေနနဲ႔ အလယ္အလတ္ဆင့္စမတ္ဖုန္းေတြမွာ အသုံးျပဳႏုိင္မယ့္ Chip ၃မ်ိဳးကိုမိတ္ဆက္ေပးလိုက္ပါတယ္။ အသစ္မိတ္ဆက္လိုက္တဲ့ chip ေတြဟာ Snapdragon 632, Snapdragon 439 နဲ႔ Snapdragon 429 တို႔ျဖစ္ၿပီး အလယ္အလတ္အဆင့္ဖုန္းေတြမွာ စြမ္းေဆာင္ရည္ေကာင္းေကာင္းနဲ႔ သုံးစြဲႏိုင္ေစဖုိ႔ ျဖစ္ပါတယ္။ chipsets ေတြဟာ CPU နဲ႔ ဂရပ္ဖစ္စြမ္းေဆာင္ရည္ကို အေကာင္းဆုံးတိုးျမင့္ေပးမွာျဖစ္ၿပီး စြမ္းအားအေလအလြင့္မရွိေအာင္လည္း ျပဳလုပ္ေပးပါလိမ့္မယ္။ AI စြမ္းေဆာင္ခ်က္ကို ေထာက္ပံ့ေပးႏုိင္မွာျဖစ္ၿပီး mobile payment စနစ္ကိုပါ သုံးႏုိင္ပါလိမ့္မယ္။

ပရိုဆက္ဆာ၃မ်ိဳးရဲ႕ စြမ္းေဆာင္ခ်က္ေတြအေနနဲ႔ Snapdragon 632 မွာကင္မရာပိုင္းအတြက္ 24MP / 13MP + 13 MP ေထာက္ပံ့လာၿပီး၊ ဗီဒီယိုအတြက္ 4K @ 30fps / 1080p @ 60fps ျဖစ္ပါတယ္။ screen ပိုင္းကိုေတာ့ Full HD+ နဲ႔ျဖစ္ၿပီး ကြန္ရက္ခ်ိတ္ဆက္မႈအပိုင္းမွာ 300Mbps / 100Mbps နဲ႔ 802.11ac (364Mbps) ျဖစ္ပါတယ္။

Snapdragon 439 မွာကင္မရာပိုင္းအတြက္ 21MP / 8MP + 8MP ေထာက္ပံ့လာၿပီး၊ ဗီဒီယိုအတြက္ 1080p @ 30fps  ျဖစ္ပါတယ္။ screen ပိုင္းကိုေတာ့ Full HD+ နဲ႔ျဖစ္ၿပီး ကြန္ရက္ခ်ိတ္ဆက္မႈအပိုင္းမွာ 150Mbps / 75Mbps  နဲ႔ 802.11ac (364Mbps) ျဖစ္ပါတယ္။ Snapdragon 429 မွာကင္မရာပိုင္းအတြက္  16MP / 8MP + 8MP ေထာက္ပံ့လာၿပီး၊ ဗီဒီယိုအတြက္ 1080p @ 30fps  ျဖစ္ပါတယ္။ screen ပိုင္းကိုေတာ့ HD+ နဲ႔ျဖစ္ၿပီး ကြန္ရက္ခ်ိတ္ဆက္မႈအပိုင္းမွာ 150Mbps / 75Mbps  နဲ႔ 802.11ac (364Mbps) ျဖစ္ပါတယ္။

ပရိုဆက္ဆာ ၃မ်ိဳးလုံးမွာ ဘက္ထရီအားသြင္းျမန္ဆန္ဖုိ႔အတြက္  QuickCharge ပါဝင္မွာပါ။ အသစ္မိတ္ဆက္လိုက္တဲ့ chips ေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ Snapdragon 632 ဟာ 14 nm FinFET process နဲ႔ျဖစ္ၿပီး Snapdragon 400 စီးရီး၂ခုကေတာ့  12 nm wafer နဲ႔ျဖစ္ပါတယ္။ Qualcomm ရဲ႕ထုတ္ကုန္ပုိင္းဆိုင္ရာနဲ႔ ဒုတိယဥကၠ႒ ျဖစ္တဲ့ကြန္ဒက္က ေျပာၾကားရာမွာေတာ့   1,350 ေက်ာ္တဲ့မိုဘိုင္းဖုန္းေတြမွာ 600 စီးရီးကိုအသုံးျပဳေနၿပီး၊ 2,300 ေသာ ဖုန္းေတြမွာေတာ့  400 စီးရီးကို အသုံးျပဳေနၾကတယ္လို႔ ဆိုပါတယ္။ Qualcomm ေျပာၾကားခ်က္မွာေတာ့ SoC အသစ္ကိုသုံးထားတဲ့ ဖုန္းနဲ႔တက္ဘလက္ေတြကိုေတာ့ ၂၀၁၈ႏွစ္ဝက္ပိုင္းမွာ ထြက္လာမွာ ျဖစ္တယ္လို႔ဆိုပါတယ္။

