Posted on Leave a comment

Flyme Red အေရာင္ ထြက္လာတဲ့ Xiaomi Redmi Note 5

Xiaomi က 4GB RAM / 64GB Storage မ်ား ထည့္သြင္းထားတဲ့ Redmi Note 5 ရဲ႕ Flyme Red အေရာင္ကို တရုတ္မွာ ေရာင္းခ်ေပးလိုက္ပါတယ္။ ေစ်းႏႈန္းကေတာ့ ယြမ္ ၁၃၉၉ ျဖစ္ၿပီး ၂၁၃ ေဒၚလာ ၀န္းက်င္ ရွိပါတယ္။ အရင္ကေတာ့ အနက္၊ ႏွင္းဆီ ေရႊ၊ အျပာနဲ႔ ေရႊေရာင္မ်ားကို ေရာင္းခ်ေပးခဲ့တာပါ။ အဲဒီဖုန္းအတြက္ စုစုေပါင္း အေရာင္ ငါးမ်ိဳး ထြက္ရွိထားပါၿပီ။

Redmi Note 5 ဟာ Xiaomi ရဲ႕ တန္ဖိုးနည္း စမတ္ဖုန္းေတြထဲက တစ္လုံး ျဖစ္ပါတယ္။ Redmi Note 5 ကို ၿပီးခဲ့တဲ့ မတ္လတုန္းက စတင္မိတ္ဆက္ခဲ့တာပါ။ သူ႔မွာ ၅.၉၉ လက္မ 1080x2160p Display ထည့္သြင္းထားၿပီး FullView Display ပါပါတယ္။ Chipset ကေတာ့ Snapdragon 636 ျဖစ္ပါတယ္။

အေနာက္ဘက္မွာ ကင္မရာႏွစ္လံုးကို ေဒါင္လိုက္တပ္ဆင္ထားတာက iPhone X ရဲ႕ ဒီဇိုင္းနဲ႔ ဆင္တူပါတယ္။ ကင္မရာမ်ားက 12MP+5MP မ်ား ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 13MP Camera တစ္လံုး ပါပါတယ္။

သူ႔မွာ 256GB အထိ ၀င္ဆန္႔တဲ့ microSD Card စိုက္ႏုိင္ပါတယ္။ အရြယ္ႀကီး 4000mAh Battery ကို အေသတပ္ဆင္ထားပါတယ္။ မ်က္ႏွာျပင္ကို Corning Gorilla Glass ျဖင့္ ကာကြယ္ထားပါတယ္။ Hybrid Dual SIM Slot ထည့္သြင္းထားပါတယ္။

unicode

Flyme Red အရောင် ထွက်လာတဲ့ Xiaomi Redmi Note 5

Xiaomi က 4GB RAM / 64GB Storage များ ထည့်သွင်းထားတဲ့ Redmi Note 5 ရဲ့ Flyme Red အရောင်ကို တရုတ်မှာ ရောင်းချပေးလိုက်ပါတယ်။ ဈေးနှုန်းကတော့ ယွမ် ၁၃၉၉ ဖြစ်ပြီး ၂၁၃ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။ အရင်ကတော့ အနက်၊ နှင်းဆီ ရွှေ၊ အပြာနဲ့ ရွှေရောင်များကို ရောင်းချပေးခဲ့တာပါ။ အဲဒီဖုန်းအတွက် စုစုပေါင်း အရောင် ငါးမျိုး ထွက်ရှိထားပါပြီ။

Redmi Note 5 ဟာ Xiaomi ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းတွေထဲက တစ်လုံး ဖြစ်ပါတယ်။ Redmi Note 5 ကို ပြီးခဲ့တဲ့ မတ်လတုန်းက စတင်မိတ်ဆက်ခဲ့တာပါ။ သူ့မှာ ၅.၉၉ လက်မ 1080x2160p Display ထည့်သွင်းထားပြီး FullView Display ပါပါတယ်။ Chipset ကတော့ Snapdragon 636 ဖြစ်ပါတယ်။

အနောက်ဘက်မှာ ကင်မရာနှစ်လုံးကို ဒေါင်လိုက်တပ်ဆင်ထားတာက iPhone X ရဲ့ ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ ကင်မရာများက 12MP+5MP များ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 13MP Camera တစ်လုံး ပါပါတယ်။

သူ့မှာ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အရွယ်ကြီး 4000mAh Battery ကို အသေတပ်ဆင်ထားပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။ Hybrid Dual SIM Slot ထည့်သွင်းထားပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.