Apple Face ID ထက္ ၁၀ ဆ ပိုမိုတိက်တဲ့ 3D Sensing နည္းပညာကို Vivo မိတ္ဆက္

0
1529

Vivo က 3D Sensing နည္းပညာ အသစ္ကို ေၾကညာလိုက္ၿပီး Apple Face ID ထက္ ၁၀ ဆ ပိုမိုတိက်တယ္လို႔ ေျပာပါတယ္။ Vivo က သူ႔ရဲ႕ Time of Flight (TOF) စနစ္ဟာ မ်က္ႏွာကို သံုးဖက္ျမင္စနစ္ျဖင့္ အာရံုခံဖုိ႔အတြက္ ေဒတာ ပြိဳင့္ေပါင္း ၃၀၀ ၀၀၀ ကို အသံုးျပဳတယ္လို႔ ေျပာပါတယ္။ Apple Face ID ကေတာ့ ေဒတာ ပြိဳင့္ေပါင္း ၃၀ ၀၀၀ ကိုသာ ေကာက္ယူပါတယ္။

TOF စနစ္က သူ႔အေရွ႕ သံုးမီတာ အကြာအတြင္းမွ အရာ၀တၳဳမ်ားကို တိက်စြာ ခြဲျခမ္းစိတ္ျဖာႏုိင္တယ္လို႔ Vivo က ေျပာပါတယ္။ ဒီနည္းပညာဟာ 3D Photography , AR , မ်က္ႏွာ၊ Gesture နဲ႔ လႈပ္ရွားမႈကို အာရံုခံျခင္းမ်ားမွာ အလြန္တိုးတက္လာေစမယ္လို႔ ကုမၸဏီက ေျပာပါတယ္။ ေနာက္မ်ိဳးဆက္ စမတ္ ကိရိယာမ်ားရဲ႕ စြမ္းရည္ကို ပိုမို တိုးျမွင့္ေပးမွာပါ။

“ ယခင္ႏွစ္က မိတ္ဆက္ခဲ့တဲ့ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ကေန မၾကာခင္က ျပသခဲ့တဲ့ ေဘာင္ေပ်ာက္ Vivo NEX ၊ ယခု TOF 3D Sensing နည္းပညာမ်ားအထိ Vivo ဟာ ထူးျခားဆန္းသစ္တဲ့ နည္းပညာမ်ားကို ဖန္တီးေနပါတယ္။ အနာဂတ္မွာ Consumer မ်ားကို AI က ကူညီႏုိင္ေအာင္လည္း ျပဳလုပ္ေပးမွာပါ။ “ လို႔ Vivo ရဲ႕ အႀကီးတန္း ဒုတိယ ဥကၠဌ Alex Feng က ေျပာပါတယ္။

Vivo က သူ႔ရဲ႕ TOF နည္းပညာဟာ Concept အဆင့္ မဟုတ္ေတာ့ေပမယ့္ စမတ္ဖုန္းမ်ားမွာ ထည့္သြင္း ေရာင္းခ်ဖို႔ အခ်ိန္ေတာ့ လိုပါေသးတယ္။ ေဒတာ ပြိဳင့္မ်ား ပိုမို မ်ားျပားလာတာဟာ လံုျခံဳေရးနဲ႔ တိက်မႈကို ပိုမို ေကာင္းလာေစမလားဆိုတာေတာ့ မသိရေသးပါဘူး။

unicode

Apple Face ID ထက် ၁၀ ဆ ပိုမိုတိကျတဲ့ 3D Sensing နည်းပညာကို Vivo မိတ်ဆက်

Vivo က 3D Sensing နည်းပညာ အသစ်ကို ကြေညာလိုက်ပြီး Apple Face ID ထက် ၁၀ ဆ ပိုမိုတိကျတယ်လို့ ပြောပါတယ်။ Vivo က သူ့ရဲ့ Time of Flight (TOF) စနစ်ဟာ မျက်နှာကို သုံးဖက်မြင်စနစ်ဖြင့် အာရုံခံဖို့အတွက် ဒေတာ ပွိုင့်ပေါင်း ၃၀၀ ၀၀၀ ကို အသုံးပြုတယ်လို့ ပြောပါတယ်။ Apple Face ID ကတော့ ဒေတာ ပွိုင့်ပေါင်း ၃၀ ၀၀၀ ကိုသာ ကောက်ယူပါတယ်။

TOF စနစ်က သူ့အရှေ့ သုံးမီတာ အကွာအတွင်းမှ အရာဝတ္ထုများကို တိကျစွာ ခွဲခြမ်းစိတ်ဖြာနိုင်တယ်လို့ Vivo က ပြောပါတယ်။ ဒီနည်းပညာဟာ 3D Photography , AR , မျက်နှာ၊ Gesture နဲ့ လှုပ်ရှားမှုကို အာရုံခံခြင်းများမှာ အလွန်တိုးတက်လာစေမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ နောက်မျိုးဆက် စမတ် ကိရိယာများရဲ့ စွမ်းရည်ကို ပိုမို တိုးမြှင့်ပေးမှာပါ။

“ ယခင်နှစ်က မိတ်ဆက်ခဲ့တဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ကနေ မကြာခင်က ပြသခဲ့တဲ့ ဘောင်ပျောက် Vivo NEX ၊ ယခု TOF 3D Sensing နည်းပညာများအထိ Vivo ဟာ ထူးခြားဆန်းသစ်တဲ့ နည်းပညာများကို ဖန်တီးနေပါတယ်။ အနာဂတ်မှာ Consumer များကို AI က ကူညီနိုင်အောင်လည်း ပြုလုပ်ပေးမှာပါ။ “ လို့ Vivo ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ Alex Feng က ပြောပါတယ်။

Vivo က သူ့ရဲ့ TOF နည်းပညာဟာ Concept အဆင့် မဟုတ်တော့ပေမယ့် စမတ်ဖုန်းများမှာ ထည့်သွင်း ရောင်းချဖို့ အချိန်တော့ လိုပါသေးတယ်။ ဒေတာ ပွိုင့်များ ပိုမို များပြားလာတာဟာ လုံခြုံရေးနဲ့ တိကျမှုကို ပိုမို ကောင်းလာစေမလားဆိုတာတော့ မသိရသေးပါဘူး။

Leave a Reply