Galaxy Note 9 ကိုၾသဂုတ္ ၉ ရက္ေန႔တြင္မိတ္ဆက္မွာ ေသခ်ာၿပီ

0
1368

Galaxy Note 9 ကို ၾသဂုတ္လ ၉ ရက္ေန႔မွာ မိတ္ဆက္ဖို႔ ေသခ်ာသြားပါၿပီ။ သူ႔ရဲ႕ သတင္းမ်ားစြာဟာလည္း ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ သူ႔ကို မိတ္ဆက္ပြဲအတြက္ ဖိတ္စာမ်ားကိုလည္း ဆမ္ေဆာင္းက ေ၀ငွထားပါၿပီ။ နယူးေယာက္ စီးတီးမွာ Galaxy Unpacked Event ကို ျပဳလုပ္မွာျဖစ္ပါတယ္။ ဒီႏွစ္ Note မိတ္ဆက္ပြဲဟာ ယခင္ႏွစ္က မိတ္ဆက္တဲ့ အခ်ိန္ထက္ အနည္းငယ္ ေစာေနပါတယ္။ ဒါေပမယ့္ ၾသဂုတ္လ ၉ ရက္ေန႔မွာ ေၾကညာမယ္လို႔ ယခင္က သတင္းထြက္ခဲ့တာ မွန္ေနပါတယ္။ Note 8 ကို ယခင္ႏွစ္ ၾသဂုတ္လ ၂၃ ရက္ေန႔မွာ ေၾကညာခဲ့ပါတယ္။ Note 7 ကိုေတာ့ ၾသဂုတ္လ ၂ ရက္ေန႔မွာ ေစာစီးစြာ ျပသခဲ့တာ ျဖစ္ပါတယ္။

ထံုးစံအတုိင္းပဲ ဖိတ္စာမွာ အဲဒီ စမတ္ဖုန္းရဲ႕ သတင္းအခ်က္အလက္အခ်ိဳ႕ကို အရိပ္အျမြက္ ျပသထားပါတယ္။ ဒီတစ္ခါမွာေတာ့ ဖုန္း အစိတ္အပိုင္းတစ္ခုကို Zoom ဆြဲၿပီး အနီးကပ္ရိုက္ထားပါတယ္။ ဘာလဲဆိုတာေတာ့ ေသခ်ာ မျမင္ရပါဘူး။ S Pen ရဲ႕ အစိတ္အပိုင္း တစ္ခု ျဖစ္မယ္လို႔ ထင္ရပါတယ္။ S Pen ကိုင္ဖူးသူမ်ားေတာ့ သိၾကမွာပါ။

အထက္ေဖာ္ျပပါ ဖိတ္စာမွ ဓါတ္ပံုဟာ ဘာျဖစ္ႏုိုင္သလဲ ဆိုတာ စာဖတ္သူ မန္႔သြားပါဦး။ Note 9 နဲ႔ ပတ္သက္တဲ့ ေပါက္ၾကား သတင္းမ်ားအားလံုးကို ဒီလင့္မွာ ဖတ္ႏုိင္ပါတယ္။

unicode

Galaxy Note 9 ကိုသြဂုတ် ၉ ရက်နေ့တွင်မိတ်ဆက်မှာ သေချာပြီ

Galaxy Note 9 ကို သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်ဖို့ သေချာသွားပါပြီ။ သူ့ရဲ့ သတင်းများစွာဟာလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့ကို မိတ်ဆက်ပွဲအတွက် ဖိတ်စာများကိုလည်း ဆမ်ဆောင်းက ဝေငှထားပါပြီ။ နယူးယောက် စီးတီးမှာ Galaxy Unpacked Event ကို ပြုလုပ်မှာဖြစ်ပါတယ်။ ဒီနှစ် Note မိတ်ဆက်ပွဲဟာ ယခင်နှစ်က မိတ်ဆက်တဲ့ အချိန်ထက် အနည်းငယ် စောနေပါတယ်။ ဒါပေမယ့် သြဂုတ်လ ၉ ရက်နေ့မှာ ကြေညာမယ်လို့ ယခင်က သတင်းထွက်ခဲ့တာ မှန်နေပါတယ်။ Note 8 ကို ယခင်နှစ် သြဂုတ်လ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ Note 7 ကိုတော့ သြဂုတ်လ ၂ ရက်နေ့မှာ စောစီးစွာ ပြသခဲ့တာ ဖြစ်ပါတယ်။

ထုံးစံအတိုင်းပဲ ဖိတ်စာမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်အချို့ကို အရိပ်အမြွက် ပြသထားပါတယ်။ ဒီတစ်ခါမှာတော့ ဖုန်း အစိတ်အပိုင်းတစ်ခုကို Zoom ဆွဲပြီး အနီးကပ်ရိုက်ထားပါတယ်။ ဘာလဲဆိုတာတော့ သေချာ မမြင်ရပါဘူး။ S Pen ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်မယ်လို့ ထင်ရပါတယ်။ S Pen ကိုင်ဖူးသူများတော့ သိကြမှာပါ။

အထက်ဖော်ပြပါ ဖိတ်စာမှ ဓါတ်ပုံဟာ ဘာဖြစ်နိုင်သလဲ ဆိုတာ စာဖတ်သူ မန့်သွားပါဦး။ Note 9 နဲ့ ပတ်သက်တဲ့ ပေါက်ကြား သတင်းများအားလုံးကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။

Leave a Reply