unicode

စမတ်ဖုန်းတွေအတွက် Chips  ထုတ်လုပ်နေတဲ့ Qualcomm အနေနဲ့ အလယ်အလတ်ဆင့်စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် Chip ၃မျိုးကိုမိတ်ဆက်ပေးလိုက်ပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ chip တွေဟာ Snapdragon 632, Snapdragon 439 နဲ့ Snapdragon 429 တို့ဖြစ်ပြီး အလယ်အလတ်အဆင့်ဖုန်းတွေမှာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ သုံးစွဲနိုင်စေဖို့ ဖြစ်ပါတယ်။ chipsets တွေဟာ CPU နဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ကို အကောင်းဆုံးတိုးမြင့်ပေးမှာဖြစ်ပြီး စွမ်းအားအလေအလွင့်မရှိအောင်လည်း ပြုလုပ်ပေးပါလိမ့်မယ်။ AI စွမ်းဆောင်ချက်ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး mobile payment စနစ်ကိုပါ သုံးနိုင်ပါလိမ့်မယ်။

ပရိုဆက်ဆာ၃မျိုးရဲ့ စွမ်းဆောင်ချက်တွေအနေနဲ့ Snapdragon 632 မှာကင်မရာပိုင်းအတွက် 24MP / 13MP + 13 MP ထောက်ပံ့လာပြီး၊ ဗီဒီယိုအတွက် 4K @ 30fps / 1080p @ 60fps ဖြစ်ပါတယ်။ screen ပိုင်းကိုတော့ Full HD+ နဲ့ဖြစ်ပြီး ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာ 300Mbps / 100Mbps နဲ့ 802.11ac (364Mbps) ဖြစ်ပါတယ်။  Snapdragon 439 မှာကင်မရာပိုင်းအတွက် 21MP / 8MP + 8MP ထောက်ပံ့လာပြီး၊ ဗီဒီယိုအတွက် 1080p @ 30fps  ဖြစ်ပါတယ်။ screen ပိုင်းကိုတော့ Full HD+ နဲ့ဖြစ်ပြီး ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာ 150Mbps / 75Mbps  နဲ့ 802.11ac (364Mbps) ဖြစ်ပါတယ်။ Snapdragon 429 မှာကင်မရာပိုင်းအတွက်  16MP / 8MP + 8MP ထောက်ပံ့လာပြီး၊ ဗီဒီယိုအတွက် 1080p @ 30fps  ဖြစ်ပါတယ်။ screen ပိုင်းကိုတော့ HD+ နဲ့ဖြစ်ပြီး ကွန်ရက်ချိတ်ဆက်မှုအပိုင်းမှာ 150Mbps / 75Mbps  နဲ့ 802.11ac (364Mbps) ဖြစ်ပါတယ်။

ပရိုဆက်ဆာ ၃မျိုးလုံးမှာ ဘက်ထရီအားသွင်းမြန်ဆန်ဖို့အတွက်  QuickCharge ပါဝင်မှာပါ။ အသစ်မိတ်ဆက်လိုက်တဲ့ chips တွေရဲ့ လုပ်ဆောင်ချက်တွေအနေနဲ့ Snapdragon 632 ဟာ 14 nm FinFET process နဲ့ဖြစ်ပြီး Snapdragon 400 စီးရီး၂ခုကတော့  12 nm wafer နဲ့ဖြစ်ပါတယ်။ Qualcomm ရဲ့ထုတ်ကုန်ပိုင်းဆိုင်ရာနဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်တဲ့ကွန်ဒက်က ပြောကြားရာမှာတော့   1,350 ကျော်တဲ့မိုဘိုင်းဖုန်းတွေမှာ 600 စီးရီးကိုအသုံးပြုနေပြီး၊ 2,300 သော ဖုန်းတွေမှာတော့  400 စီးရီးကို အသုံးပြုနေကြတယ်လို့ ဆိုပါတယ်။ Qualcomm ပြောကြားချက်မှာတော့ SoC အသစ်ကိုသုံးထားတဲ့ ဖုန်းနဲ့တက်ဘလက်တွေကိုတော့ ၂၀၁၈နှစ်ဝက်ပိုင်းမှာ ထွက်လာမှာ ဖြစ်တယ်လို့ဆိုပါတယ်။

Leave a Reply