2017 iPhone X မွာတုန္းက ေအာက္ေဘာင္ေတြမပါဘဲ ၂၀၁၈ စမတ္ဖုန္းေတြမွာဘာလို႕ပါေနရတာလဲ

0
3823

Zawgyi Version

ကၽြန္ေတာ္တို႕ေတြ ၂၀၁၈ ကို တစ္၀က္က်ိဳးေရာက္ခဲ့ျပီ။ ဒီႏွစ္ရဲ႕ စမတ္ဖုန္းအသစ္ေတြမွာ ေရစီးေၾကာင္းတစ္ခုေခတ္စားေနပါတယ္။ ဒါကေတာ့ notch ေလးေတြကို ဖုန္းထိပ္တုိင္းမွာ ေတြ႕ျမင္ေနရတာပါပဲ။

၂၀၁၇ အဆံုးသတ္ေလာက္မွာ iPhone X ယူေဆာင္လာခဲ့တဲ့ trend ေနာက္ကိုလိုက္ျပီးေတာ့ ဖုန္းအေတာ္မ်ားမ်ားက notch ေလးကို လုပ္ေဆာင္လာၾကတာ ျဖစ္ပါတယ္။

စစခ်င္းေတာ့ ေပ်ာ္စရာေကာင္းပါတယ္။ Notch ေလးေတြကို မ်က္ႏွာျပင္အျပည့္ျဖစ္ေအာင္လုပ္မယ္ဆိုျပီးေတာ့ ေတြးထားလို႕ပါ။ ဒါေပမယ့္လည္း အေပၚလြတ္သြားေတာ့လည္း ေအာက္္ဘက္မွာ ေနရာယူထားျပန္ပါတယ္။

Notch နဲ႕ဆန္႕က်င္ဘက္ေနရာကိုေတာ့ chin လို႕ေခၚၾကပါတယ္။ ဒါကေတာ့ Android ေတြမွာ ေတြ႕ျမင္ေနရတဲ့ အခက္အခဲျဖစ္ပါတယ္။ iPhone X မွာလား။ အဲေလာက္မရွိပါဘူး။

အေၾကာင္းရင္းကေတာ့ YouTuber MKBHD ကလည္း ေျပာထားျပီးသားပါပဲ။ Android ဖုန္းေတြမွာ chin ပါေနရတဲ့အေၾကာင္းရင္းကေတာ့ smartphone display အလုုပ္လုပ္ပံုေၾကာင့္ပါပဲ။

smartphone display ေတြဟာ ဖုန္းရဲ႕အတြင္းပုိင္းကေန on-screen pixel ေတြအထိ ပံုရိပ္ေတြဘယ္လိုသယ္ေဆာင္လာေပးသလဲဆိုတာ ေတြးၾကည့္ဖူးရဲ႕လား။ ၾကိဳးျပားေသးေသးေလးကို ဖုန္းရဲ႕ motherboard မွာ ဆက္သြယ္ထားျပီးေတာ့ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ နည္းပညာအလိုအရ ေအာက္ဘက္မွာ ေဘာင္အေသးေလး ခ်န္ထားေပးရပါတယ္။ ေသးေအာင္ေတာ့လုပ္ႏုိင္ေပမယ့္လည္း ေပ်ာက္ေအာင္ေတာ့ မလုပ္ႏုိင္ေသးပါဘူး။

Apple ကေတာ့ iPhone ေတြရဲ႕ေအာက္ေဘာင္ေတြကို ဘယ္္လိုမ်ိဳးမွာ လုပ္ေဆာင္ခဲ့တာလဲ။ ရိုးရွင္းပါတယ္။ ဒါေပမယ့္လည္း ဒါေပမယ့္ေပါ့။

Display နဲ႕ ေအာက္ဘက္မွာခ်ိတ္ဆက္ထားတဲ့ၾကိဳးကို ေပ်ာက္ေအာင္လုပ္ဖို႕အတြက္ဆိုရင္ Apple က ေကြးညြတ္ႏုိင္တဲ့ display ကို ဖန္တီးခဲ့တာပါ။ ဒါေၾကာင့္ ၾကိဳးက display ရဲ႕ အေနာက္ဘက္ကို ေရာက္သြားပါတယ္။ ေအာက္ေဘာင္ကို ဒီလိုနည္းလမ္းနဲ႕ ဖယ္ရွားခဲ့တာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို OnePlus co-founder Carl Pei က ေျပာခဲ့ဖူးပါတယ္။

iPhone ရဲ႕ display ဟာ အေနာက္ဘက္ကို ေကြးညြတ္သြားေအာင္လုပ္ႏုိင္ျခင္းအတြက္လည္း ေစ်းကၾကီီးျမင့္ပါတယ္။ ဒါေၾကာင့္ သာမန္ဖုန္းေတြမလုပ္ေဆာင္ႏုိင္တာျဖစ္ပါတယ္။ ေဒၚလာ၁၀၀၀ ေလာက္ က်သင့္္သြားရပါတယ္။

