LG V40 တြင္ ကင္မရာ ၅လုံးတပ္ဆင္လာမည္

0
1408

စမတ္ဖုန္းထုတ္လုပ္သူျဖစ္တဲ့ LG အေနနဲ႔ ယခုႏွစ္အတြင္း V စီးရီးစမတ္ဖုန္း၂လုံးကို မိတ္ဆက္ထုတ္လုပ္သြားခဲ့ပါတယ္။ အဲ့ဒီဖုန္းေတြကေတာ့   V30S ThinQ နဲ႔ V35 ThinQ တုိ႔ပဲျဖစ္ပါတယ္။ စမတ္ဖုန္းသစ္ေတြဟာ V30 စမတ္ဖုန္းေတြရဲ႕ မ်ိဳးဆက္သစ္ဖုန္းေတြလို႔ ဆိုေပမယ့္ အရမ္းႀကီးထူးျခားေျပာင္းလဲသြားတဲ့ လုပ္ေဆာင္ခ်က္ေတြ မပါဝင္လာပါဘူး။ ဒါေၾကာင့္ ကိုရီးယားကုမၸဏီအေနနဲ႔ ေနာက္ထပ္စမတ္ဖုန္း သစ္တမ်ိဳးကိုထပ္မံထုတ္လုပ္ႏုိင္ဖုိ႔ ျပင္ဆင္လ်က္ရွိေနတယ္လို႔ ဆိုပါတယ္။ LG အေနနဲ႔ထပ္မံထုတ္လုပ္ဖုိ႔ ျပင္ဆင္လ်က္ရွိေနတဲ့ စမတ္ဖုန္းကေတာ့ LG V40 ျဖစ္ၿပီးသူ႕မွာ ကင္မရာ ၅လုံးေတာင္ တပ္ဆင္လာမယ္လို႔ သိရပါတယ္။

ေနာက္ေက်ာဘက္မွာ ကင္မရာ၃လုံး၊အေရွ႕ဘက္မွာ ကင္မရာ၂လုံးတပ္ဆင္ထားမွာပါ။ ပရုိဆက္ဆာအေနနဲ႔ Qualcomm ရဲ႕ Snapdragon 845 chipset ကိုသုံးလာမွာျဖစ္ၿပီး LG ရဲ႕quad-DAC နည္းပညာကိုပါ ထည့္သြင္းလာပါလိမ့္မယ္။Google Assistant အတြက္ ခလုတ္ေလးလည္း ထည့္သြင္းေပးထားမယ္လို႔သိရပါတယ္။ ThinQ လုပ္ေဆာင္ခ်က္ပါဝင္လာဖို႔ကေတာ့ ေသခ်ာသေလာက္ရွိေနပါတယ္။ ThinQ ဟာ AI Cam အမ်ိဳးအစားျဖစ္ၿပီး ကင္မရာျမင္ကြင္းမွ အရာ၀တၳဳမ်ားကို သိနားလည္ၿပီး လိုက္ဖက္တဲ့ ကင္မရာ Settings ကို ခ်ိန္ညွိေပးႏုိင္ဖို႔ ဒီဇိုင္းထုတ္ထားတဲ့ ဥာဏ္ရည္တု နည္းပညာ ျဖစ္ပါတယ္။

တကယ္လို႔ LG အေနနဲ႔ ကင္မရာ၅လုံးသာ V40 မွာတပ္ဆင္လာႏုိင္မယ္ဆိုရင္ စမတ္ဖုန္းေတြထဲမွာ ပထမဆုံးအေရွ႕၊အေနာက္ပိုင္း ကင္မရာ၅လုံးပါတဲ့ ဖုန္းျဖစ္လာမွာပါ။ ဘာေၾကာင့္လဲဆိုရင္ Huawei ကထြက္ရွိထားတဲ့ ဖုန္းျဖစ္တဲ့ P20 Pro ဟာေနာက္ေက်ာဘက္မွာ ကင္မရာ ၃လုံးတပ္ဆင္ထားတယ္ဆိုေပမယ့္၊ အေရွ႕ဘက္မွာေတာ့ ကင္မရာ၁လုံးသာ တပ္ဆင္ထားတာေၾကာင့္ ျဖစ္ပါတယ္။ V40 စမတ္ဖုန္းသစ္ရဲ႕ ေရွ႕ကင္မရာ၂လုံးဟာ face unlock စြမ္းေဆာင္မႈအျပင္ 3D face mapping အတြက္ပါ အသုံးျပဳႏုိင္မယ္လို႔ ဆိုပါတယ္။

