18:9 Screen ပါတဲ့တန္ဖုိးနည္း Honor 7S

0
1375

ဟြာေ၀းက ၿဗိတိန္မွာ တန္ဖိုးနည္း Honor 7S ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Argos , Three နဲ႔ Honor Store တို႔ကေန ၀ယ္ယူႏုိင္ပါၿပီ။ စတာလင္ေပါင္ ၉၉ သာ သတ္မွတ္ထားတဲ့အတြက္ ျမန္မာေငြ ၁၈၀ ၀၀၀ ၀န္းက်င္သာ က်သင့္ပါတယ္။

သူဟာ Honor 7A ထက္ေတာင္ ေစ်းေပါပါတယ္။ သူ႔မွာ ၅.၄၅ လက္မ 720x1440p Display ထည့္သြင္းထားၿပီး ေခတ္စားေနတဲ့ 18:9 အခ်ိဳးကို သံုးထားပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားဟာ ပါးလႊာေပမယ့္ တန္ဖိုးႀကီး ဖုန္းမ်ားမွာထက္ ထူထဲပါတယ္။

အေနာက္ဘက္မွာ 13MP Camera နဲ႔ အေရွ႕ဘက္မွာ 5MP Camera မ်ား ထည့္ေပးထားၿပီး LED Flash တစ္လံုးစီ ပူးတြဲ တပ္ဆင္ေပးထားပါတယ္။ အေရွ႕ဘက္ LED Flash မွာ Selfie Light စြမ္းရည္လည္း ပါပါတယ္။ သူ႔မွာ 1.5GHz Quad-Core MediaTek MT6739 Chipset ထည့္သြင္းထားပါတယ္။ 2GB RAM , 16GB Internal Storage မ်ား ပါပါတယ္။ ဘက္ထရီက 3020mAh ျဖစ္ပါတယ္။

Dual SIM Phone ျဖစ္ၿပီး microSD Card Slot တစ္ခု သီးျခား ထည့္သြင္းေပးထားပါတယ္။ ဆူညံတဲ့ ပတ္၀န္းက်င္မွာ ဖုန္းေျပာတဲ့ အခါမွာ အသံၾကည္လင္ျပတ္သားၿပီး က်ယ္ေလာင္ေစတဲ့ Loud Voice Call လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။ Specifications မ်ားကေတာ့ အေျခခံ အဆင့္သာ ရွိပါတယ္။

unicode

18:9 Screen ပါတဲ့တန်ဖိုးနည်း Honor 7S

ရှောင်မီက ဗြိတိန်မှာ တန်ဖိုးနည်း Honor 7S ကို ရောင်းချပေးလိုက်ပါတယ်။ Argos , Three နဲ့ Honor Store တို့ကနေ ဝယ်ယူနိုင်ပါပြီ။ စတာလင်ပေါင် ၉၉ သာ သတ်မှတ်ထားတဲ့အတွက် မြန်မာငွေ ၁၈၀ ၀၀၀ ဝန်းကျင်သာ ကျသင့်ပါတယ်။

သူဟာ Honor 7A ထက်တောင် ဈေးပေါပါတယ်။ သူ့မှာ ၅.၄၅ လက်မ 720x1440p Display ထည့်သွင်းထားပြီး ခေတ်စားနေတဲ့ 18:9 အချိုးကို သုံးထားပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာ ပါးလွှာပေမယ့် တန်ဖိုးကြီး ဖုန်းများမှာထက် ထူထဲပါတယ်။

အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များ ထည့်ပေးထားပြီး LED Flash တစ်လုံးစီ ပူးတွဲ တပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက် LED Flash မှာ Selfie Light စွမ်းရည်လည်း ပါပါတယ်။ သူ့မှာ 1.5GHz Quad-Core MediaTek MT6739 Chipset ထည့်သွင်းထားပါတယ်။ 2GB RAM , 16GB Internal Storage များ ပါပါတယ်။ ဘက်ထရီက 3020mAh ဖြစ်ပါတယ်။

Dual SIM Phone ဖြစ်ပြီး microSD Card Slot တစ်ခု သီးခြား ထည့်သွင်းပေးထားပါတယ်။ ဆူညံတဲ့ ပတ်ဝန်းကျင်မှာ ဖုန်းပြောတဲ့ အခါမှာ အသံကြည်လင်ပြတ်သားပြီး ကျယ်လောင်စေတဲ့ Loud Voice Call လုပ်ဆောင်ချက်လည်း ပါပါတယ်။ Specifications များကတော့ အခြေခံ အဆင့်သာ ရှိပါတယ်။

Leave a Reply