ဒီေတာ့ ေသခ်ာသြားေအာင္ MKBHD ဗီြဒီယိုေလးကို ၾကည့္လိုက္ပါ။ ဘယ္လိုေတြလုပ္ေဆာင္ထားသလဲဆိုတာ မ်က္ျမင္ေတြ႕ရပါလိမ့္မယ္။

Unicode Version

ကျွန်တော်တို့တွေ ၂၀၁၈ ကို တစ်ဝက်ကျိုးရောက်ခဲ့ပြီ။ ဒီနှစ်ရဲ့ စမတ်ဖုန်းအသစ်တွေမှာ ရေစီးကြောင်းတစ်ခုခေတ်စားနေပါတယ်။ ဒါကတော့ notch လေးတွေကို ဖုန်းထိပ်တိုင်းမှာ တွေ့မြင်နေရတာပါပဲ။
၂၀၁၇ အဆုံးသတ်လောက်မှာ iPhone X ယူဆောင်လာခဲ့တဲ့ trend နောက်ကိုလိုက်ပြီးတော့ ဖုန်းအတော်များများက notch လေးကို လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။
စစချင်းတော့ ပျော်စရာကောင်းပါတယ်။ Notch လေးတွေကို မျက်နှာပြင်အပြည့်ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ တွေးထားလို့ပါ။ ဒါပေမယ့်လည်း အပေါ်လွတ်သွားတော့လည်း အောက်ဘက်မှာ နေရာယူထားပြန်ပါတယ်။
Notch နဲ့ဆန့်ကျင်ဘက်နေရာကိုတော့ chin လို့ခေါ်ကြပါတယ်။ ဒါကတော့ Android တွေမှာ တွေ့မြင်နေရတဲ့ အခက်အခဲဖြစ်ပါတယ်။ iPhone X မှာလား။ အဲလောက်မရှိပါဘူး။
အကြောင်းရင်းကတော့ YouTuber MKBHD ကလည်း ပြောထားပြီးသားပါပဲ။ Android ဖုန်းတွေမှာ chin ပါနေရတဲ့အကြောင်းရင်းကတော့ smartphone display အလုပ်လုပ်ပုံကြောင့်ပါပဲ။
smartphone display တွေဟာ ဖုန်းရဲ့အတွင်းပိုင်းကနေ on-screen pixel တွေအထိ ပုံရိပ်တွေဘယ်လိုသယ်ဆောင်လာပေးသလဲဆိုတာ တွေးကြည့်ဖူးရဲ့လား။ ကြိုးပြားသေးသေးလေးကို ဖုန်းရဲ့ motherboard မှာ ဆက်သွယ်ထားပြီးတော့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာအလိုအရ အောက်ဘက်မှာ ဘောင်အသေးလေး ချန်ထားပေးရပါတယ်။ သေးအောင်တော့လုပ်နိုင်ပေမယ့်လည်း ပျောက်အောင်တော့ မလုပ်နိုင်သေးပါဘူး။
Apple ကတော့ iPhone တွေရဲ့အောက်ဘောင်တွေကို ဘယ်လိုမျိုးမှာ လုပ်ဆောင်ခဲ့တာလဲ။ ရိုးရှင်းပါတယ်။ ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့။
Display နဲ့ အောက်ဘက်မှာချိတ်ဆက်ထားတဲ့ကြိုးကို ပျောက်အောင်လုပ်ဖို့အတွက်ဆိုရင် Apple က ကွေးညွတ်နိုင်တဲ့ display ကို ဖန်တီးခဲ့တာပါ။ ဒါကြောင့် ကြိုးက display ရဲ့ အနောက်ဘက်ကို ရောက်သွားပါတယ်။ အောက်ဘောင်ကို ဒီလိုနည်းလမ်းနဲ့ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို OnePlus co-founder Carl Pei က ပြောခဲ့ဖူးပါတယ်။
iPhone ရဲ့ display ဟာ အနောက်ဘက်ကို ကွေးညွတ်သွားအောင်လုပ်နိုင်ခြင်းအတွက်လည်း ဈေးကကြီးမြင့်ပါတယ်။ ဒါကြောင့် သာမန်ဖုန်းတွေမလုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ ဒေါ်လာ၁၀၀၀ လောက် ကျသင့််သွားရပါတယ်။
ဒီတော့ သေချာသွားအောင် MKBHD ဗွီဒီယိုလေးကို ကြည့်လိုက်ပါ။ ဘယ်လိုတွေလုပ်ဆောင်ထားသလဲဆိုတာ မျက်မြင်တွေ့ရပါလိမ့်မယ်။

Leave a Reply