Unicode

စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ LG အနေနဲ့ ယခုနှစ်အတွင်း V စီးရီးစမတ်ဖုန်း၂လုံးကို မိတ်ဆက်ထုတ်လုပ်သွားခဲ့ပါတယ်။ အဲ့ဒီဖုန်းတွေကတော့   V30S ThinQ နဲ့ V35 ThinQ တို့ပဲဖြစ်ပါတယ်။ စမတ်ဖုန်းသစ်တွေဟာ V30 စမတ်ဖုန်းတွေရဲ့ မျိုးဆက်သစ်ဖုန်းတွေလို့ ဆိုပေမယ့် အရမ်းကြီးထူးခြားပြောင်းလဲသွားတဲ့ လုပ်ဆောင်ချက်တွေ မပါဝင်လာပါဘူး။ ဒါကြောင့် ကိုရီးယားကုမ္ပဏီအနေနဲ့ နောက်ထပ်စမတ်ဖုန်း သစ်တမျိုးကိုထပ်မံထုတ်လုပ်နိုင်ဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ ဆိုပါတယ်။ LG အနေနဲ့ထပ်မံထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိနေတဲ့ စမတ်ဖုန်းကတော့ LG V40 ဖြစ်ပြီးသူ့မှာ ကင်မရာ ၅လုံးတောင် တပ်ဆင်လာမယ်လို့ သိရပါတယ်။

နောက်ကျောဘက်မှာ ကင်မရာ၃လုံး၊အရှေ့ဘက်မှာ ကင်မရာ၂လုံးတပ်ဆင်ထားမှာပါ။ ပရိုဆက်ဆာအနေနဲ့ Qualcomm ရဲ့ Snapdragon 845 chipset ကိုသုံးလာမှာဖြစ်ပြီး LG ရဲ့quad-DAC နည်းပညာကိုပါ ထည့်သွင်းလာပါလိမ့်မယ်။Google Assistant အတွက် ခလုတ်လေးလည်း ထည့်သွင်းပေးထားမယ်လို့သိရပါတယ်။ ThinQ လုပ်ဆောင်ချက်ပါဝင်လာဖို့ကတော့ သေချာသလောက်ရှိနေပါတယ်။ ThinQ ဟာ AI Cam အမျိုးအစားဖြစ်ပြီး ကင်မရာမြင်ကွင်းမှ အရာဝတ္ထုများကို သိနားလည်ပြီး လိုက်ဖက်တဲ့ ကင်မရာ Settings ကို ချိန်ညှိပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဉာဏ်ရည်တု နည်းပညာ ဖြစ်ပါတယ်။

တကယ်လို့ LG အနေနဲ့ ကင်မရာ၅လုံးသာ V40 မှာတပ်ဆင်လာနိုင်မယ်ဆိုရင် စမတ်ဖုန်းတွေထဲမှာ ပထမဆုံးအရှေ့၊အနောက်ပိုင်း ကင်မရာ၅လုံးပါတဲ့ ဖုန်းဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုရင် Huawei ကထွက်ရှိထားတဲ့ ဖုန်းဖြစ်တဲ့ P20 Pro ဟာနောက်ကျောဘက်မှာ ကင်မရာ ၃လုံးတပ်ဆင်ထားတယ်ဆိုပေမယ့်၊ အရှေ့ဘက်မှာတော့ ကင်မရာ၁လုံးသာ တပ်ဆင်ထားတာကြောင့် ဖြစ်ပါတယ်။ V40 စမတ်ဖုန်းသစ်ရဲ့ ရှေ့ကင်မရာ၂လုံးဟာ face unlock စွမ်းဆောင်မှုအပြင် 3D face mapping အတွက်ပါ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Leave a Reply